မိစ္ဆာတို့အတွက် အနုပညာရှင်းတမ်း (အတွေးအမြင်ဆောင်းပါး)
အမှန်တရားမရှိလျှင် အနုပညာမရှိချေ၊ အမှန်တရားကို မသိလျှင် အနုပညာခံစားမှုမှာ အချည်းအနှီးသာဖြစ်သည်။ အမှန်တရားကို သိရှိခံစားတတ်သော လူတစ်ယောက်က အနုပညာဆိုင်ရာပစ္စည်းတခုခုအား အသုံးပြုလိုက်စဉ် အနုပညာဆန်သော သံစဉ်များ၊ ကဗျာများ၊ စုတ်ချက်များ၊ စာပိုဒ်များ၊ ကချိုးကဟန်များထွက်ပေါ်လာရသည်။ ထိုသို့အနုပညာဆန်ရန် ရင်ဘတ်အတွင်းမှ တင်းကျပ်နေသော ခံစားချက်များလိုသည်။ မျက်ရည်များလိုသလို ချစ်ခြင်းမေတ္တာအစစ်များလိုသည်။