Danger

စစ်စခန်းနားထိကပ်ကာ စနိုက်ပါနဲ့ပစ်ခံရလို့ စစ်သား ၁ ဦးသေဆုံး

"လမ်းအနောက်ဘက် ကင်းဘန်ကာကနေ ထွက်လာတဲ့ ခွေးတကောင်ကို ကျနော်တို့တွေ့တယ်။ ဘောင်းဘီအရှည်နဲ့ အင်္ကျီအဖြူ ချိုင်းပြတ်(ဂျိုင်းပြတ်) ဝတ်ထားတယ်။ သူကိုင်တဲ့သေနတ်က အူစီ ဒင်ကအနီရောင်လေးနဲ့ အဲဒါတွေပါမြင်ရတယ်။ သူ့ကိုတွေ့တော့ ကျ‌နော်တို့က စနိုက်ပါ ၂ လက်နဲ့ တပြိုင်နက်တည်း ပစ်လိုက်တာ။ အဲ့ဒီခွေးကတော့ တခါတည်းဆိုက်လဲကျပြီး သေသွားတယ်။"

အထူးကွန်မန်ဒိုတွေရဲ့ တိုက်ခိုက်တာခံရလို့ ဆက်ကြေးကောက်နေတဲ့ ဒုရဲအုပ် ၁ ဦးနဲ့ ရဲတပ်ကြပ် ၂ ဦးသေဆုံး

"လမ်းဘက်ကိုထွက်ပြီး ဆက်ကြေးကောက်တဲ့ ကောင်တွေကို ကျနော်တို့က လမ်းခုလတ်မှာပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ နောက်ပြီးတော့ ကျနော်တို့ ဂန်း ၃ လက်ရခဲ့တယ်၊ ရဲ** ၃ ကောင်သေတယ်၊ အနီးကပ်တိုက်ခိုက်ခဲ့တာ၊ ၇ မီတာပဲဝေးတာ၊ တပွင့်ဗိုလ် ဒုရဲအုပ်နဲ့ ရဲတပ်ကြပ် ၂ ယောက်သေတာ"

ပေါက်မှာ စစ်ကောင်စီရိက္ခာကားတွေ တိုက်ခိုက်ခံရ

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီရိက္ခာကားတွေနဲ့ ခြေလျင်စစ်ကြောင်း တို့ကို ရေပြာရဲစခန်းအနီးမှာ နားနေချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

၅၀၀၄ တပ်ရင်းနားက စစ်ဆေးရေးဂိတ် ဝင်ပစ်ခံရလို့ အနည်းဆုံး ၄ဦးသေပြီး လက်နက် ၃လက်ရရှိ (ရုပ်/သံ)

"လက်နက်ရခဲ့တဲ့ ဂိတ်ကတော့ အနောက်တောင်ဂိတ်က ဖြစ်ပါတယ်။ အဲ့ဒီဂိတ်မှာကတော့ သေဆုံးအလောင်း ၄ လောင်းတွေ့တယ်။ နောက်ပြီးတော့ MA 1 ၁ လက်၊ အူစီ ၂ လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရခဲ့တယ်။ မြောက်ဘက်အခြမ်းဂိတ်မှာကတော့ ၁ လောင်းသေတယ်။ ၄၀ မမ ဗုံးသီးကြောင့် ဆေးရုံတက်နေရတဲ့သူ ၂ ဦးရှိတယ်ဆိုတာကတော့ သိခဲ့ရတယ်"

ဒီပဲယင်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)

"တိုက်ပွဲချိန်က ၁ နာရီလောက် ကြာခဲ့တယ်။ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီးတော့ ၁၀ ဦးအထက်ဒဏ်ရာရရှိသူတွေ ရှိတယ်။ တိုက်ပွဲဖြစ်ချိန် ၅ နာရီ ၅၀ လောက်မှာ Mi 35 ၁ စီးနဲ့ ၁၀ မိနစ်လောက် လာပစ်တာမှာ ကျနော်တို့ဘက်က ပြန်ပစ်လို့ Mi 35 လှည့်ပြန်သွားတယ်။"

ပြည်သူတွေကို ဖမ်းဆီးရိုက်နှပ်နေတဲ့ ခလရ ၂၅၃ က စစ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

အဲ့ဒီစစ်ကြောင်းဟာ တောင်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ပြည်သူတွေကို ဖမ်းဆီး ရိုက်နှက်နေတာကြောင့် စက်တင်ဘာလ ၃၀ ရက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြတာပါ။

ဆီနဲ့လက်နက်တွေ သယ်လာတဲ့ စစ်ရေယာဉ် ၉ စီး ချင်းတွင်းမြစ်အတွင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

"ပခုက္ကူ ဆင်ဖြူရှင်တံတားဘက်ကလာတာ စစ်သင်္ဘော ၂ စီး၊ ဖလက်ခွန် ၆ စီး၊ ဘေးတွဲ ၁ စီးနဲ့ဆို ၉ စီးပါ။ ကျနော်တို့ကြည့်တာတော့ ဆီတွေလို့ ထင်ရတယ်။ သူတို့ဘက်ကလည်း စက်လှေအတွင်းထဲက လှမ်းပစ်ကြတယ်။ တချို့ကျလည်း သဲအိတ်တွေနဲ့ ဘန်ကာလုပ်ပြီး ထိုင်လိုက်လာတာ။ လက်နက်ခဲယမ်းတွေလည်း ပါလိမ့်မယ်ထင်တယ်။"

