စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ၁၂ နှစ်အရွယ် ကလေးငယ်တဦး သေဆုံး
"ရဲတွေဘက်က လက်နက်ကြီး ၄ လုံးပစ်တာကို ရွာထဲကျတဲ့ ၂ လုံးထဲက ၁ လုံးက လူနေအိမ်ပေါ်ကိုကျပြီး ကလေးမလေးပွဲချင်းပြီး သေတာ၊ သူရဲ့အဘွားလည်း ဒဏ်ရာရသွားတယ်"
"ရဲတွေဘက်က လက်နက်ကြီး ၄ လုံးပစ်တာကို ရွာထဲကျတဲ့ ၂ လုံးထဲက ၁ လုံးက လူနေအိမ်ပေါ်ကိုကျပြီး ကလေးမလေးပွဲချင်းပြီး သေတာ၊ သူရဲ့အဘွားလည်း ဒဏ်ရာရသွားတယ်"
"Point B မိုင်းခွဲတဲ့ အချိန်မှာ စခတွေဘက်က ၅ ဦးအပြင်းအထန် ဒဏ်ရာရတယ်လို့ အတွင်းသတင်းအရ သိရတယ်။ Point A မိုင်းကွင်းအတွင်းကို ဝင်ရောက်လာတဲ့အခါ ထပ်ပြီးမိုင်းဆွဲတော့ အယောက် ၅၀ နီးပါး အပြင်းအထန်ဒဏ်ရာ ရသွားတယ်လို့ ကြားသိရတယ်။ ကျနော်တို့ဘက်က ကျဆုံးသွားတဲ့ကလေးတွေက ပစ်ခတ်ခံရပြီး ဖမ်းတယ် နှိပ်စက်တယ် သတ်ပြီး ရွာထဲမှာ ထားခဲ့ပါတယ်ခဗျ"
"အတွင်းစည်းပေါက်ကြားတာဖြစ်ဖြစ် နယ်ခံဒလန်ပေးပို့လို့ပဲဖြစ်ဖြစ် အခုလိုအတိအကျသိပြီး လာပစ်တာခံရတာလို့ပြောတယ်။ အခုနောက်ပိုင်း ထပ်ကြားရတာက ပဇီကြီးရွာအတွင်း ပိတ်မိတဲ့ပြည်သူတွေ အကုန်သေတယ်လို့ ထပ်ကြားရတယ်အသေအပျောက်တအားများနေတယ် "
"ဒီနေ့ (ဧပြီ ၁၀)မနက်တော့ အဖမ်းခံရတဲ့ အနီးအနားဝန်းကျင်ရွာက လူတွေအများကြီးလို့ လှမ်းပြောကြတယ်။ မြို့ပေါ်လူထုအနေနဲ့လည်း ဖုန်းလက်ခံပြောဖို့ကို လန့်နေကြတာဆိုတော့ အသေးစိတ်မေးဖို့ မရဘူး"
“ပထမရက်တိုက်ပွဲက မနက် ၉ နာရီကနေဖြစ်တာ၊ နေ့လယ် ၁၂ နာရီကျော်သွားတယ်။ အဲဒီနေ့မှာ စခတွေဘက်က ၂၈ ယောက်ကျသွားတယ်လို့ ကျနော်တို့အတွင်းသတင်းကသိရတယ်။ ကျနော်တို့ ဘက်ကတော့ KIA ရဲဘော် ၂ ယောက်နဲ့ KPDF ရဲဘော်တဦး ကျသွားတယ်” လို့ ဆိုပါတယ်။
“စစ်**တွေဘက်က ထိခိုက်မှုအခြေအနေက စုံစမ်းဆဲပါ။ လက်ရှိမှာ NLD ပါတီဝင် ၅ ဦးကိုဖမ်းသွားပါပြီ။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာတော့ မသိရသေးပါဘူး”
“ဒေသခံတွေက ဆက်သွယ်လာတာရယ်၊ ကလေးကိုလှူမဲ့သူတွေမရှိတာတွေရယ်ကြောင့် သွားလှူခဲ့တာပါ။ အခုလိုမိုင်းနင်းမိလို့ ဒဏ်ရာရသူတွေကို လှူဒါန်းတာ ၂ ကြိမ်ရှိပါပြီ။ ပထမက မိုင်းနင်းမိလို့ အရေပြားပျက်သွားတဲ့ ရဲဘော်ပါ။ အခုက မောင်ရှင်းသန့်မောင်ပါ။ နောက်ထပ်လည်း အဆင်ပြေရင် ပြေသလို လှူဒါန်းဖို့ရှိပါတယ်”
“ရွာသားတွေက အခုထိ ရွာထဲမဝင်ရသေးဘူး။ တချို့အိမ်တွေကလည်း မီးမငြိမ်းသေးတော့ မီးတွေပြန်ငြိမ်းနေရတယ်။ ရွာသားတွေက ကိုယ့်ယာတောထဲမှာပဲ အဆင်ပြေသလို တဲတွေထိုးပြီး နေနေကြတယ်။ စားဖို့သောက်ဖို့ကကျတော့ တယောက်စီကနေ တယောက်ဝေမျှစားနေရတယ်”
