MLAT

စဉ့်ကူးမြို့နယ်မှာ စစ်တပ်နဲ့ PDF ကြားတိုက်ပွဲပြင်းထန်၊ PDF တွေက စခန်းတခုကို သိမ်းပိုက်ထား

"တိုက်ပွဲတွေ မပြီးသေးလို့ လမ်းပြန်မဖွင့်သေးပါဘူး။ လောလောဆယ်ဖွင့်ဖို့လည်း မရှိသေးဘူး" လို့ တော်လှန်ရေးရဲဘော်တဦးက ဆက်ပြောပါတယ်။ စစ်ကောင်စီဘက်ကလည်း မနေ့က တိုက်ပွဲစတင်ချိန်ကစပြီး လေယာဥ်နဲ့ ဆက်တိုက်ဗုံးကြဲတာတွေပြုလုပ်နေပြီး ဒီနေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

96 Soldiers တပ်ဖွဲ့ဝင် မဖူးပြောပြတဲ့ အညာဒေသက အမျိုးသမီးတွေ (ရုပ်/သံ)

သူတော်လှန်ရေးသမားဖြစ်လာပုံနဲ့ အညာဒေသစစ်မြေပြင်အခြေအနေ ရုပ်သံအပြည့်အစုံကို ဆက်လက်တင်ဆက်သွားပါမယ်။

စစ်မှုထမ်းရန် မန္တလေးမြို့ပေါ်ရပ်ကွက်တခုကို လူ ၃၀ အထိ စစ်တပ်က အဓမ္မတောင်းခံနေ

မန္တလေးမြို့နဲ့အနီးစပ်ဆုံး မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပြီး နယ်မြေတွေအသိမ်းခံနေရတဲ့စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ပေါ်က ရပ်ကွက်တွေကို တရပ်ကွက်လျှင် လူ ၃၀ စစ်မှုထမ်းဖို့တောင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သတ်မှတ်ဈေးထက် ပိုရောင်းတယ်ဆိုကာ ဆန်လုပ်ငန်းရှင်တွေနဲ့ နာမည်ကြီးဈေးဝယ်စင်တာဦးဆောင်သူတွေကို စစ်ကောင်စီဖမ်းဆီး

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လစဉ်ထုတ်ပြန်တဲ့ သတ်မှတ်ဆန်ဈေးနှုန်းထက် ဈေးမြှင့်တင်ရောင်းချလို့ ဆန်လုပ်ငန်းရှင် ၅၀ ကျော်နဲ့ နာမည်ကြီးဈေးဝယ်စင်တာတွေအပါအဝင် စတိုးဆိုင်နဲ့ဈေးဝယ်စင်တာ ၅၀ ကျော်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီက ဇွန် ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၅ ဦး ၈ လအကြာမှာ ထွက်ပြေးလွတ်မြောက်လာ - ဆင်အင်းရွာပအဖအဖွဲ့ ပြန်လည်ဖွဲ့စည်းပေးဖို့ ဒေသခံနဲ့စစ်ဘေးရှောင်တွေ ဆန္ဒပြ - ကျောက်တံခါးမြို့ပေါ်ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ - အင်းတော်မှာ လေယာဉ်နဲ့ဗုံးကြဲလို့ ဘုန်းကြီး ၁ ပါးနဲ့ ကလေးငယ် ၁ ဦး အပါ ပြည်သူ ၁၇ ဦး သေဆုံး - မြောင်နယ်မှာ လိင်စိတ်ခံယူချက်ကွဲပြားသူတွေအကြောင်း အသိပညာပေးလှုပ်ရှားမှုပြုလုပ် - ဂန့်ဂေါနယ်က စစ်ရှောင်နဲ့ PDF ရဲဘော်တွေအတွက် ဆေးဝါးရရှိဖို့ခက်ခဲနေ - မြိုင်မှာ သံဃာ ၁၀၀ ကျော်က စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက် - ၁ နှစ်စာ စားနပ်ရိက္ခာဖူလုံစေရန် အညာမြေပြောက်ကျားတပ်ဖွဲ့က သီးနှံများစိုက်ပျိုး - စားဝတ်နေရေးခက်ခဲတဲ့ မီးဘေးသင့်စစ်ရှောင်တွေကို ကျပ်သိန်းပေါင်း ၁,၆၀၀ ကျော်ထောက်ပံ့

သံဃာနဲ့ပြည်သူ အင်အား ၅၀၀ ကျော်ပါဝင်တဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် (Photos New)

သံဃာတော်တွေ၊ ဒေသခံပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားများ အပါအဝင် စုစုပေါင်းအင်အား ၅၀၀ ကျော်လောက်နဲ့ သပိတ်စစ်ကြောင်းထွက်ခဲ့ကြတာဖြစ်ပြီး သပိတ်လမ်းကြောင်းတလျှောက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း လုံခြုံရေးယူပေးခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားကားတွေနဲ့ ထွက်ပြေးဖို့ကြိုးစားတဲ့ စစ်သား ၄ ဦးကို လက်နက်တွေနဲ့အတူဖမ်းမိ

