Nan Khan

ပြည်သူ့စစ်တွေကိုသင်တန်းပေးတဲ့ ဒုတပ်ကြပ်ကို မုံရွာမြို့နယ်ပလဖ ဖမ်းဆီး

"ကျနော်တို့ သတင်းရတာလည်းပါတယ်။ နောက်ပြီး ခရီးသည်တင်ကားတွေမှာ သူတို့ (စစ်ကောင်စီ) အရပ်သားအသွင်ယူပြီး သွားလာနေတာရှိတယ်။ ကျနော်တို့က မသင်္ကာတဲ့သူတွေဆို ဖုန်းတွေစစ်တယ်။ စစ်တဲ့အချိန်မှာ သူဖုန်းထဲကဖိုင်ထဲမှာဖွက်ထားတဲ့ **ယူနီဖောင်းနဲ့ပုံတွေ၊ သင်တန်းပေးတဲ့ ပုံတွေ တွေ့တယ် "

ကိုဝေမိုးနိုင်ဖမ်းဆီးခံရမှုမှာပါဝင်တဲ့ ရဲအရာခံဗိုလ်တဦးကို မုံရွာမြို့နယ် ပလဖ ဖမ်းဆီး

“ ဒီကောင့်ရဲ့ အထင်ရှားဆုံးအမှုတွေကတော့ မုံရွာပင်မသပိတ်ခေါင်းဆောင် ဝေမိုးနိုင်ကို သတင်းပေးတာ အဲ့ကောင်ပဲ။ ဘာလို့လဲဆိုတော့ ဝေမိုးနိုင်ဖမ်းဆီးထိန်းသိမ်းခံရတုန်းက အဲ့ဒီဘေးမှာ ကျနော်ရှိတယ်။ ကျနော်တို့သပိတ်စထွက်တဲ့နေရာနဲ့ သူဆိုင်နဲ့က မီတာဘယ်လောက်မှာမဝေးဘူး။ သပိတ်စတင်ပြီး လူစုနေပြီးဆိုတာနဲ့ စရဖ ကို လှမ်းပြီးဖုန်းဆက်တာ သူကိုယ်တိုင်ပါလို့ ဝန်ခံထားတယ်”

ကလေးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ စပါးစိုက်ပျိုးရန်ခက်ခဲနေ

“ကျနော်တို့ ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်လောက်ကတော့ လယ်တွေပြန်ထွန်ထားတယ်။ စိုက် မစိုက်ဖို့ကတော့ စစ်ကြောင်းပေါ်မူတည်တယ်။ ကျနော်တို့တောင်ပိုင်းက လယ်ထွန်လို့ ရသေးတယ်။ မြောက်ပိုင်းက လူတွေဆို လယ်တောင်ထွန် မရဘူး။ သူတို့အရင်လက စိုက်ထားတဲ့ နေကြာတွေ ၊ မြေပဲတွေတောင် မနုတ်ရဘူး”

စခန်းစွန့်ပြေးသွားတဲ့ ငလှိုင်တွင်းရွာက စစ်စခန်းကို  PDFက ရှင်းလင်း

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ငလှိုင်ကျေးရွာမှာ စစ်အာဏာမသိမ်းခင်ကတည်းက တပ်စွဲနေထိုင်နေတာဖြစ်ပြီး အခုနှစ်မေလ ၈ ရက်မှာ ရွာကနေထွက်ခွာသွားတာလို့ ဆိုပါတယ်။

ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့က ရဲတပ်သားတဦး ကျည်မျိုးစုံ ၉၀ ကျော်ယူလာပြီး PDF ထံ အလင်းဝင်

“ သင်္ကြန်ပြီးကတည်းက အလင်းဝင်ဖို့ဆက်သွယ်ခဲ့ပေမယ့် သူ့ဘက်ကထွက်ဖို့အဆင်မပြေတော့ အချိန်က ကြာသွားတာပေါ့နော်။ လက်နက်တွေလည်း ယူလာလို့မရတော့ ကျည်တွေပဲယူခဲ့ရတယ်။ လုံခြုံတဲ့နေရာဆီပို့ထားတယ်”

ရေဦးတိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

“လက်နက်ကြီးစက ထရံကနေပေါက်ပြီးတော့ သူ့ကုတင်ပေါ်ကျသွားတယ် ။ အဲ့မှာအစထိမှန်ပြီးဆုံးသွားတာ သူ့သားကတော့ မျက်ခုံးကိုထိသွားတယ်။ အခြားသူတွေကတော့ နဖူး၊ ခြေထောက်၊လက် ၊ဗိုက်တွေကိုထိသွားတယ် ”

မြောက်ခင်ရန်းရွာ ပျူစောထီးတွေက အိမ် ၃၀၀ ကျော်ကိုမီးရှို့ပြီး အဘိုးအို ၂ ဦးကို သတ်သွား

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ်တောင်ပိုင်းက ပျူစောထီးတွေပူးပေါင်းပြီး ရေသာရွာနဲ့ ရွှေဘိုရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားသလို ကျန်းမာရေးမကောင်းတဲ့အမျိုးသာ ၂ ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီမှ သိရပါတယ်။

