Nan Khan

ပခုက္ကူကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို PDF တွေ တိုက်ခိုက်

“ထိခိုက်မှုတွေကိုတော့ စုံစမ်းနေဆဲပါ။ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ သူတို့က ပခုက္ကူဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားတယ်” လို့ သူက ဆိုပါတယ်။

ပခုက္ကူက စစ်ကောင်စီစခန်းတွေ Drone နဲ့ အပစ်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့စခန်းကို ကာကွယ်ရေး ၏တပ်ဖွဲ့တွေက နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ Drone နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Young Force - UG တပ်ဖွဲ့ဆီက သိရပါတယ်။

ရွှေထည်ပစ္စည်းတွေနဲ့ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား ၁ ဦးကို အရှင်ဖမ်းမိထား (ရုပ်/သံ)

ပေါက်-ပခုက္ကူကားလမ်းမပေါ်မှာ ကား ၈၆ စီးပါယာဉ်တန်းနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးဟာ အရပ်ဝတ်နဲ့ ထွက်ပြေးလာချိန် ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တိုးကာ နိုင်ဝင်ဘာ ၉ ရက်မှာ ဖမ်းဆီးခံလိုက်ရတာလို့ PDA ပြန်ကြားရေးတာဝန်ခံတဦးက ဆိုပါတယ်။

ယင်းမာပင်က ရဲတပ်ရင်း ၂၈ ကို PDF တွေ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

“လမ်းသွားလမ်းလာတွေကို တအားဆက်ကြေးကောက်တာ များလွန်းလို့၊ နောက်ပြီး ပြည်သူတွေသွားလာနေတဲ့ ကားတွေ ဆိုင်ကယ်တွေ စစ်ဆေးမေးမြန်းလုပ်ပြီးမှ ငွေကြေးကောက်ခံတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေလို့ ကျနော်တို့ အခုလိုလုပ်ရတာပါ”

ရေစကြိုက မြို့မရဲစခန်းနဲ့နေရာအချို့ကို တိုက်ခိုက်စီးနင်းခဲ့ပြီး လက်နက်ခဲယမ်းမလောက်လို့ ပြန်ဆုတ်ခဲ့ရ (ရုပ်/သံ)

ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီခွဲခန့်မှာ ရေစကြိုမြို့နယ်၊ နံ့သာဟေဝန်ပန်းခြံထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကအနီးကပ်သွားရောက်ပစ်ခတ်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၄ နာရီကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမှာ စစ်တပ်အထိုင်ချထားတဲ့ ရုံး ၄ ရုံးကို PDF တွေက လက်နက်ကြီးနဲ့ပစ်ခတ်

စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့တပ်စွဲထားတဲ့ ဆားလင်းကြီးမြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနဲ့ ဆေးရုံတို့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်နေ၊ စစ်တပ်က လေကြောင်းပစ်ကူဆက်တိုက်ပြုလုပ်

"မြို့တွင်းကိုတော့ မနေ့ကတည်းက ကာကွယ်ရေးတပ်တွေကဝင်စီးထားနိုင်တယ်။ စစ်ကောင်စီတပ်တွေကလည်း တောင်ပေါ်တွေမှာ နေရာယူထားတယ်။ ပြည်သူတွေတော့ အကုန်ရွေ့ဖို့ မနေ့ကတည်းက ကြေညာထားတယ်။" လို့ ထီးချိုင့်မြို့နယ်၊ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သား မင်္ဂလာဆောင်ကို PDF တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ သီလုံးကျေးရွာမှာ ကျင်းပနေတဲ့ စစ်ကောင်စီတပ်သား တဦးရဲ့ မင်္ဂလာပွဲကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၈ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိကျောင်းတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သား မင်္ဂလာဆောင်ကို PDF တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

