စောကျော်ငြိမ်း

ရေပေါ်သပိတ်ဖြင့် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံပွဲပြုလုပ် (photo news)

ရေပေါ်သပိတ်ပြုလုပ်သူတွေက "ဒို့သံအမတ်ကြီးကဘယ်သူလဲ -ဦးကျော်မိုးထွန်း၊ ဖယ်ထရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး-ဒို့အရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ- ဒို့အစိုးရ၊ တော်လှန်စစ်ပွဲ- ဒို့ဆင်နွှဲမည်" အစရှိတဲ့ ကြွေးကြော်သံတွေဟစ်ကြွေးခဲ့ကြတယ်လို့သိရပါတယ်။

စစ်တပ်က ၃ ကြိမ်တိုင် မီးရှို့ခဲ့တဲ့ ကျေးရွာကို ရိက္ခာထောက်ပံ့

တအိမ်ကို ဆန် ၄ ပြည်၊ ဆီ ၁ ပိဿာ၊ ကုလားပဲ ၅ ဗူးနဲ့ အိမ်ခြေ ၅၇၅ အိမ်ကို ထောက်ပံ့ခဲ့တာလို့ စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဝင်လို့ ၂ ရက်ကြာပိတ်မိနေတဲ့ ပုလဲ-ဂန့်ဂေါကားလမ်းပိုင်းက ခရီးသွားတွေကို ပုလဲပအဖ ကူညီ

" ပြည်သူတွေရဲ့လုံခြုံရေးအတွက် ကားလမ်းကို ခေတ္တပိတ်လိုက်ရတာပါ။ ကားဆရာနဲ့ ခရီးသွားတွေကို နေဖို့၊ စားဖို့၊ ရေချိုးဖို့ကအစ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်"

အုတ်ဖိုမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ မျက်မြင်တွေ့ရှိချက်အရ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုတာဝန်ခံကိုဒေဝက ပြောပါတယ်။

ပခုက္ကူက PDF ရဲဘော်တွေ ရိက္ခာမလုံလောက်လို့ စပါးတိုးချဲ့စိုက်ပျိုး (ရုပ်/သံ)

ပခုက္ကူခရိုင်အတွင်း ဗိုလ်မထားတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခင်လှူဒါန်းပေးနေတဲ့ ပြည်သူတွေမှာ အခက်အခဲတွေ ရှိနေတာဖြစ်လို့ တပ်ဖွဲ့ရိက္ခာမလုံလောက်တဲ့အတွက် စပါးစိုက်ခင်းကို တိုးချဲ့စိုက်ပျိုးရတာလို့ ဆိုပါတယ်။

စိုက်ပျိုးရေးသုံး ပုလဲဓါတ်မြေဩဇာကို တော်လှန်ရေးဆက်စပ်ပစ္စည်းဆိုပြီး စစ်ကောင်စီက သိမ်းဆည်းကာ လူကိုပါဖမ်းနေ

"ပုလဲဓါတ်မြေသြဇာတွေ မြို့ပေါ်မှာဝယ်လို့မရတော့ဘူး။ မြေသြဇာပါလား၊ ပါရင်လည်လှီးပစ်မယ်လို့ စစ်တပ်ဂိတ်က ခြိမ်းခြောက်တယ်။ သုံးဘီးတို့ ထော်လာဂျီသမားတွေလည်း မသယ်ရဲကြဘူး။တွေ့ရင် လူရောပစ္စည်းပါဖမ်းတယ်"

ပုလဲမှာ စစ်သားနဲ့ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ

"အသွားအပြန် မိုင်း ၃ ကြိမ်ဆွဲတိုက်တယ်။ သူတပြန်ကိုယ်တပြန်ပစ်ကြတယ်။ ပျူတကောင်သေတယ်။ သေနတ်ရယ် လှည်းနွားတွေလည်း သိမ်းဆည်းရခဲ့တယ်" လို့ ပုလဲပကဖ သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ပေါက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ လူ ၁ ဦးပေါင်ကျိုးပြီး နွား ၁ ကောင်သေဆုံး

" ရွာအပြင်မှာ တလုံးနဲ့ ရွာထဲကို တလုံးကျတယ်။ ယောက်ျားတဦးက ပေါင်းကျိုးပြီးတော့ နွားတကောင် သေတယ်။ တခြားပျက်စီးတာလည်းရှိတယ်"

ဆားလင်းကြီးက စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကို စောင်နဲ့ခေါင်းအုံးတွေထောက်ပံ့