မုံရွာ၊ အမှတ်(၇)စစ်မြေပြင်ဆေးတပ်ရင်းက တပ်သားတဦး လက်နက်နဲ့ အလင်းဝင်

“ ကျနော်စစ်တပ်ကို မကြိုက်တော့လို့ နောက်ပိုင်းလုပ်ဆောင်မှုတွေကိုလည်း မကြိုက်တော့ဘူး။ အဓိက က အဖွဲ့အစည်း စည်းလုံးညီညွတ်မှုလည်း မရှိတော့ဘူး။ ကြီးနိုင်ငယ်ညှင်းတွေလည်း လုပ်လာတယ်။ CDM မလုပ်သေးတဲ့ သူတွေကိုလည်း ကြိုဆိုပါတယ်”

ရွာရှည်ရွာကို စစ်တပ်က မီးရှို့ပြီး ဒေသခံ ၅ ဦးကိုပါ မီးရှို့သတ်

“မီးရှို့ခံထားရတဲ့ အလောင်းတွေကိုတော့ ပြာပုံပေါ်မှာ ပြန်တွေ့တာ။ သူတို့တွေက ပြေးမဲ့အချိန် စစ်ကြောင်း ၂ ကြောင်းက ဝင်လာတော့ ဖမ်းမိသွားတဲ့သဘော။ ရွာထဲမှာလည်း ဘုန်းကြီးကျောင်း တကျောင်းပဲ ကျန်ခဲ့တယ်”

ဝက်လက်မြို့ပေါ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ဦးကို ကင်းလှည့်လာတဲ့ စစ်အုပ်စုကသတ်သွား

ဝက်လက်မြို့၊ အမှတ် (၃) စိန်တွင်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကိုငြိမ်းချမ်းအောင်ဟာ မွေးရာပါ စိတ်မကျန်းမာသူတဦးဖြစ်ပြီး မြို့ထဲလမ်းလျှောက်နေစဉ် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား တွေကို သေနတ်နဲ့ ပစ်သတ်သွားသလို အလောင်းကိုလည်း မိသားစုဝင်တွေကို ပြန်မပေးဘဲ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

PDF ဒရုန်းသင်တန်းလုပ်တဲ့နေရာ ဗုံးကြဲခံရလို့ PDF ၃ ဦးအပါ ၆ ဦးသေဆုံး

“အခုလောလောဆယ်တော့ ၆ ယောက်ပဲ အတည်ပြုလို့ရသေးတယ်။ တချို့က ခေါင်းတွေတောင် မပါတော့ဘူး။ သေဆုံးတဲ့လူတွေထဲမှာ ၃ ယောက်က ခေါင်းတွေပွင့်သွားတယ်”

ရေစကြိုက ဒုရဲအုပ်မိသားစု လက်နက်နဲ့အလင်းဝင်

“ကျနော်တို့ မနက်ပိုင်းထွက်ပြီး သူထွက်လာတဲ့အချိန်ထိစောင့်တယ်။ စောင့်ပြီး ပြန်ခေါ်လာတယ်။ သက်ဆိုင်ရာမြို့နယ်ပကဖတွေကို ချိတ်ဆက်ထားတာဆိုတော့ လမ်းမှာအခက်အခဲမရှိဘဲနဲ့ ရောက်လာခဲ့တာပါ”

စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်ခံရ

“ရှော့ဒုံး ၇ လုံးရဲ့ ပေါက်ကွဲအားကြောင့် ထိခိုက်မှုပြင်းထန်နိုင်တယ်လို့ ယူဆရတယ်။ ရန်သူ့ဘက်က ထိခိုက် သေဆုံးမှုအခြေအနေအတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲပဲ ”

ရွှေဘိုထောင်က ခေါ်ထုတ်သွားတဲ့ နိုင်ကျဉ်း ၂ ဦး  ၅ ရက်ကြာထိ အဆက်အသွယ်မရသေး

နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် ၂၀၂၂ မှာ ထောင်ကျခဲ့တဲ့ အမျိုးသား ၂ ဦးကို စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ရွှေဘိုထောင်ကနေ ရွှေဘိုမြို့ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၈) ထဲကို မေ ၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီး ခေါ်သွားတယ်လို့ ဆိုပါတယ်။

ဆောနယ်မှာ လေယာဥ်ဗုံးကြဲခံရလို့ လူသေဆုံးမှုရှိပြီး ဘုန်းကြီးတပါးပျောက်နေ

“အထိအခိုက်ကတော့ အရမ်းများပါတယ်။ ရွာသားတွေကို ဆွဲထုတ်နေတုန်းပဲ။ ဒဏ်ရာရတဲ့ သူတွေကိုလည်း လိုက်ပြီးကယ်နေတုန်း။ ကျောင်းထိုင်ဘုန်းကြီးလည်း လောလောဆယ်ဆယ်ပျောက်နေတယ်။ ကျနော်တို့ အခုလိုက်ရှာနေတယ်။ သူတို့က ဘုန်းကြီးကျောင်းကိုအဓိကထားပြီး ပစ်သွားတာ ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10