စောကျော်ငြိမ်း

ရွာပေါင်းစုံသပိတ်ကော်မတီက ကြားကာလကျောင်းရှိ ကျောင်းသား၊ကျောင်းသူတွေကို  ကျန်းမာရေးစောင့်ရှောက်မှုပေး

"ကလေးငယ်တွေကို သံချဆေးနဲ့ အပျိုဖော်ဝင်ကျောင်းသူတွေကိုတော့ သံဓာတ်အားတိုးဆေး ကျွေးခဲ့ပါတယ်။ တခြားကျန်းမာရေး ဗဟုသုတတွေလည်း ပြောပြခဲ့ပါတယ် " လို့ Medicak Team တာဝန်ခံ CDM ဆရာမ မအိက ပြောပါတယ်။

ဆည်ရေပေးစနစ်တွေကို ပအဖနဲ့ဒေသခံတွေပြင်ဆင်ပြီး လယ်ရေစတင်ပေးဝေ (ရုပ်/သံ)

မြောက်ယမားဆည်ရေလွှတ်မြောင်းတွေဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသလို တောင်ယမားဆည် ရေထိန်းတံခါးမှာလည်း သြဂုတ်လနှောင်းပိုင်းက ပြတ်ကျခဲ့လို့ အောက်တိုဘာလဆန်းပိုင်းကတည်းက ပြန်လည်ပြင်ဆင်နေခဲ့တာလို့ ဆိုပါတယ်။

ရေစကြိုနယ်က လူထုလှုပ်ရှားမှုသပိတ်

“ဖက်ဆစ်စစ်တပ်ရဲ့ အသုံးချခံဖြစ်နေတဲ့အောက်ခြေက အရာရှိနဲ့ လက်အောက်ခံတပ်သားတွေကို ပြည်သူနဲ့ ပူးပေါင်းဖို့၊ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ပြောချင်ပါတယ်။ အခုအချိန် ခိုလှုံမယ်ဆိုရင် ပြည်သူတွေက နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ် " လို့ ကိုခန့်ဝေဖြိုးက မြေလတ်အသံကိုပြောပါတယ်။

ပေါက်နယ်က NUG လက်အောက်ခံ စာသင်ကျောင်းမှာ ပုံနှိပ်နဲ့ ဗလာစာအုပ်တွေလိုအပ်နေ

"ကလေးတွေမှာ ဖတ်စာအုပ်နဲ့ ဗလာစာအုပ်တွေ မပြည့်စုံကြပါဘူး။ လွယ်အိတ်၊ အဝတ်အစားကအစ ချို့တဲ့ပါတယ်။ တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ကူညီပေးစေချင်ပါတယ်" လို့ ကျောင်းတာဝန်ခံ ဆရာစောလထူးက မြေလတ်အသံကိုပြောပါတယ်။

ပုလဲမှာ ကြက်သွန်ပင်ပေါက်မျိုးကို စျေးနှုန်းအဆမတန်မြင့်တက် ဝယ်ယူနေရ

"ရွှေဖလားမျိုး၊ မြေနဲမျိုးနဲ့ ဥနီအကြီးမျိုး ၃ မျိုးကို အစေ့ဝယ်ပြီးတော့ ပျိုးထောင်စိုက်ကြတယ်။အပင်ပေါက်နှုန်းကောင်းတဲ့မျိုး ရှာဝယ်ရတာပေါ့။ အဲ့ဒါကြောင့်လည်း မျိုးစျေးတွေ စျေးကြီးပေးဝယ်နေရတာ"

ကမ်ပိန်းငွေမှကျည် ၁၀၀၀ ဝယ်ယူထားပြီး ထိရောက်တဲ့တိုက်ပွဲတွေ ဆင်နွှဲမယ် (ရုပ်/သံ)

အညာမှာ မုန်တိုင်းထန်ဖို့ Myingyan Black Tiger ကို မောင်းပြန်ရိုင်ဖယ် ၅ လက်၊ ကျည်ဆန် ၅၀၀၀ ထောက်ကူစို့ ဆိုတဲ့ ကမ်ပိန်းကို အောက်တိုဘာ ၂၂ ရက်ကစတင်ပြုလုပ်ခဲ့ရာ လက်ရှိမှာတော့ ကျည် ၁၀၀၀ ရရှိထားပြီး ၁၀ ရာခိုင်နှုန်းသာ အောင်မြင်သေးပေမယ့် ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့ ပြင်ဆင်နေတယ်လို့ MBT တာဝန်ခံ ဗိုလ်မိုက်ခဲက မြေလတ်အသံကို ပြောပါတယ်။

ဝက်လက်မှာ ခေါင်းဖြတ်ခံထားရတဲ့ လူသေအလောင်း ၂ လောင်းတွေ့

"အားကစားဘောင်းဘီအတိုနဲ့ ယောက်ျားအလောင်း ၂ လောင်းတွေ့တာပါ။ စစ်သားလား ရွာသားလားတော့ သေချာမသိရသေးပါဘူး။ ဖမ်းဆီးခံ ရွာသားရှိမရှိ စုံစမ်းနေပါတယ်"

