Danger

ယင်းမာပင်မှာ စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ရွာသား ၃ ဦးကိုပါ မီးရှို့သတ်ခဲ့

“ကုန်းရွာက နေအိမ် ၈၀၀ ခန့်ရှိတာ။ စစ်ကောင်စီတပ်သားတွေက မီးရှို့တယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်း ၇ နာရီထိုးမှာ ရှို့ပြီး မတ်လ ၁ ရက် မနက်ပိုင်းမှာ ထပ်ရှို့တယ်။ အိမ်ခြေ ၈၀၀ ‌ခန့်ရှိတာ အိမ် ၇၀ လောက်ပဲ ကျန်တယ်”

ရှေ့တန်းပြန် PDF တွေကို ဒေသခံတွေက သပြေပန်းတွေနဲ့ ကြိုဆို (ရုပ်/သံ)

အခုလို ရှေ့တန်းပြန်လာမှာကို ဒေသခံတွေက ကြိုသိထားတာမျိုးမဟုတ်ဘဲ သူတို့ဖြတ်သွားတဲ့ ရွာတွေကတဆင့် သိရပြီး နောက်ရွာတွေက စောင့်ပြီးကြိုဆိုခဲ့ကြတာ ပြည်သူ ၁၀၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေကို အရေးပေါ်ကားနဲ့ သယ်သွားဟုဆို

“မတ္တရာမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မြွေဟင်္သာရွာနဲ့ ကားလမ်းအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ မိုင်းဆွဲလိုက်တာက ၃၂ ယောက်ပါတဲ့ စစ်ကြောင်းကိုပါ။ ထိခိုက်မှုကများပြီး ကျနော်တို့ သိတာက ၅ ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ည ၉ နာရီ ၄၅ မိနစ်မှာ သူတို့ကား ၇ စီးနဲ့ လာသယ်သွားပြီး မတ္တရာမြို့ထဲကို ပြန်သွားတယ်”

စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၆၀ မမ ၁၀၀ မမ တို့နဲ့ ပစ်ခတ်ခံရလို့ သေဆုံးမှုရှိနိုင် (ရုပ်/သံ)

အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ပခုက္ကူတပ်မ ၁၀၁ က စစ်သား‌တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေလို့ ဖေဖော်ဝါရီ ၂၈ ရက် မနေ့က ညနေပိုင်းမှာ ၆၀ မမ ၁၀၀ မမ တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People's Defence Force မိုက်ခဲ(M.Y.G) တာဝန်ခံက ပြောပါတယ်။

မြိုင်မြို့ပေါ် စစ်တပ်စစ်ဆေးရေးဂိတ် အနီးကပ်တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံးဟုဆို

“အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ခွေး ရဲခွေး နဲ့ ပျူခွေး ၁၈ ကောင်လောက် ရှိတယ်။ ကျနော်တို့ ဘောလုံးကွင်း ၁ ကွင်းစာလောက်ကပ်ပြီးတော့ အရင်ပစ်ခဲ့တာ။ အခုမနက်တော့ ၃ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ ကြားတယ်။ သေတဲ့အလောင်း ၃ လောင်းကို အဲဒီအနားမှာ သင်္ဂြိုလ်နေတယ်လို့ သိရတယ်။ တပ်မ ၁၀၁ က စစ်သားတွေပါ။ ပစ်ခတ်တာက ၁၁ မိနစ်ပဲ ကြာတယ်"

စစ်ကောင်စီမီးရှို့လို့ ကုန်းရွာဒေသခံ ၁ သောင်းခန့် ထွက်ပြေးတိမ်းရှောင်ရ

"စစ်ကောင်စီတပ်သားတွေက ဝါးရုံတောထဲကနေလာပြီး ကျွန်းတော၊ မြင်သာကုန်းကနေ ကုန်းရွာဘက်ကိုဝင်လာတာ၊ ရွာရဲ့အနောက်ဘက်က နေအိမ်တွေဖျက်ဆီးပြီး မီးတွေရှို့တယ်၊ ကုန်းရွာရွာမကြီးထဲကတော့ အိမ်‌ခြေ ၈၀၀ လောက်ရှိတယ်၊ စတင်မီးရှို့တာက ည ၇ နာရီမှာမီးရှို့တာ၊ လက်ရှိအချိန်အထိ စစ်**တွေက ရွာကနေအိမ်တွေကို မီးရှို့နေလို့ အိမ်ဘယ်လောက်မီးထဲပါတာအတည်မပြုနိုင်သေးဘူး၊ ကုန်းရွာ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရတယ်"

စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်ခံ ပြည်သူတွေနဲ့ ကျဆုံးရဲဘော်တွေအတွက် NUG က ငွေးကြေးထောက်ပံ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရသူတွေနဲ့ တိုက်ပွဲတွင်း ကျဆုံးရဲဘော်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ - NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့တဲ့ငွေကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ကတဆင့် သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ပေါက်နယ်မှာ PDF တွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၅ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ် သဖန်းချောင်းကျေးရွာမှာ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDF ၃ ဖွဲ့ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းဆရာမ မဖြစ်ခဲ့ရတဲ့ ရဲမေထွေးထွေး (ရုပ်/သံ)

အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ မထွေးထွေးရဲ့ ကျောင်းဆရာမဖြစ်ချင်တဲ့ အိမ်မက်က အာဏာသိမ်းမှုကြောင့် ပျက်ဆီးခဲ့ရပါတယ်။ အခုတော့ အာဏာသိမ်းမှုကို လက်မခံတဲ့ မထွေးထွေးတယောက် အိမ်ကသဘောမတူတဲ့ ကြားက သခင်ဒေါင်းညို ဆိုတဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့ထဲမှာ ဆေးတပ်သား ရဲမေတာဝန်ကို ထမ်းဆောင်နေပါပြီ။

ရွာမှာ စစ်တပ်ချပေးဖို့ စာတင်ထားတဲ့ ပျူစောထီးခေါင်းဆောင် ၅ ဦး တညတည်း ပစ်သတ်ခံရ

“ပျူခေါင်းဆောင် ၅ ဦးကို တညတည်းမှာ လူခွဲပြီးရှင်းခဲ့တာ၊ သူတို့ရွာကို စစ်တပ်ချဖို့ စာတင်ထားတာ၊ စစ်တပ်အထိုင်ချဖို့ စာကလည်းကျလာပြီ။ အဲဒီရွာက ပျူတွေက ဆင်မရဲကျေးရွာမှာ ပေါင်းပြီးနေတာ။ စာကျလာလို့ သူ့ရွာသူ ပြန်လာတာ၊ ညမှာပဲ ချက်ခြင်းသွားရှင်းခဲ့တာ” လို့ Myingyan Black Tiger ဗိုလ်မိုက်ခဲ က ပြောပါတယ်။

စစ်အုပ်စု ရိက္ခာသယ်လမ်းကြောင်းကို လုံခြုံရေးယူနေတဲ့ စစ်သားတွေ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ - ပုသိမ်လမ်းပိုင်းရှိ ၁၆ ကုတင်ဆေးရုံဟောင်းအနီးမှာ ကင်းပုန်းဝပ်ကာ လုံခြုံရေးယူနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

မြင်းမူနယ်မှာ လမ်းမှားလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁၇ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင် စခန်းကို မျက်စိလည် ရောက်လာတဲ့ မုံရွာ နမခ က စစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီး ၁၇ ဦး သေဆုံးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ထံက သိရပါတယ်။

ဝက်လက်ကကျေးရွာတရွာမှာ ကျန်းမာရေးမကောင်းသူတွေကို PDF က ဆေးဝါးကုသမှုပေး

“ကျန်းမာရေးမကောင်းတဲ့ လူကြီးတွေ၊ ကလေးတွေအကုန်လုံးကို ဇရပ်မှာပဲခေါ်ပြီး တော့ဆေးကုသပေးခဲ့တာ၊ နေမှုထိုင်မှုအဆင်မပြေတာကြောင့် အအေးပတ်တဲ့သူတွေ များတယ်၊ လူဦးရေး ၈၀ လောက်ကို ကုသပေးနိုင်ခဲ့တယ်” လို့ Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့မှ ဒုခေါင်းဆောင် ဗိုလ်ထက်အောင်က ပြောပါတယ်။

စပါးရိတ်နေတဲ့ ပျူစောထီးတွေ မိုင်းဆွဲခံရလို့ ၂ဦးသေဆုံး

"ပြည်သူတွေရဲ့ ယာခင်းတွေထဲက စပါး၊ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းပြီးတော့ ယူနေကြတာ၊ အဲဒီလိုအချိန်မှာ မဟာမိတ်တွေစုပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တာ၊ မိုင်း ၅ လုံးခွဲခဲ့တာ၊ သေဆုံးတာကတော့ ပျူ ၂ ကောင်ပါ" လို့ ပြောပါတယ်။

နတ်မောက်မှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီအရာရှိ ၂ ဦးအပါ ၄ ဦးသေဆုံးဟုဆို

“နတ်မောက်မြို့နယ်ထဲက စိုင်းကောင်းနဲ့နတ်မောက်မြို့နယ်ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ စောင့်ကြိုပြီး မနက် ၉ နာရီ ၄၅ မိနစ်အချိန်မှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ အိမ်စီးကား ၁ စီးကို တိုက်ခိုက်ခဲ့တာ၊ အရာခံဗိုလ်အဆင့်ရှိသူ ၂ ဦးပါတယ်၊ အားလုံး ၄ ဦး သေတယ်၊ ဘယ်တပ်ရင်းက လို့တော့ မသိရဘူး၊ ယူနီဖောင်းတွေပါတယ်၊ လက်နက်တွေပါတယ်” လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10