ခင်ဦးမှာ ရွာကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရ
“ရုံးစုရွာက နေအိမ်တွေ မီးရှို့ပြီး ညောင်ပင်ကြီးစုရွာက နေအိမ်တွေကို ထပ်ပြီး မီးရှို့တာ၊ မီးရှို့ပြီး ပြန်ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်စစ်ကြောင်းကို မနက် ၁၀ နာရီလောက်မှာ ရုံးစုရွာနဲ့ ညောင်ပင်ကြီးစုရွာအကြား ကန်ဘောင်တွေပေါ်မှာ တိုက်မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။