မုံရွာက PDF စခန်းကို စစ်တပ်က စီးနင်းမီးရှို့ပြီး ပြည်သူ ၁ ဦးကို သတ်ခဲ့

"စစ်သားနဲ့ပျူတွေက လက်နက်ကြီးရော စက်ကလေးတွေနဲ့ပါ ပစ်တယ်။ စခန်းလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်။ ရဲဘော်တယောက် ဒဏ်ရာရတယ်”

မုံရွာက စစ်ရှောင် ၅ ထောင်ကျော် စားသောက်ဖို့ အကူညီလိုအပ်နေ

"စစ်ရှောင်တွေစားဖို့ ဆန် ၊ဆီ၊ ကုန်စိမ်းသီးနှံတွေ လိုအပ်နေပါတယ်။ ကျနော်တို့လည်း နိုင်သလောက်ကူညီပေးထားပါတယ်။ အခုလို အခက်အခဲကြုံနေရတာကို တတ်နိုင်တဲ့ဘက်က ကူညီပေးစေချင်တယ်"

ပုလဲနယ်က မီးဘေးသင့်အိမ်ထောင်စု ၁၅၀ ကျော်အတွက် စောင်နဲ့ခြင်ထောင်တွေထောက်ပံ့

မီးဘေးသင့်အိမ်ထောင်စု ၁၅၆ စုအတွက် အိမ်ထောင်စု ၁ စုလျှင် စောင် ၁ ထည်နဲ့ ခြင်ထောင် ၁ လုံး Chindwin Humanitarian Network မှ ထောက်ပံ့တာကို ပုလဲမြို့နယ် ပကဖ၊ လူသားစာနာတာဝန်ခံနဲ့ ရပ်ကျေးပအဖ၊ ပကဖတို့က တဆင့်ခံသွားရောက်ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

အညာက တော်လှန်ရေးအထောက်အကူပြု ရွေ့လျားရုပ်ရှင်ရုံတွေ (ရုပ်/သံ)

နိုင်ငံရေးဟောပြောပွဲတွေချည်းပြုလုပ်နေပါက လူထုစိတ်ဝင်စားမှုနည်းပါးနိုင်တာကြောင့် တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ ရုပ်ရှင်တွေကို တွဲဖက်ပြသနေရတာလို့ ဦးဆောင်သူတွေက ဆိုပါတယ်။

စစ်တပ်က ပစ်တဲ့လက်နက်ကြီးထိမှန်လို့ လက်ယက်ကုန်းက အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၃ ဦးဒဏ်ရာရ

"လက်နက်ကြီးကျည်စမှန်လို့ ၁ ဦးသေပြီးတော့ ၄ ဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေထဲက တဦးလည်း စိုးရိမ်ဒဏ်ရာနဲ့ ဆေးကုသနေပါတယ်" လို့ စစ်ရှောင်ထောက်ပံရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပြန်လည်အသက်ဝင်လာတဲ့ ယောဓလေ့ သနပ်ခါးပါးတို့ပွဲနဲ့ မီးကြာလှည့်ပွဲ (ရုပ်/သံ)

အထင်ကရပွဲတွေကို ကိုဗစ်ဆိုးဝါးစွာဖြစ်ပွားခဲ့တဲ့ နှစ်တွေမှာပဲ ရပ်နားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအားကောင်းတာနဲ့အတူ နယ်မြေစိုးမိုးမှုရရှိလာချိန်မှာတော့ အခုလိုမျိုး ပြန်လည်ကျင်းပသလို ပွဲတော်ရဲ့ အခမ်းအနားအပြည့်အစုံနဲ့ အသက်ဝင်လာအောင် ကြိုးစားအားထုတ်လာကြပါတယ်။

မကွေးတိုင်းမှာ သီတင်းကျွတ်ကာလ ခြင်းအလှခတ်ပြသူ နည်းလာ (ရုပ်/သံ)

ရိုးရာခြင်းခတ်တာ အသက် ၃၀ အောက်လူငယ်တွေရှားပါးပြီး တခြားအားကစားနည်းတွေ ခေတ်စားလာတဲ့အတွက် အခုလိုအလှပြခြင်းခတ်တာတွေ ပျောက်ပျက်သွားမှာ စိုးနေတယ်လို့ အလှခြင်းခတ်သူက ပြောပါတယ်။

PDF တွေပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ရက် ၁၀၀၀ ပြည့် ဆီမီးသပိတ်

"အွန်လိုင်းပေါ်မှာ ဂယက်မျိုးစုံဖြစ်နေကြတယ်။ ဒါတွေကို စိတ်ဝင်စားပြီး ပြည်သူတွေ သွေးအေးသွားမှာစိုးတယ်။ တော်လှန်ရေးမှာ သွေးအေးမသွားဖို့ ဆီးမီးသပိတ်ပြုလုပ်ခဲ့တာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10