Danger

ပျူခေါင်းဆောင်ရဲ့သားမင်္ဂလာဆောင်ပွဲမှာ စုဝေးနေတဲ့စစ်အုပ်စုကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပွဲပျက်

“ပျူခေါင်းဆောင်မြင့်အောင်ရဲ့ သား မင်္ဂလာဆောင်မှာ စစ်သားတွေ၊ ပျူတွေ၊ ရဲတွေ အင်အား ၅၀ လောက် ရှိနေတဲ့အချိန်တိုက်ခိုက်ခဲ့တာ၊ မင်္ဂလာပွဲစစချင်းပစ်တာ၊ ပွဲတော့ဆက်မလုပ်နိုင်တော့ဘူး။ စကစတွေထိခိုက်မှုကိုတော့မသိရသေးဘူး” လို့ ပြောပါတယ်။

၃လတာအတွင်း စစ်ကောင်စီဘက်က ၁၀၀ကျော် သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ပြော

တိုက်ပွဲအတွင်း စစ်ကောင်စီဘက် သေဆုံးစာရင်းကိုတော့ မျက်မြင်သက်သေနဲ့ တပ်တွင်း ဖရဲသီးတွေရဲ့ ပြောပြချက်အရသိရတာလို့ ပြောပါတယ်။ စစ်ကောင်စီဘက်က သေဆုံးတဲ့အထဲမှာ တပ်မ ၉၉ ဘီလူးစစ်ကြောင်းက စစ်ကြောင်းမှူးအပါအဝင် စစ်သားတွေနဲ့ ပျူးတွေပါ သေဆုံးခဲ့တာလို့ ဗိုလ်သက်ကြီးဆီက သိရပါတယ်။

မြင်းမူ စီးပွားရေးဘဏ်က စစ်သားတွေ လက်ပစ်ဗုံးနဲ့ပစ်ခံရလို့ ၂ ဦးသေဆုံး

“ည ၉ နာရီလောက်မှာ မစ်ရှင်လုပ်ဖို့ တချက်သွားကြည့်တယ်။ *တွေက ငြိမ်နေကြတယ်။ သောက်စားနေတဲ့ပုံပါ။ ည ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ အရက်သောက်တာ ၈ ယောက်လောက်ရှိတယ်။ ဖုန်းသုံးနေကြတယ်။ လက်တပစ်စာ အနီးကပ်ဆုံးချဉ်းကပ်ပြီးပစ်လိုက်တာ။ ဘန်ကာသဲအိတ်ကျော်ပြီး ကြားထဲကျတာ။ *အသေအပျောက်များတယ်”

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ပျူရွာ လက်နက်ကြီးနဲ့ အချက် ၂၀ ပစ်ခတ်ခံရ

“မနေ့က ၄ နာရီလောက်က ကြက်တူရွေးရွာဘက်ကနေပြီးတော့ ရွာသာယာရွာဘက်ကို ကူးတာ၊ ညပိုင်းမှာ ရွာသာယာရွာထဲကို ဝင်ပြီးပစ်ခဲ့တာ၊ အဲ့လိုပစ်ခတ်တိုက်ခိုက်တာမှာ ထိခိုက်သေဆုံးမှုတော့မသိရသေးပါဘူး၊ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ၁၅ လုံးလောက်ပြန်ပစ်တယ်”

မီတာခလိုက်ကောက်တဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရဟုဆို

"Center ၁ စီး Mark 2 ၁ စီး Pardo ၁ စီးတို့နဲ့ အင်အား ၂၀ လောက်ပါတယ်။ ရှေ့ထိပ်နောက်ထိပ်ကို ပါဆယ်မိုင်း ၃ လုံးစီချတာ။ မိုင်းအထုပ်မြင်လို့ ကားကိုရပ်ပြီး ကားပေါ်ကနေ လက်နက်ကိုင် ၂ ကောင်က ဆင်းလာတဲ့အချိန် ဆွဲလိုက်တာမှာ အဲဒီ ၂ ကောင်က ပွဲချင်းပြီး သေတယ်။ ကျန်တဲ့မိုင်းက ကားကိုခွဲလိုက်တာမှာ ၃ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်"

