တောင်ငူမှာ စစ်သား ၈ ဦးသေဆုံးပြီးနောက် ပဲခူးရိုးမပေါ်ကို အရပ်သားကားတွေနဲ့တက်ဖို့ စစ်ကောင်စီပြင်ဆင်နေ
"ဒီနေ့ မနက် ၁၀ နာရီ ၀န်းကျင်လောက်က ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာမှာ စကစ က လူစုပြီး အနောက်ရိုးကိုတက်ဖို့ ဒေသခံကားတွေကို ချောလိုက်ဆွဲနေတာတွေရှိတယ်။ စကစ က တောင်ငူခရိုင် အနောက်ရိုးမကို နယ်မြေရှင်းလင်းရေးပုံစံ လုပ်နေတာ ဆိုတော့ အားလုံးက ဆက်စပ်နေပါတယ်"