မြိုင်က ပျူစောထီးတွေ ၂ ကြိမ်တိုက်ခိုက်ခံရလို့ ၁ ဦးသေ၊ ကားပါ မီးရှို့ခံရ
"မိုင်းက သူတို့တွေ ကင်းရုတ်သွားတဲ့အချိန် ညပိုင်းတွေမှာ ထောင်ထားလိုက်တာ။ သူတို့ ကင်းပုန်းလာစောင့်တဲ့ အချိန်မျိုးတွေမှာ မိုင်းဆွဲတိုက်ချလိုက်တာပါဗျ။ ကိုလတ်ဆိုတဲ့ ပျူတယောက်သေတယ်"
"မိုင်းက သူတို့တွေ ကင်းရုတ်သွားတဲ့အချိန် ညပိုင်းတွေမှာ ထောင်ထားလိုက်တာ။ သူတို့ ကင်းပုန်းလာစောင့်တဲ့ အချိန်မျိုးတွေမှာ မိုင်းဆွဲတိုက်ချလိုက်တာပါဗျ။ ကိုလတ်ဆိုတဲ့ ပျူတယောက်သေတယ်"
"အရင်ကတည်းက အခမဲ့ဆေးကုပေးနေတာပါ။ ကြာလာတော့ ဆေးဖိုးသုံးရတဲ့ငွေက များလာတယ်။ ပြီးခဲ့ ၃ လလောက်ကမှ (ပြည်သူက)တတ်နိုင်သလောက်ထည့်သွားကြတယ်။ မတတ်နိုင်တဲ့သူတွေလည်းရှိပါတယ်။ အလှုရှင်များ လာရင်တော့ စခန်းအတွက် ကျည်ဖိုးတွေ၊ သေနတ်ဖိုးတွေ ပိုထွက်လာတာပေါ့"
"ဆိုင်ကယ်နဲ့ မြွေကိုဖြတ်နင်းမိလိုက်တော့ အကိုက်ခံရတာပါ။ ရဲဘော်တွေတခါမှ မဖြစ်ဖူးပါဘူး။ ရွာသားတွေဖြစ်လေ့ရှိတော့ ရွာမှာဆောင်ထားတဲ့ဆေးကိုယူပြီး ကုနေရတာပေါ့။ ဆေးတွေကစျေးကြီးသလို ဝယ်လို့မလွယ်ဘူး"
မီးရှို့ခံခဲ့ရတဲ့ ကျေးရွာက အဘိုး၊ အဘွား ၁၁၇ ဦးကို လုံချည် တယောက်တထည် ဂါရဝပြုလှူဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မဖူးပွင့်ဝေက ဆိုပါတယ်
"နေ့ခင်း ၃ နာရီလောက်ကနေ ညနေ ၅ နာရီခွဲလောက်ထိ လေရောမိုးရောချတာ။ အိမ် ၁၀ လုံးကျော် ပျက်စီးတယ်။ ဘုန်းကြီးကျောင်းအဆောင်သစ်နဲ့ အိမ်သာလည်းပျက်စီးတယ်။ တချို့အိမ်ဆို အိမ်ခေါင်မိုး လိုက်ပြုတ်ထွက်သွားတာ။ သစ်ပင်တွေလည်းကျိုးတယ်" လို့ ကျေးရွာသားတဦးက ပြောပါတယ်။
"အဲဒီရဲစခန်းရှေ့မှာ ဂိတ်ကြေးကောက်တာ၊ သာမန်ပြည်သူတွေကို အော်ငေါက်ပြီး ပိုက်ဆံတောင်းကြမ်းတာတွေ၊ ကားသမားတွေဆီကလည်း သူတို့ မထင်ရင်မထင်သလို တောင်းခဲ့တာတွေ ရှိနေတော့ တိုက်ခိုက်ခဲ့တာပါ။ ၅ ယောက် သေတယ်၊ ၄ ယောက် ဒဏ်ရာရတယ်"
"နယ်မြေအခြေအနေကြည့်ပြီးတော့ ညပိုင်းလုပ်ခဲ့ရတာပါ။ တရက်ကိုတရွာချင်း ပြောဆိုဖြစ်တယ်။ လက်ရှိနိုင်ငံရေးနဲ့ တော်လှန်ရေးအခြေအနေ၊ လူထုပါဝင်လှုပ်ရှားတာ၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို ပြောဆိုခဲ့တာပါလို့" ပညာပေးပြောဆိုသူ မမေဇင်မွန်က မြေလတ်အသံကို ပြောပါတယ်။