"ကပစ က ၂ ယောက်၊ လက်ရုံးတပ်က ၂ ယောက်လို့တော့ အခုသိရပါတယ်။ သက်ဆိုင်ရာက ခေါ်သွားပါပြီ"

အွန်လိုင်းပေါ်ကအလိမ်အညာ သတိပြုရှောင်ရှားပါ (သတင်းဆောင်းပါး)

ကိုလတ်ဟာ အင်တာနက်သုံးစွဲသူတွေအကြား ကျယ်ကျယ်ပြန့်ပြန့်ခေတ်စားလာတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုရဲ့ ထောင်ချောက်ထဲကိုရောက်ခဲ့တာပါ။ ကျားဖြန့်လို့ လူသိများလာတဲ့ စကားလုံးဟာ Zhàpiàn ဆိုတဲ့ တရုတ်ဘာသာစကားရဲ့ အသံထွက်ဖြစ်ပြီး အဓိပ္ပါယ်ကတော့ လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှု၊ သွေးဆောင်ဖျားယောင်းမှုလို့ အဓိပ္ပါယ်ရပါတယ်။

အနာဂတ်တွေ ပျက်သုဉ်းပေမယ့် တော်လှန်ရေးခရီးကြမ်းမှာ ဆက်လျှောက်နေဆဲ PDF ရဲဘော် ဇာမဏီ (အမျိုးသမီးကဏ္ဍ)

မိသားစုကို လိုလေသေးမရှိ ထောက်ပံ့ပေးချင်ပေမယ့် တောင်ယာအလုပ်နဲ့ ကျပန်းအလုပ်တွေသာရှိနေတဲ့အတွက် ဒီထက်ဝင်ငွေပိုကောင်းတဲ့ နိုင်ငံရပ်ခြားဆီသွားဖို့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပေမယ့် စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သူမရဲ့ နိုင်ငံခြားသွားမယ့် အစီအစဉ် ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်း တိုက်ပွဲဆင်နွှဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အထောက်အပံ့တွေ လိုအပ်နေ

"ဆိုင်ကယ်ဆီဖိုးကအစ ကုန်တယ်လေ။ တနေ့လုံးပွဲက ဆက်တိုက်တွေဖြစ်နေတာ။ မိုင်းဆွဲရတာလည်း ကုန်ကျ စရိတ်တွေများတာမို့ နီးစပ်ရာတွေကနေ ကူညီပေးကြဖို့ တောင်းဆိုပါတယ်"

အစုလိုက်အပြုံလိုက်လူသတ်မှုတွေကျူးလွန်ခဲ့တဲ့ အင်ကြင်းမြိုင်တပ်ကို PDF တွေ သိမ်းပိုက်

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူထားတယ်လို့ သိရပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့အန္တိမအဂ္ဂိဈာပန ပြင်ဆင်ထားမှုမြင်ကွင်းများ (Photo News)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့အန္တိမအဂ္ဂိဈာပနအခမ်းအနားကို မြို့ရှောင်လမ်းရှိ ဆင်ဖြူကွင်းသုဿာန်မှာ ဇွန် ၂၇ ရက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး အခမ်းအနားပြင်ဆင်ထားရှိမှုမြင်ကွင်းတွေ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ အမေရိကန်နိုင်ငံသား မိုက်ကယ်စလန်းဒစ် (ရုပ်ပုံလွှာ)

၂၀၂၁ ကတည်းကစတင်ခဲ့တဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ အမျိုးသမီးနဲ့ လူငယ်တွေအများစု ဒီနေ့အထိ ပါဝင်လှုပ်ရှားနေတာကြောင့် လွယ်လင့်တကူရှုံးနိမ့်သွားမယ့် တော်လှန်ရေး မဟုတ်ဘူးလို့ မိုက်ကယ်က ယုံကြည်နေပါတယ်။

မတ္တရာမှာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ ကြည်းကြောင်းနဲ့ ပူးပေါင်းတိုက်နေ

တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာက လက်ရှိမှာ မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ မန္တလေး-မိုးကုတ်ကားလမ်း အနီးဝန်းကျင်တွေမှာ ဇွန် ၂၅ ဒီနေ့မနက်မိုးလင်းကတည်းကစတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

နေရပ်မပြန်နိုင်သေးသည့် စစ်ကိုင်းတိုင်းမှ စစ်ရှောင်များ (Photo News)

စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲများ၊ စစ်ကောင်စီ တပ်သားများ၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုများကြောင့် သိန်းနှင့်ချီသည့် ဒေသခံများမှာ ၎င်းတို့ပိုင်ဆိုင်သည့် အိုးအိမ်၊ လယ်ယာများကို စွန့်လွှတ်ကာ ဘေးကင်းလုံခြုံမည့်ဒေသသို့ တိမ်းရှောင်နေထိုင်နေရခြင်းဖြစ်သည်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10