၃ ထပ်တိုက်ပေါ် တပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး (ရုပ်/သံ)

"အားလုံးပေါင်း ၁၅ ယောက်သေဆုံးကိုတော့ အတည်ပြုထားနိုင်တယ်။ ဆေးရုံပေါ်မှာ ကျန်သေးတယ်ဆိုတော့ သေဆုံးမှုက ဒီထက်ပိုနိုင်တယ်" လို့ Chindwin Attack Force တပ်ရင်း ၄ သတင်းနဲ့ပြန်ကြားရေး တာ၀န်ခံက ပြောပါတယ်။

ပုလဲမြို့ပေါ်က ရဲစခန်းနဲ့ စစ်မှုထမ်းဟောင်းရုံးတို့ တိုက်ခိုက်ခံရ

အဲ့ဒီရဲစခန်းနဲ့ စစ်မှုထမ်းဟာင်းရုံးကို အထူးကွန်မန်ဒိုအဖွဲ့တွေက ၂ဖွဲ့ခွဲကာ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းတိုက်ခိုက်ခဲ့တဲ့ အဖွဲ့ကတော့ ရဲစခန်းမရောက်ခင် ရဲတွေထွက်လာလို့ စျေးနားမှာပဲ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီရဲ့ စခန်းကို ဗုံးသီးချပြီး ကားတွေကို မိုင်းဆွဲ (ရုပ်သံ)

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၂၈ ရက်မှာ မြိုင်နဲ့ ပခုက္ကူကြားက စစ်ကောင်စီတပ်စွဲထားရာစခန်းကို အီနာဂါဗုံးသီး ၄၅ လုံး ချတိုက်ခိုက်ခဲ့ရာ ၆ ယောက်ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

စည်ပင်သာယာပန်းခြံက စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦးပြင်းထန်ဒဏ်ရာရ (ရုပ်/သံ)

"၁၅ မိနစ်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တယ်။ ဒီကောင်တွေအထဲက ကနဦးကျနော်တို့သိရတာတော့ ၁ ယောက်ပြင်းထန်ဒဏ်ရတယ်။ နောက်ဆက်တွဲတော့ ဆက်လက်စုံစမ်းနေသေးတယ်။"

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီသုံးရေယာဥ်တွေ ၂ ရက်ဆက် တိုက်ခိုက်ခံရ (ရုပ်/သံ)

"စစ်သင်္ဘောက အလုံပိတ်ကြီးပါ။ သင်္ဘောပေါ်မှာ ပါလာတဲ့ အင်အားကတော့ မသိနိုင်ပါဘူး။ ၁ စီးတည်းပါ။ ထိခိုက်သေဆုံးမှုကတော့ အခုအချိန်အထိမသိရသေးဘူး။ စုံစမ်းနေဆဲဗျ။ သင်္ဘောကိုတော့ ပစ်တာထိတယ်"

"G3 တလက်ရဖို့ ဒေါင်းရင်းသွေးအဖွဲ့ ဘယ်လိုကြိုးစားခဲ့ရလဲ" (ရုပ်/သံ)

တပ်ဖွဲ့ဖြစ်လာကတည်းက ထောက်ပံ့မှုကြီးကြီးမားမား မရရှိခဲ့ပေမယ့် သူတို့မှာ ရှိတာလေးနဲ့ ရပ်တည်ခဲ့ရသလို ပြည်ပအလှူရှင်တချို့ ထောက်ပံ့တာကို ရိက္ခာအစား သူတို့အတွက် အဓိကလိုနေတဲ့ လက်နက်ခဲယမ်းကိုသာ ဝယ်ယူခဲ့ရတယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ရေစကြိုမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ၁၂ ဘီးကားကို PDF က ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်

“မြို့အဝင်မှာ ၃ လုံးတွဲ မိုင်းနဲ့ တကြိမ်ဆွဲတယ်။ ည ၁၀ နာရီကျော်လောက် ပြန်ထွက်လာတာမှာ နောက်ထပ် တကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာ”

စစ်ကောင်စီရဲ့ ကျားဘီလူးစစ်ကြောင်းက ညောင်ကုန်းရွာသား ၃ ဦးကို ခေါင်းဖြတ်သတ်သွား

“ခေါင်းဖြတ်ပြီးတော့ ကုလားထိုင်ပေါ်မှာတင်ခဲ့တယ်။ ခြေတွေလက်တွေလည်း ဖြတ်တောက်ထားတာတွေ့ရတယ်။ အင်မတန်မှ ရက်စက်ကြမ်းကြုတ်စွာလုပ်ထားတဲ့ အခြေအနေပဲ။ ရုပ်ပျက်ဆင်းပျက် အနေအထား တွေ့ခဲ့ရပါတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10