ရခိုင်စစ်ရှောင်စခန်းတချို့ မိုးမကျမီ_အရေးပေါ်ပြုပြင်ရန်လိုအပ်နေပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေ
"ဒီစခန်းကို ဆောက်တာက ၃နှစ်ရှိပြီ။ လေပြင်းတိုက်ခတ်ခဲ့တဲ့နေ့က၂၀၀ လောက်ပျက်စီးသွားတယ်။ တချို့တဝက်ပျက်စီးသွားတာဆိုရင် ကိုယ့်ဘာသာ ပြုပြင်ပြီးနေကြတယ်။ တဆောင် လုံးပျက်စီးသွားတဲ့ တဲအိမ်တွေကျတော့ မပြုပြင်နိုင်သေးဘူး။ မိုးရာသီလေ့ရောက်တော့မယ်။ ပြန်လို့ပြုပြင်နိုင်ဖို့ ငွေးကြေးအခက်အခဲရှိတယ်။ ကျနော်တို့စခန်းမှာက အခုဆိုရင်အကူအညီတွေ လုံးဝမရဘူး။"