စစ်ကြောင်းထိုးဖို့ ရှေ့ပြေးလွှတ်လိုက်တဲ့အဖွဲ့ကို ပကဖ တိုက်ခိုက်လို့ ၅ ဦးသေဆုံး (ရုပ်/သံ)

အဲ့ဒီစစ်ကြောင်းက တောင်အိုတာတောင်ကျေးရွာနဲ့ သမန္တပို့တောင်ရွာ နေအိမ်တွေကို မွှေနှောက်ပြီး သမန္တပို့အလယ်ရွာကို ကူးဖို့ ရှေးပြေးလွှတ်လိုက်တဲ့ ၅ယောက်ကို မတ်လ ၂၃ရက် မနေ့က မနက် ၁၀နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်

ကျောင်းရှေ့ စစ်ဆေးရေးလုပ်နေတဲ့ စစ်အုပ်စု RPG နဲ့ပစ်ခံရလို့ စစ်သား ၅ ဦး ဒဏ်ရာရ(ရုပ်/သံ)

"ပေါက်မြို့အဝင် အိမ်တွင်းမှုကျောင်းမှာ တပ်စွဲထားတဲ့ စစ်သား၊ရဲ နဲ့ ပျူတွေက လမ်းသွားလမ်းလာတွေကို ပိုက်ဆံ အတင်းအကြပ်တောင်းတာကြောင့် ဝင်ပစ်တာ။ သူတို့နဲ့ကျနော်တို့ကနီးတယ်။ ဘောလုံးကွင်တကွင်းစာတောင်မရှိဘူး"

ခလရ ၂၅၈ က စစ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရ

“ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ စစ်သား ၅ ဦး ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရတဲ့သူတွေကို ကျောက်လှေကားအနီးမှာရှိတဲ့ GTC ကျောင်းထဲကို သုံးဘီးနဲ့တင်သွားတယ်”

သေနတ်တလက် ဖြေဖြူတဖက်နဲ့ ဆရာမ မှုံ (ရုပ်/သံ)

ရင်ဖုံးအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းဆရာမ ဘဝကို ၃ နှစ်လောက်သာ ဖြတ်သန်းခဲ့ရပြီး စစ်တပ်က အာဏာသိမ်းမှုနဲ့ ကြုံကြိုက်ခဲ့တဲ့ မန္တလေးသူ ဆရာမ မှုံဟာ မတ္တရာမြို့က အထက်တန်းကျောင်းဆရာမ တဦးပါ။ စစ်တပ်က မဲစာရင်းမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်တာကို လက်မခံနိုင်တဲ့ ဆရာမ မှုံတယောက်လည်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့လို့ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံလိုက်ရပါတယ်

မြိုင်မှာ စစ်အုပ်စုကို တိုက်ခိုက်ရင်း PDF တဦးသေဆုံး၊ စစ်သားတွေလည်း သေဆုံးမှုရှိ

“၆ နာရီဝန်းကျင်မှာ မိုင်း ၂ လုံးခွဲတာ။ သရက်ကန်ရွာက ဒဏ်ရာရတဲ့ကောင်တွေကို မြိုင်ဆေးရုံပို့ဖို့ ကင်းပုန်းဝတ်ပေးနေတဲ့ ၅ ယောက်လုံးကို မိုင်းဆွဲခဲ့တာမှာ ၅ ယောက်လုံး သေတယ်။ နေ့လယ် ၁၀ နာရီလောက်မှာ သရက်ကန်ရွာက ထွက်လာတဲ့ ဖောကားတွေကို အဖွဲ့ ၃ ဖွဲ့ ပေါင်းပြီးမိုင်းဆွဲတာမှာ ဖောကားတွေတော့ ပျက်သွားတယ်။ ညနေ ၁ နာရီ ၂၀ မိနစ်လောက်မှာ မြိုင်ဘက်ကထွက်လာတဲ့ကားကို ကိုင်းတောမ ရဲစခန်းနဲ့ စက်မှု ၂ အကြား မိုင်းဆွဲတိုက်ခိုက်တာ”