"သံချပ်ကို တိုက်နေတာ ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ။ ကျနော်တို့ ယင်းမာပင်အတွင်းမှာတော့ ၄ ဖွဲ့လောက် ရှိပါတယ်။ အရင်နှစ်တွေတုန်းကလည်း အခုလိုသံချပ်တွေ ပြုလုပ်ခဲ့တယ်။ ဒီနှစ်တော့ ဖျော်ဖြေမယ့်ရက်ကိုတော့ ပြောပြလို့မရသေးပါဘူး"
“အခုလို စာသင်နှစ်တနှစ်ပြီးမြောက်သွားလို့ ကျောင်းသားကျောင်းသူတွေကို ပျော်ရွှင်စွာနဲ့ ပညာသင်ယူချင်စိတ်ဖြစ်လာအောင်၊ နောက်ပြီး ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေအနေနဲ့ ပညာသင်ယူချင်စိတ် ဖြစ်လာအောင်ဆိုတဲ့ အချက်နဲ့ ကျောင်းတွင်းမှာ ပညာသင်ယူရင် အခုလိုအခွင့်အရေးတွေ ရှိနိုင်တယ်ဆိုတာတွေ သိဖို့ပါ”
“ကျနော်တို့တပ်ဖွဲ့ထဲက ရဲဘော် ၂ ယောက်ကတော့ ကျသွားပါတယ်။ ပစ်ခတ်မှုတွေဖြစ်နေတဲ့အချိန် ဒဏ်ရာရတဲ့ရဲဘော်ကိုသွားကယ်ရင်း ထိသွားတာပါ။ စစ်တပ်တယ်လီဂရမ်မှာ တင်ထားတဲ့ပုံက ကျနော်တို့ရဲ့ ရဲဘော်ပုံပါ။ ကချင်စစ်ဝတ်စုံနဲ့တယောက်က ကျနော်တို့တပ်ဖွဲ့ကပါ၊ နောက်တယောက်က သူ့အကျီအိတ်မှာ ကွမ်းထုပ်ထည့်ထားတဲ့ တယောက်ကလည်း ကျနော်တို့အဖွဲ့ကပါ၊ ကျန်တဲ့ရဲဘော်တွေက အခြားအဖွဲ့ကပါ”
“ကိုဝလီက မွေးရာပါ စိတ်မမှန်တဲ့သူပါ၊ ရွာထဲမှာ သူသွားချင်သလိုသွားနေတာ။ စစ်သားတွေလားလည်းသူမသိဘူး၊ သူသွားချင်သလိုသွားနေတယ်။ ကျနော်တို့မနေ့က (ဧပြီလ ၄) ရွာထဲကို မီးဝင်ငြိမ်းတဲ့အချိန် အူတွေထွက်နေတဲ့ သူ့အလောင်းကို သူ့အိမ်ရှေ့မှာတွေ့တယ်။ ဦးဌေးမောင်အလောင်းကိုတော့ ဒီမနက်မှ သူ့အိမ်ပေါ်မှာတွေ့တယ်”
“ရဲဘော်ဝဿန်က ကျနော်တို့တပ်ဦးရဲ့ ပထမဆုံးကြွေလွင့်သွားတဲ့ ရဲဘော်ပါ။ ပြည်သူလူထုအကျိုးနဲ့ တပ်ရဲ့ အလုပ်တာဝန်တွေကို အသက်ပေးပြီးဆပ်ခဲ့လို့ ရဲဘော်ဝဿန်အတွက် အခုလို ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုအခမ်းအနားကို ပြုလုပ်ခဲ့ကြတာပါ”
“စခတွေ ရွာထဲဝင်လာတာကို ရွာသားတယောက်ကတွေ့ပြီး၊ ရွာထဲကိုအချိန်မှီပြောနိုင်လို့ ရွာသားတွေကလွတ်သွားတယ်။မဟုတ်ရင် ရွာသားတွေလည်းအဖမ်းခံရနိုင်တယ်။ ဒီတခါဝင်လာတာက လက်နက်တွေပစ်ဖောက်တာမျိုးမဟုတ်ဘူး။ ဒီအတိုင်းအသံမပေးပဲ ဝင်လာတာ၊ ရွာထဲကအိမ်တအိမ်ကိုလည်း မီးရှို့သွားတယ်”
“ထိတွေ့တိုက်ပွဲတွေ မရှိပါဘူး။ သူတို့က ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ပြီးမှ ရွာထဲကိုဝင်တာ။ ပျူတွေနဲ့ရောပြီး လာတာ။ ရွာထဲကိုဝင်ပြီးတော့ ရွာသားတွေရဲ့အိမ်တွေမွှေတယ်။ ပြီးမှ ရွာထဲက အိမ်တွေ မီးရှို့ပြီးတယ်။ ရွာထဲမှာလည်း တညအိပ်သွားတယ်”