"ကိုက် ၃၀၀ လောက်ထိ သွားပစ်ခဲ့တာ။ ၅ မိနစ်လောက်ပဲ ကြာမယ်။ စစ်သား ၂ ယောက်သေတယ်။ ၅ ယောက် ဒဏ်ရာရတယ်"
“ပခုက္ကူကနေထွက်လာတဲ့ စစ်ကား ၅ စီးကို ဒရုန်းနဲ့ အီနာဂါ ၆ လုံးကြဲတာမှာ ကား ၂ စီးထိပြီး ၄ ဦး ဒဏ်ရာရတယ်”
"စကစတွေ ချောဆွဲလာတဲ့ကားကို သတင်းရလို့ကြိုစောင့်နေတာ။ ပဒေသာမိုင်းဆွဲ တိုက်ခိုက်ပြီးတာနဲ့ ပြန်ဆုတ်ခဲ့တယ်။ ၄ ဦးသေဆုံးပါတယ်။ ဒဏ်ရာရအရေအတွက်ကို သေချာမသိရသေးပါဘူး”
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ နေအိမ်တွေမီးရှို့ခံရတဲ့ကျေးရွာတွေက လူကြီးနဲ့ကလေး ၂၅၀ ဦးကို မေ ၇ ရက်မှာ မွေးနေ့ရှင် လင်းခွန်းက သူရဲ့ ၂၂ နှစ်ပြည့်မွေးနေ့အလှူအဖြစ် ကြာဇံချက်အာဟာရဒါနအလှူကို ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
"ရေရှည်စားဖို့ အခက်အခဲဖြစ်လာတာကနေ ဟင်းရည်သောက်တောင်မပါဘဲ ဖြစ်သလိုစားခဲ့ရတာတွေရှိလာတာရယ်၊ မိုးတွင်းဆိုရင် လမ်းခရီးကဆိုးတော့ ဝယ်ဖို့မလွယ်ဘူး။ မစိုက်ချင်ကျပေမယ့် ရှိတာနဲ့စားရတာကြာတော့စိုက်ခင်းလုပ်ဖို့ ဖြစ်လာတာ" လို့ ပြောပါတယ်။
"ကျနော်တို့စိုက်ခင်းလုပ်ဖြစ်တာက ၆ လလောက်ရှိပါပြီ၊ တပ်ရင်းရဲ့ရိက္ခာအတွက်နဲ့ စစ်ရှောင်ပြည်သူတွေကို ထောက်ပံပေးဖို့စိုက်တာပါ။ ရှေ့တန်းလည်းထွက်လိုက်ပါတယ်၊ နောက်တန်းမှာကျန်တဲ့အချိန် စိုက်ခင်းမှာရေလောင်းပေါင်းသင်တာ အသီးအနှံတွေခူးတာနဲ့ တခြားလိုအပ်တာတွေ လုပ်ကျပါတယ်လို့"
"တခြားရဲဘော်တွေလွတ်ဖို့ ခံပစ်ရင်းကတိုက်ပွဲမှာ ကျခဲ့တာပါ။ စစ်ကူသွားရင်းလမ်းမှာ စကစ တွေရဲ့ချောင်းပစ်တာကို ခံရတယ်။ ကျဆုံးရဲဘော်ရဲ့အလောင်းတော့မရလိုက်ဘူး။ စကစ တွေမီးရှို့သွားတယ်။"
"ကျနော်တို့အိမ်ကို မီးရှို့ခံရရင် ဘာတွလိုအပ်မလဲဆိုတာ စဥ်းစားမိလို့ ဒီပစ္စည်းတွေလှူဖြစ်တာဗျ။ မီးရှို့ခံရလို့ နေစရာမရှိတာက ဖြစ်သလိုနေလို့ရတယ်။ လူတွေက အသက်ရှင်ဖို့ နေ့တိုင်းစားနေရတာဗျ။ စားဖို့အတွက် ချက်ပြုတ်ရမဲ့အိုးခွက်တွေကအစ လိုအပ်နေတာကြောင့် လှူဖြစ်တာ"