စောကျော်ငြိမ်း

စစ်တပ်က စစ်ကြောင်းထိုးလို့ ရေဦးဒေသခံ ၅ ထောင်နီးပါး တိမ်းရှောင်နေရ၊ စားသောက်ရေး အခက်တွေ့နေ

"စစ်သားတွေက ရေဦးမြောက်ဘက် ချောင်းဦးနဲ့စခန်းသာရွာမှာ ညအိပ် စခန်းချတယ်။ အဲ့နားက ရွာသားတွေလည်း ရှောင်ပြေးနေရတယ်။ စစ်ရှောင်တာ ၅၀၀၀ လောက်ရှိမယ်။ ထမင်းထုပ်တွေ တနိုင်လာပေးတာတော့ ရှိပါတယ်။ စားစရာလည်းမသယ်နိုင်တော့ စစ်ရှောင်ပြည်သူတွေ စားစရာမရှိဖြစ်နေတယ်"

စစ်ဆေးရေးတင်းကြပ်ထားတဲ့ မုံရွာမှာ သပိတ်ပြုလုပ်

"သပိတ်ဆိုတာ နွေဦးတော်လှန်ရေးရဲ့ထောက်တိုင်တွေထဲမှာ ပါဝင်သလို လူထုကိုယ်စား ကျမတို့လူငယ်တွေက အာဏာရှင်ကိုအလိုမရှိကြောင်း နိုင်ငံတကာကိုပြချင်လို့ပါ။ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရှိနေတာကို မြို့ပေါ်မှာ အပြုံးမပျက်သွားလာစားသောက်နေကြတဲ့သူတွေရှိနေလို့ မီးမောင်းထိုးပြရတာဖြစ်တယ်"

ပေါက်နယ်မှာ ကွမ်းခြံတွေ ရေမြုပ်ပျက်စီးပြီး ကွမ်းစျေးခေါက်ချိုးမြင့်တက်

"ရေဝင်တာများတော့ ကွမ်းခြံတွေပျက်ကုန်တာပေါ့။ ကွမ်းလဲရောင်းစရာမရှိတော့ဘူး။ အခုတပိဿာတသောင်းကျော်ရှိတယ်"

ရွာက ပစ္စည်းတွေယူပြီးပြန်လာတဲ့ စကစတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

"ကျနော်တို့ကင်းပုန်းဝပ်စောင့်နေတာ။ ရွာထဲမှာ ဝင်မွှေပြီး ထွက်လာတော့ အပိုင်စောင့်ပစ်ကြတာ။ စစ်သားတွေနောက်ကြောင်း ပြန်ပြေးသွားတယ်။ ၃ ယောက်သေတယ်၊ ၁ ယောက်က ဒဏ်ရာရတယ်"

ပုလဲနယ်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့လမ်းတံတားတွေကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြုပြင်

"မိုးတအားများတော့လမ်းတွေ ရေတိုက်စားပြီးပျက်စီးကုန်တာ။ လမ်းပျက်တာရွာ ၂၀ ကျော်ရှိတယ်။ ပြည်သူတွေသွားလာတာ အဆင်ပြေဖို့လုပ်ကြတာပါ။ လိုအပ်တဲ့ပစ္စည်းတွေကိုပြည်သူတွေလှူတဲ့ငွေနဲ့ ဝယ်ပြီးတော့ပြုပြင်ခဲ့တာဖြစ်တယ်"

ပေါက်နယ်မှာ မုန်တိုင်းကြောင့် နှမ်းဧက ၁၆၀၀ ကျော်ပျက်စီးပြီး တောင်သူတွေ အခက်အခဲမျိုးစုံ ကြုံတွေ့နေရ

"နှမ်းနက်တွေစိုက်တာပါ။ လေရော မိုးရော ရေပါကြီးတော့ ပိုဆိုးတာပေါ့ဗျာ။ ခုလိုလည်း တခါမှမကြုံဖူးပါဘူး။ အပင်ကြီးတွေက လဲကုန်တယ်။ ရွှံနွံတွေကပ် အပင်လဲတာနဲ့ ဘေးနားက အခင်းတွေရော ပျက်စီးကုန်တာ"

ယင်းမာပင်က ရေဘေးသင့်ပြည်သူ ၁၆၀၀ ကျော်ကို အာဟာရဒါနကျွေးမွေး

"ရေဘေးသင့်ပြည်သူတွေမှာ အခက်အခဲတွေအများကြီးရှိနေပါတယ်။ ထမင်းတနပ် ကောင်းကောင်းစားရလို့ စိတ်ချမ်းသာစေချင်တယ်။ သူတို့ပတ်ဝန်းကျင်ရှင်းလင်းဖို့က တပတ်လောက်ပြင်ဆင်ရအုံးမယ်"

