ဒေသခံနေအိမ်ကို သိမ်းပြီး တပ်စွဲနေတဲ့စစ်အုပ်စု ဗုံးချတိုက်ခိုက်ခံရ
“ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တာ၊ အတွင်းသတင်းပေးချက်အရ ၄ ကောင်သေတယ် သိရတယ်”
“ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တာ၊ အတွင်းသတင်းပေးချက်အရ ၄ ကောင်သေတယ် သိရတယ်”
“ကျဆုံးရဲဘော်ရဲ့ အလောင်းကိုသယ်နိုင်ခဲ့ပြီး သူ့ရဲ့ဈာပနအခမ်းအနားလုပ်ဖို့ ပြင်ဆင်နေပါတယ်” လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈၊ ဓါးမဆိုင်းတပ်မတော် (D.M.S.A) ဗိုလ်စွမ်းက ပြောပါတယ်။
“(စစ်ကောင်စီဘက်က) ၁ ကောင်သေတယ်။ ၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာရတယ်။ ထောက်ပို့တွေ ပြည်သူတွေပြောပြချက်အရ သိရတာပါ။ အဲ့ဒီဂိတ်ကို နာရေးကား ၁ စီးရောက်လာတယ်။ နာရေးကားနဲ့ သေဆုံးတဲ့အလောင်းနဲ့ ဒဏ်ရာရသူတွေကို ပခုက္ကူမြို့ထဲ ပြန်သယ်သွားတယ်”
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ မြင်းခြံအခြေစိုက် တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ က စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးနဲ့ ကာကွယ်ရေးရဲဘော် ၁ ဦးသေဆုံးခဲ့တယ်လို့ Myingyan District Army - 4 Natogyi PDF ဆီက သိရပါတယ်။
ဇန်နဝါရီ ၁၇ရက် နေ့လယ် ၁၁နာရီလောက်မှာ ဖောင်ချဥ်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေသယ်လာတဲ့ကားကို နဘူးအိုင်နဲ့ဝက်လူးလမ်းပိုင်းမှာ မိုင်းဆွဲခဲ့တဲ့ အပြင် နောက်ထပ်စစ်ကူလာတဲ့ ကား ၂ စီးကိုပါ မိုင်းထပ်ဆွဲခဲ့တာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။
ငြိမ်းဇာနည်စခန်းကို သိမ်းနိုင်တော့မယ့်အနေအထားထိ ပစ်ခတ်တိုက်ခိုက်နိုင်ပြီး အဆောက်အဦများ ပျက်စီးကုန်ကာ စစ်ကူလာရောက်ခဲ့လို့ မသိမ်းနိုင်ခဲ့တာလို့ သူကဆက်ပြောပါတယ်။ ငြိမ်းဇာနည်းစခန်းမှာ ယခင်က တပ်သား ၇ ဦးခန့်သာ တပ်စွဲထားရာက တိုက်ခိုက်မယ့်သတင်းပေါက်ကြားမှုကြောင့် အင်အားထပ်မံဖြည့်တင်းထားသလို လက်နက်တွေလည်း တပ်ဆင်ထားတာလို့ ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက်ဆားလင်းကြီးမြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတဲ့အင်အား ၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကြောင်းနဲ့ နံနက် ၁၀ နာရီကစပြီး ပေပင်ကန်တိုက်ဟောင်းကျောင်းဘက်ကနေ ဆားထုံးရွာအဝင်မှာ ၁ ကြိမ် ဆားထုံးရွာထဲမှာ ၂ ကြိမ် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ Chindwin Dynamice(Salingyi) တာဝန်ခံက ဆိုပါတယ်။
သင်တန်းတက်စဥ်က သင်တန်းသား ၈၀ ကျော်တက်ခဲ့ပေမယ့် စည်းကမ်းမကိုက်ညီတာ၊ ကျန်းမာရေးအခြေအနေတွေကြောင့် ရဲဘော် ၄၃ ဦးသာ ကျန်ရှိပြီး သူတို့ကို အခုလိုလက်နက်တပ်ဆင်ပေးခဲ့တာလို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
မြေပြင်စစ်ဆင်ရေးများကို ပြောက်ကျားစနစ်ဖြင့် ဖော်ဆောင်နေပြီး ဒရုန်းစစ်ဆင်ရေးတွင်ဗုံးသီးဝယ်ဖို့ ငွေကြေးအခက်အခဲများ ရှိလာသည်။ ဘယ်လိုမှ မတတ်နိုင်တော့သည့်အဆုံးဗုံးသီးတွေကို သူတို့ကိုယ်တိုင် ထုတ်လုပ်ခဲ့ကြသည်
“စခန်းသိမ်းဖို့ ရည်ရွယ်ချက်မရှိပေမယ့် ထိရောက်မှုရှိအောင် မီတာ ၁၀၀ ဝန်းကျင်က ပစ်ခဲ့တာ။ နောက်ဆက်တွဲ စုံစမ်းလို့ သိရတာက ၂ ယောက်က အပြင်ဆေးရုံတွေ မပို့ဘဲ ကြိတ်ကုတာ။ ၂ ယောက်သေသွားပြီးတော့ စခန်းထဲမှာရှိတဲ့ မိသားစုဝင် ၁ ယောက်အပြင် ကျန်တဲ့ ၄ ယောက်နဲ့ စုစုပေါင်း ၅ ယောက်ဒဏ်ရာရတယ်”
“ စစ်ကောင်စီကတော့ စခန်းစွန့်ခွာသွားပြီ၊ စခန်းကို အပိုင်သိမ်းနိုင်းခဲ့တယ်။ ကျဆုံးရဲဘော်တွေရဲ့ ဈာပနလုပ်တာတော့ ရက်တွေမတူဘူး။ နောက်ဆုံးလုပ်ဖြစ်တာကတော့ ၁၅ ရက်နေ့ကပါ"
“ သင်တန်းတက်တာက ရဲဘော် ၈၀ နီးပါးတက်တယ်။ သင်တန်းစည်းကမ်းချက်နဲ့ မကိုက်ညီတာတွေ ကျန်းမာရေးမကောင်းတာတွေရှိတော့ ရွေးချယ်ပြီး လက်နက်တပ်ဆင်ပေးနိုင်တာကတော့ ၄၃ ဦးရှိတယ် “
ဇန်နဝါရီလ ၁၅ ရက် မနေ့က မနက်ပိုင်းမှာ ကျားညီနောင်-Tiger Brother LPDF အဖွဲ့က စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ ရွာသာကြီးကျေးရွာကို မိုင်းထောင်ရန်သွားစဥ် သတင်းပေါက်ပြီး စစ်တပ်ကအင်အား ၂၀ ကျော်နဲ့ကျေးရွာထိပ်ကို ထွက်လာလို့ ကာကွယ်ရေးတပ်တွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပါလုပ်ခဲ့တယ် လို့ ဆိုပါတယ်။
"ကျနော်တို့ ပစ်ခတ်ခဲ့တာက မီတာ ၅၀ အတွင်းမှာ ပစ်ခတ်ခဲ့တာ။ ပြည်သူတွေ သတင်းပေးတာတော့ ၅ ယောက်သေပြီး ၁၅ ယောက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။"
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက မွမ်းမံသင်တန်းဖွင့်ကာ စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၁ လနီးပါးအကြာ ဇန်နဝါရီ ၁၃ ရက်မှာ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်၍ စစ်လက်နက်ပစ္စည်းတွေလည်း ပေးခဲ့တယ်လို့ Young Force - UG ရဲဘော် ဝိုင်ပီက ပြောပါတယ်။