“ရဲ**မင်္ဂလာဆောင်ရှိလို့ ကျနော်တို့ မဟာမိတ် Drone အဖွဲ့တွေကိုခေါ်ပြီး Drone ချခဲ့တယ်။ အဲ့ထဲမှာ ပြည်သူ့စစ် ၂ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သတင်းကြားတယ်။ ညဘက်ပစ်ခတ်မှုကြောင့် သေဆုံးမှုကိုတော့ လောလောဆယ် ရွာနားကပ်မရသေးတဲ့အတွက် မသိရသေးဘူး”

နဘားကျေးရွာ အုပ်ချုပ်ရေးမှူးကို KIA ဖမ်းဆီးသွားပြီးနောက် အဆက်သွယ်ပြတ်နေ

“သတ်လိုက်လား မသတ်လိုက်ဘူးလားဆိုတာ သူတို့ဘက်ကတော့ အကြောင်းမပြန်ဘူး။ ကျနော်တို့ထင်တာတော့ သတ်လိုက်ပြီးလို့ ထင်တယ်။ သတ်လိုက်ပြီး သူတို့လက်လွန်သွားပြီးမှ သူတို့အပစ် ဖြစ်မှာဆိုးလို့ အလောင်းကိုဖျောက်လိုက်တာလို့ဘဲ ထင်တယ်” လို့ ကိုအောင်ကိုဝင်းက ပြောပါတယ်။

ယင်းမာပင်ဘက်ကိုလာတဲ့ စစ်တပ်ယာဉ်တန်းကို PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေအပါအဝင် ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်တွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် အဲဒီယာဉ်တန်းကို လုံခြုံရေးယူလာပေးတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ၂ နာရီကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပုလဲမြို့ကထွက်လာတဲ့ ယာဉ်တန်းနဲ့ လုံခြုံရေးတပ်ဖွဲ့ကို ကာကွယ်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ကနေထွက်လာတဲ့ ယာဉ်တန်းကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ နိုဝင်ဘာ ၆ ရက် မနေ့က နေ့လယ် ၁၂ နာရီကျော်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဟိန္နက Local People Defence Force - YMB မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဆောမြို့မှာ စစ်တပ်က သေနတ်နဲ့ပစ်လို့ တရားဟောဆရာသားအဖ ၂ ဦးသေဆုံး

“သူ့သားက လည်ပင်းကိုထိမှန်တာ။ အဲဒါကို သူတို့က(စစ်ကောင်စီ)က ဆေးရုံပို့ဖို့လုပ်တာ မမီလိုက်ဘူး။ ဆုံးသွားတယ်။ အခုပစ်ခတ်မှုက ငြိမ်နေတယ်။ အလောင်းတွေကိုလည်း ပြန်မရသေးဘူး။ သူတို့ဆီမှာရှိတုန်းပဲ။”

ယင်းမာပင်က ရဲတပ်ရင်း ၂၈ ကို PDF တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်

“စခန်းဝန်းထဲ လက်နက်ကြီးတွေကျတော့ သူတို့တွေ အရှေ့ဘက်ကို ဝရုန်းသုန်းကား ထွက်ပြေးတာတွေ ရှိတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။”

စီလောင်ရွာက နေအိမ် ၃ လုံးကို စစ်တပ်ကမီးရှို့ပြီး အဘွားအိုတဦးပါ မီးထဲပါသေဆုံး

“အဘွားရဲ့အောက်တပိုင်းကတော့ မီးလောင်သွားတယ်။ အပေါ်ပိုင်းက ကျန်နေခဲ့တယ်။ သူတို့ အဘွားကိုမြင်ရက်နဲ့ပဲ မီးရှို့သွားတာလား၊ မမြင်ဘဲနဲ့ မီးရှို့သွားတာလားဆိုတာတော့ ကျနော်တို့လည်း ခန့်မှန်းမရဘူး။ အဘွားက သူ့သားအိမ်မှာနေတာ လူရော အိမ်ရော မီးရှို့သွားတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10