ပခုက္ကူ၊ ချောင်းဂွရွာမှာ တိုက်ပွဲဲဖြစ်ပွားလို့ ပျူစောထီး ၄ ဦးသေ

"ပျူစောထီးတွေ ချောင်းထဲဝင်လာတာ။ သူတို့ ကင်းပုန်းဝပ်နေတာကို မြင်လိုက်တော့ ကျနော်တို့ဘက်က လက်နက်ငယ်တွေနဲ့ စပစ်ကြတယ်။ တိုက်ပွဲက မိနစ် ၂၀ လောက်ပဲကြာမယ်။ နေရာမှာပဲ ပျူ ၄ ကောင်သေတယ်"

NUG ကာကွယ်ရေးဌာနက ဂန့်ဂေါခရိုင်PDF အမှတ် ၁၃ တပ်ရင်းကို လက်နက်တချို့တပ်ဆင်ပေး

"မနေ့ကမနက်ပိုင်းက ထောက်ပံ့တာပါ။ မကွေးတိုင်းကွပ်ကဲရေးမှူးကိုယ်တိုင် လာပေးပါတယ်။မောင်းပြန် Type 81 အမျိုးအစားလက်နက်တချို့တွေပါ"

မုန်တိုင်းကြောင့် ပျက်စီးမှုရှိခဲ့တဲ့ ကျေးရွာကို PDF က ကူညီပြုပြင်

"ချောင်းအစပ်ကအိမ်တွေကို ရေတက်နေတဲ့အချိန် ကူညီကယ်ထုတ်ရပါတယ်၊ ရေတွေဝင်တာများလို့ ထုတ်ပေးတာ။ လမ်းတွေအိမ်တွေ ခြံစည်းရိုးပျက်စီးတာတွေ ပြင်ပေးခဲ့တယ်"

မိုခါမုန်တိုင်းကြောင့် အရှိုချင်းနောက်တန်းဌာနချုပ်စခန်း ပျက်စီးဆုံးရှုံး

"လေရောမိုးရော ကျတာ။ သစ်ပင်တွေလဲကျတာနဲ့ လေပြင်းတိုက်တာနဲ့ဆိုတော့ မီးကြိုးတွေ သုံးမရတော့တာ။ နေတဲ့တန်းလျားတွေ ပျက်စီးတာရှိပါတယ်။ ကြိုတင်ရွှေ့ပြောင်းထားလို့ အရေးကြီးတာတွေ မဆုံးရှုံးပါဘူး။ အမိုးအတွက်ပဲ ခက်ခဲတာပါ"

မိုခါမုန်တိုင်းကြောင့် ပေါက်တောင်ပိုင်းရွာတွေမှာ ကျပ်သိန်း ၂,၀၀၀ နီးပါး ပျက်စီးဆုံးရှုံးဟုဆို

"လေရော၊ မိုးရော နှစ်ရက်ဆက်တိုက်ချတာ။ ဒီနေ့တော့ မိုးရွာတာရော၊ လေတိုက်တာရော မရှိတော့ပါဘူး။ ရေထဲမျောတာရော လေတိုက်လို့ ပျက်စီးတာရော အကုန်လုံးဆိုရင် သိန်း ၂,၀၀၀ နီးပါးလောက်ရှိမယ်လို့ ခန့်မှန်ထားပါတယ်"

မုန်တိုင်းကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လို့ မီးဘေးသင့်စစ်ရှောင်နေအိမ်တွေရေမြုပ်

"အခုတော့မုန်တိုင်းပြယ်လို့ နေပူလာပြီ။ မြစ်ရေတအားတက်လာတော့ စစ်ရှောင်တဲတွေထဲ ရေဝင်ကုန်တယ်။ သွားလာရတာခက်ခဲပြီးတော့ ချက်ပြုတ်စားသောက်ဖို့မလွယ်ကူဘဲဖြစ်နေတယ်။ ထင်းတွေလည်းရေစိုကုန်ပြီ"

မိုခါမုန်တိုင်းကြောင့် မြောင်မြို့နယ်မှာ သီးနှံခင်းတွေပျက်စီး

"ပဲတီ၊ နှမ်း၊ မတ်ပဲ တွေအများဆုံးပါ။ ရလိုရငြားရိတ်သိမ်းပေးခဲ့တယ်။ တချို့တောင်သူတွေဆို ငိုနေကြတာ။ မိုးလုံတဲ့နေရာတွေမှာ ဖြန့်ထားခဲ့ကြတယ်။ မိုးကလည်းရွာတော့ မြန်မြန်ကူပြီး မှောင်တော့ပြန်လာခဲ့ကြတယ်။ မိုးဆက်ရွာရင် ပိုဆုံးရှုံးနိုင်တယ်"

စစ်ကောင်စီနဲ့ပျူတွေနေတဲ့ ရေလယ်ကျွန်းကရွာကို PDF တွေ ၂ ကြိမ်မြောက် ဝင်တိုက်ခိုက် (ရုပ်/သံ)

"အနီးကပ်ဝင်တိုက်ခဲ့တာ မီတာ ၁၅၀ အကွာလောက်ပဲရှိမယ်။ တိုက်ခိုက်ချိန် ၄၅ မိနစ်လောက်ကြာတယ်။ ပျူတွေပဲနေတော့ ထိခိုက်သေဆုံးတာ မသိရသေးပါဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10