"စစ်တပ်က အိမ်တွေမီးရှို့တော့ ပစ္စည်းတွေအကုန်ပါသွားကြတယ်။ ကိုယ်လွတ်ရုန်း ထွက်ပြေးလာတဲ့ သူတွေ များပါတယ်။ သူတို့အတွက် လိုအပ်နေတယ်ဆိုလို့ နိုင်သမျှထောက်ပံ့ပေးခဲ့တာပါ"

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN အမြဲတမ်းသံအမတ်အဖြစ်ခန့်ထားဖို့ မြောင်နယ်ကပြည်သူတွေ ဆန္ဒထုတ်ဖော်

" ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုက လက်ရှိသံအမတ်နေရာမှာ ဦးကျော်မိုးထွန်းကို ပြန်လည်ခန့်ထားပေးဖို့ တောင်းဆိုဆန္ဒဖော်ထုတ်ရတာဖြစ်တယ်။ ဦးကျော်မိုးထွန်းကို ဆက်ပြီးခန့်ထားဖို့ လိုအပ်နေတာကို ဝန်းရံပေးကြတာပါ"

ရေနံချောင်းမှာ ကျောင်းဆရာမတဦး ချောင်းရေနဲ့မျောပါ သေဆုံး

" ဆရာမက လယ်ပေါ်ကျောင်းမှာ တာဝန်ကျတဲ့ ၉ တန်းသင်တဲ့ဆရာမလို့ သိရတယ်။ စာသင်ပြီးလို့ အိမ်အပြန်လိုက်ပို့ပေးရင်း ရေနဲ့မျောသွားတာပါ။ ၃ ယောက်က အသက်ရှင်တယ် "

အမှုစစ်ရာမှာ မလွဲမှားစေဖို့ ပုလဲမြို့နယ် ပလဖအဖွဲ့ဝင်တွေကို အမှုစစ်သင်တန်း ပြုလုပ်ပေး

ပြည်သူတွေရဲ့လုံခြုံရေးအတွက် အမှုကိစ္စတွေဖြစ်လာတဲ့အခါ တရားဥပဒနဲ့အညီ လုပ်ကိုင်နိုင်ဖို့နဲ့ မလွဲမှားဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ ရဲမှူးကိုယ်တိုင် မြေပြင်လာရောက်ပြီး သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

မြောင်မှာ ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း လက်နက်မျှဝေ

"BHGF တပ်ဖွဲ့မှာ မောင်းပြန်တွေမရှိပါဘူး။ သူတို့စခန်း ဝင်စီးခံရတဲ့အချိန်တုန်းက လက်နက်ခဲယမ်းတွေ ဆုံးရှုံးသွားတယ်။ အဲ့ဒါကြောင့် သူတို့အဖွဲ့က အကူအညီတောင်းလာလို့ မျှဝေပေးဖြစ်တာပါ"

ပုလဲ-ဂန့်ဂေါကားလမ်းမှာ မြေပြိုမှုကြောင့် သွားလာရခက်ခဲနေလို့ တော်လှန်ရေးအဖွဲ့တွေက ဝိုင်းကူပေး

"တောင်ပေါ်လမ်းဆိုတော့ မိုးများလို့ အနိမ့်ပိုင်းရေဝင်ပြီး တအိအိနဲ့ပြိုကျကုန်တာပါ။ မနေ့က သွားလို့မရတဲ့အထိ ဖြစ်သွားတယ်။ မြေကျွံပြီးနစ်နေတဲ့ ကားတွေလည်း ရှေ့ကဆွဲနောက်ကတွန်းနဲ့ ခက်ခက်ခဲခဲ ဝိုင်းလုပ်ကြရတယ် "

ပေါက်ခေါင်းမှာ တပ်သတင်းပေးဆိုသူ အငြိမ်းစားတပ်အရာရှိ ၁ ဦး သေနတ်နဲ့ရှင်းလင်းခံရ

“ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေအပေါ် နည်းမျိုးစုံနဲ့ နှောင့်ယှက်၊ ဂုတ်သွေးစုပ်ဒုက္ခပေးခဲ့တယ် ။ စကစရဲ့ ဒေါက်တိုင်လုပ်နေလို့ ရှင်းလင်းခဲ့တာပါ။ သေနတ်နဲ့ ၂ ချက်ပစ်တာ နေရာတင်ပွဲချင်း ပြီးသေတယ် "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10