Nan Khan

မုံရွာမှာ LPDF ရဲဘော် ၁ ဦး မြွေကိုက်ခံရပြီး ကွယ်လွန်

“သူနဲ့အတူ ရဲဘော်တယောက်လည်း ပါသွားတယ်။ သူက မြွေဟောက်ကိုက်ခံရတာလို့ ဆရာဝန်ဆေးစစ်ချက်အရ ယူဆရပါတယ်။ အဲဒီနေရာမှာတင် သတိလစ်မေ့မြောပြီး သတိပြန်လည် မလာတော့တာ။”

တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ လေယာဉ်ကို ထိမှန်ခဲ့ဟုဆို (ရုပ်/သံ)

" အချိန်ကာလအနေနဲ့ကတော့ လနဲ့ချီပြီး ယူခဲ့ရပါတယ်။ ကျနော်တို့ တောင်ငူလေဆိပ်ကိုတိုက်ခိုက်တာ ဒါ ပထမဆုံးအကြိမ်ပါ၊ အရင်ကတော့ မင်္ဂလာဒုံလေတပ်၊ မှော်ဘီလေတပ်၊ နေပြည်တော်ဧလာလေဆိပ်၊ မကွေးလေတပ်၊ တံတားဦးလေတပ်တို့ကိုတော့ တိုက်ခိုက်ခဲ့တာတွေရှိပါတယ်"

တောင်ငူလေတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ လေယာဉ်ကို ထိမှန်ခဲ့ဟုဆို

"၅ လုံးပစ်ခတ်တာ ၃ လုံးအောင်တယ်။ ၁ လုံးက လေယာဉ်ကိုထိတယ်။ နောက် ၁ လုံးက လက်နက်တပ် ဆင်ရုံကိုထိတယ်၊ နောက် ၁ လုံးက လေယာဉ်သိုလှောင်ရုံနဲ့ မလှမ်းမကမ်းကိုကျတယ်လို့ သိရပါတယ်"

မြင်းမူနယ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ် ထိတွေ့ပစ်ခတ်မှုဖြစ် (ရုပ်/သံ)

ဘုန်းကြီးကျောင်းဝန်းထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို မတ် ၁၃ ရက် ညနေ ၄ နာရီကျော်လောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က Drone ဗုံးသီး ၁၀ လုံး ၊ ၄၀ မမ လက်နက်ကြီး ၇ လုံး အပါအဝင် လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အစည်းအဝေးလုပ်ဖို့ပြင်နေချိန် စစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲလို့ CDM ကျောင်းဆရာတဦးသေဆုံး

“ဗုံးသီးက ပေါင် ၃၀၀ နဲ့ ၅၀၀ တခုခုပဲ၊ ၂ လုံးကြဲသွားတယ်။ သေဆုံးသူက အသက် ၃၀ အရွယ် အလယ်တန်းပြ CDM ကျောင်းဆရာတဦးပါ။ သူက အာဏာစသိမ်းကတည်းက CDM လုပ်ခဲ့တာပါ”

ကလေးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ နေအိမ် ၅ လုံးပျက်စီး

“နေအိမ်တလုံးဆို မနှစ်ကမှဆောက်ပြီးတာ။ ပြန်ကြည့်တော့ ရစရာကိုမရှိတော့ဘူး။ ဖြစ်နိုင်ရင် ရွာတွေဘက်ကို မပစ်ပါနဲ့လို့ပဲပြောချင်တယ်။ တိုက်ပွဲလည်းမရှိဘဲနဲ့ ဒီအတိုင်းလက်နက်ကြီးတွေနဲ့ ရမ်းထုနေတာ။ ကျနော်တို့လည်း ရွာထဲကိုဝင်မရဲတော့တဲ့အထိပဲ”

ဇီးဖြူကုန်းရွာက ပျူစောထီး ၄ ဦး စနိုက်ပါနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံး

“ကျနော်တို့ ကင်းပုန်းချထားတာကတော့ ၁ ပတ်လောက်ရှိပြီ။ သူတို့ ကုလားပဲလာသိမ်းတာနဲ့ ကျနော် တို့ကြိုတင်စောင့်ဆိုင်းနေတာနဲ့ ကွက်တိဖြစ်သွားတယ်။ ကျနော်တို့ပစ်လိုက်တော့ ၂ ဦးကတော့ ဝမ်းဗိုက်ထိသွားတယ်။ တယောက်ကတော့ ရင်ဘတ်ကိုထိသွားတယ်။ သူတို့ကျသွားတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်းကို မြင်ခဲ့ရတယ်”

ဆားလင်းကြီးမြို့လယ်မှာရှိတဲ့ ဒေါ်သန်းနွဲ့ကုန်စုံဆိုင်ကို စစ်တပ်က မီးရှို့သွား

ဆားလင်းကြီး မြို့မဆေးရုံနဲ့ ရဲစခန်းမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သူတို့အထိုင်ချထားတဲ့နေရာနဲ့ နေအိမ် ၃ လုံးအကွာလောက်မှာရှိတဲ့ ဒေါ်သန်းနွဲ့စျေးဆိုင်၊ နေအိမ်တလုံးနဲ့ ဂိုထောင်တလုံးတို့ကို လာရောက်မီးရှို့ဖျက်ဆီးသွားတာဖြစ်ပါတယ်။