ကန့်ဘလူမှာ မိုင်းရှင်းလာတဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

“စစ်*နဲ့ ပျူ* ၅ ဦးလောက်‌ ခြေလျင်မိုင်းရှင်းထွက်လာတာကို ဂျိုးမြေဇင်း (မင်းကောင်မြောင်း) တံတားဖြူနားမှာ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်လိုက်တာ၊ နေရာတင် စစ်* ၁ ကောင်၊ ပျူ ၂ ကောင်သေတယ်”

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကားအထင်နဲ့ ဆွဲလိုက်တဲ့မိုင်းကြောင့် ရဲမှူးချုပ်အပါ ၄ ဦးသေဆုံး

"Alphard အနက်ရောင်ကားကို ထိသွားတယ်။ ကားကတော့ မှောက်သွားတယ်။ မှန်တွေလည်း ကွဲထွက်သွားတာ။ ပွိုင့်ကားနဲ့ အိမ်စီးကားတွေနဲ့ လာကြတာ။ ကား ၁ စီးထဲ မိုင်းမိတာ။ ကားလည်း စုတ်ပြတ်သတ်သွားတယ်"

နှစ်ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ပျူခေါင်းဆောင်နေအိမ် ပျက်စီး (ရုပ်/သံ)

အင်အား ၃၀ ဝန်းကျင်ရှိတဲ့ သရက်ကွရွာက ပျူစောထီးတွေကို မတ်လ ၁၉ ရက်က တိုက်ခိုက်မှု ၂ ကြိမ်၊ မတ်လ ၂၀ ရက်နေ့မှာ ၁ ကြိမ်တိုက်ခိုက်ခဲ့တာ

ပျူအများအပြားရှိရာ ရွာကိုဝင်တိုက်ချိန် လက်နက်ကြီးနဲ့ပစ်လို့ ဆုတ်ခွါခဲ့ရ

"ပျူစောထီးအင်အား ၅၀ လောက်ကို လက်နက် ၄၀ လောက် ချပေးထားတာ။ အဲဒီရွာကို ဝင်တိုက်တာမှာ သူတို့က ကားလမ်း၊ လှည်းလမ်းတွေ အကုန်ဖျက်ထားတယ်။ ချဉ်းကပ်တာမှာ ရဲဘော် ၂ ယောက် နင်းမိုင်းနင်းမိတယ်။ ကျနော်တို့အင်အားတော်တော်များများနဲ့ သရော်ကိုင်းကို ကပ်နိုင်တဲ့အချိန်မှာ ချောင်းကူးဘက်ကနေ စစ်**တွေက လက်နက်ကြီး ၁၂၀ မမ နဲ့ ၆ လုံးလောက် ပစ်ကူပေးတော့ ထိခိုက်မှုများမှာကြောင့်လို့ ပြန်ဆုတ်ခွာခဲ့တယ်"

PDF ဌာနချုပ်ကို အလစ်ဝင်စီးတဲ့ တပ်မ ၉၉ စစ်ကြောင်း ပြန်တိုက်ခိုက်ခံရလို့ ၆ ဦး သေဆုံး (ရုပ်/သံ)

"ဘီးလူးကွန်မန်ဒိုစစ်ကြောင်း အင်အား ၂၀၀ လောက်ရှိတယ်။ ကျ‌နော်တို့ ရဲဘော်တွေ ဒဏ်ရာရတာကြောင့် ဒဏ်ရာရ ရဲဘော်တွေကိုလိုက်ပို့တဲ့အချိန် နေ့လယ် ၁၁ နာရီလောက်မှာ ကျနော်တို့စခန်းကို အလစ်ဝင်တိုက်တာ။ အဲလို ဝင်တိုက်ခံရလို့ ကျနော်တို့ ဌာနချုပ်စခန်းကို စွန့်ခွာပေးခဲ့ရတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10