နိုင်ငံတကာအမျိုးသမီးများနေ့မှာ လက်ပံတောင်းကျေးရွာက ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

“အခုလက်ရှိအချိန်ထိ စစ်အာဏာရှင်ကို ပြည်သူတွေက လက်မခံကြဘူး၊ ပြည်သူတွေ သွေးမအေးသေးဘူးဆိုတာကို ပြချင်တဲ့အတွက် အခုလိုဆန္ဒထုတ်ဖော်တာပါ”

လသားကလေးမိခင်နဲ့ ပြည်သူ ၄၀ ကျော်ကို ဖမ်းထားတဲ့ ဆားလင်းကြီးပလဖကို ဒေသခံတွေဆန္ဒပြ

“ပြည်သူတွေ အဲလိုလုပ်တတ်ဖို့ သူတို့ကအရင်ရှေ့က လုပ်ပြတာလေ။ အခုလည်း အဲဒီစက်ရုံထဲမှာ သူတို့ယူပြီးသားအကျန်တွေကို သွားယူတာကို ဖမ်းတယ်။ ပြန်လည်းမလွှတ်ပေးဘူး၊ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။ ကျမတို့ပြည်သူတွေက သူတို့ကို ၃ နှစ်ကျော်တဲ့အထိ လက်နက်တွေဝယ်ဖို့ထောက်ပံ့ပေးခဲ့တယ်။ အခုကျမတို့တွေ လုံးဝကိုငတ်ပြတ်နေလို့ သူတို့ယူပြီးသားအကျန်တွေကို သွားယူတာကိုဖမ်းတယ်။ သူတို့က စစ်**တွေထက်တောင်ဆိုးနေပြီလို့ ခံစားရတယ်”

အရာတော်မှာ ကင်းပုန်းစောင့်နေတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ ၁ ဦးသေဆုံး

“သေဆုံးမှု နဲ့ ဒဏ်ရာရတာတွေကို ဖရဲသီး (တပ်တွင်းသတင်းပေး) ကနေတဆင့်ကြားသိရတယ်။ ကျနော်တို့လည်း သူတို့ရှိနေတာကို ကြိုတင်သတင်းရထားလို့ သွားရောက်စောင့်ဆိုင်းပြီး လုပ်ဆောင် (တိုက်ခိုက်)ခဲ့တာပါ”

အရာတော် စခတ ၁၀ ကိုသွားမယ့်စစ်ကောင်စီကား ၂ စီးမိုင်းဆွဲခံရ

မုံရွာ-အရာတော်လမ်းပေါ်ရှိ ထူးရာရသေ့ကျောင်းကနေ စ.ခ.တ (၁၀) ကိုသွားမယ့် စစ်ကေင်စီရဲ့ သံပြားကား ၂ စီးကို ဒေသခံကာကွယ်ရေးတပ်တွေက ဝါးတန်းကျေးရွာကနေ မန်းကျီးသုံးပင်လမ်းလမ်းခွဲထိ လမ်းကြားမှာ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပခုက္ကူ ကန်တော်ရွာက စစ်ကောင်စီတပ်သားတွေ Rocketနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

မတ်လ ၃ ရက် ညနေ ၄ နာရီလောက်မှာ ကန်တော်ကျေးရွာမှာ အင်အား ၁၀၀ ကျော်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို Rocket သီးအလုံး ၅၀ ကျော်နဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ COBRA ONE Pakokku တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မြွေဟောက်က ပြောပါတယ်။

မြိုင်စီမံကိန်းရုံးနဲ့ တရားရုံးမှာ တိုက်ပွဲဖြစ် ဒုရဲအုပ်နဲ့ ရဲတဦးသေဆုံး (ရုပ်/သံ)

မတ် ၂ ရက် မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ ကာကွယ်ရေးအဖွဲ့တွေခွဲပြီး စီမံကိန်းရုံးနဲ့ တရားရုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စီမံကိန်းရုံးထိတွေ့တိုက်ပွဲမှာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲ ၁ ယောက်သေဆုံးပြီး ပျူနဲ့ စစ်သား ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

လှည့်ကင်းသိမ်းပြီးပြန်လာတဲ့ ရဲဘော် ၃ ဦးကို စစ်တပ်ကသတ်ခဲ့

“ မကျီးကန်မှာက ရဲဘော် ၆ ဦးရှိတယ်။ ၃ ဦးကရှေ့ကင်း၊ သူတို့ ၃ ဦးက ကင်းချိန်ပြီးတော့ ပြန်နားတဲ့အချိန် **တွေက လုံး၀မထင်မှတ်ထားတဲ့ လမ်းကနေဝင်လာပြီး ပစ်သတ်သွားတာ။ အဲ့ဒီရဲဘော် ၃ ဦးထဲမှာ တယောက်က နေမကောင်းဖြစ်နေတာ ကြာပြီ။ သူ့ကိုစောင့်ရင်း ပြန်လာတဲ့အချိန် အခုလိုဖြစ်သွားတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10