Danger

ရေလယ်ကျွန်းရွာတိုက်ပွဲမှာ ၁၇ နှစ်အရွယ် PDF တဦးကျဆုံး (ရုပ်/သံ)

စစ်ကြောင်းတွေရှုပ်နေတာကြောင့် ရဲဘော်ရဲ့ ဈာပနကို အောက်တိုဘာလ ၁၄ ရက် မနက် ၇ နာရီမှာ စခခန်းမှာပဲ အကျဉ်းချုံးကာ ဘုန်းကြီး ၄ ပါးပင့်ပြီး ရေစက်ချတရားနာ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ Myingyan Black Tiger (MBT) ဆီက သိရပါတယ်။

ရေလယ်ကျွန်းရွာတိုက်ပွဲမှာ ၁၇ နှစ်အရွယ် PDF တဦးကျဆုံး (ရုပ်\သံ)

စစ်ကြောင်းတွေရှုပ်နေတာကြောင့် ရဲဘော်ရဲ့ ဈာပနကို အောက်တိုဘာလ ၁၄ ရက် မနက် ၇ နာရီမှာ စခခန်းမှာပဲ အကျဉ်းချုံးကာ ဘုန်းကြီး ၄ ပါးပင့်ပြီး ရေစက်ချတရားနာ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ Myingyan Black Tiger (MBT) ဆီက သိရပါတယ်။

ရဲဒုတပ်ကြပ်အပါ ၂ ဦးကို ရေစကြိုပကဖ ဖမ်းဆီး၊ ပြန်ခုခံလို့ပစ်ခတ်ရာ ဒုတပ်ကြပ်သေဆုံး

“ဒီကောင်တွေကို ဆိုင်ကယ်ပေါ်တင်တာမှာ ကျနော်တို့ဆီက လက်နက်လုပြီး ပြန်လည်ခုခံတဲ့အတွက်ကြောင့် ၂ ယောက်လုံးကို ပစ်ခတ်ရှင်းလင်းတာ၊ တယောက်ကတော့ ဒဏ်ရာနဲ့ထွက်ပြေး လွတ်မြောက်သွားတယ်”

ပြည်သူတွေပို့ပေးတဲ့ ထမင်းထုပ်စားပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဆုံရာ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးအဖွဲ့တို့ ၂ ရက်တာ တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ အဲ့ဒီတိုက်ပွဲမှာ ရှေ့တန်းရောက်ရဲဘော်တွေကို ဒေသခံပြည်သူတွေက ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ထားတဲ့ ထမင်းထုပ်အချို့ လာပို့ပေးခဲ့ကြပါတယ်။

ရေလယ်ကျွန်းနယ် နှစ်ရက်ဆက်တိုက်ပွဲ စစ်သားနဲ့ပျူစောထီး အများအပြားသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

မြိုင်ကတိုက်ပွဲမှာ လက်နက်မမျှလို့ PDF ရဲဘော် ၄ ဦးသေဆုံး( ရုပ်/သံ)

"စစ်ကောင်စီအဖွဲ့က ခြုံထဲကထွက်လာတာ မမြင်လိုက်ရဘူး။ မင်္သကာလို့ ပတ်ကင်း ၂ ယောက်ကို ဆိုင်ကယ်နဲ့လွှတ်လိုက်တာ။ ဆိုင်ကယ်ပတ်ကင်းသမားတွေအပြန် ကမ်းထိပ်မှာ ကျနော်တို့စခန်းကို ဝိုင်းဖို့လုပ်နေတဲ့ စစ်ကြောင်းနဲ့တွေ့ပြီးတော့ တိုက်ပွဲဖြစ်တာ" လို့ ရဲဘော်တွတ်ပီက ပြောပါတယ်။

လှတောတိုက်နယ်ရဲစခန်း စီးနင်းခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး (ရုပ်/သံ)

လှတောတိုက်နယ်ရဲစခန်းမှာ စစ်ကောင်စီအင်အား ၄၀ ကျော်တပ်စွဲနေပြီး ယမန်နေ့ အောက်တိုဘာ ၁၀ ရက်ညနေ ၆ နာရီကနေစပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

ပေါက်မှာ စစ်ကောင်စီယာဉ်တန်းနဲ့ခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

ယာကြီးပြင်ကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ လောက်ကိုလာကြိုတဲ့ စစ်ကား ၅ စီးကို အောက်တိုဘာ ၉ ရက် မနက် ၁၁ နာရီခွဲခန့် အင်းတောတောင်ရွာ အထွက်အရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ပခုက္ကူက ထွက်လာတဲ့ စစ်ယာဉ်တန်း ၄ ရက်သာ တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၉ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီ စစ်ယာဥ်တန်းတွေကို အောက်တိုဘာ ၅ ရက်ကနေ ၈ ရက်အထိ ကာကွယ်ရေးအဖွဲ့တွေက ရော့ကတ်တွေနဲ့ပစ်ခတ်ပြီး ဒရုန်းနဲ့ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ဆီက သိရပါတယ်။

တောပုရွာက ပျူစောထီးကင်းစခန်း မနက်စောစောဝင်တိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ လက်နက်ငယ်တွေနဲ့ ရှေ့ကဝင်ပစ်ကြတာ။ နောက်ကနေလက်နက်ကြီး ရော့ကတ်နဲ့ထုတာ။ ပျူတွေဘက်ကလည်း လက်နက်ငယ်တွေ ၈၁ မမ တွေနဲ့ လည်းပြန်ပစ်တယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး။"

စလင်းမြို့ပေါ်မှာ ကင်းပတ်ပြီးပြန်လာတဲ့ ရဲတွေကို PDF က တိုက်ခိုက်

အောက်တိုဘာလ ၅ ရက် ဒီကနေ့မနက်အစော ၁ နာရီခွဲဝန်းကျင်မှာ ဆိုင်ကယ် ၃ စီးနဲ့ ရဲ ၆ ဦးဟာ ကင်းပတ်ပြီး ရဲစခန်းကိုပြန်လာချိန် မြင်တင်ရပ်ကွက်ရှိ ဆင်ကိုးကောင်ဘုရားအနီးမှာ တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။

မြိုင်မှာ PDF က မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီ ၄ ဦးသေ (ရုပ်/သံ)

အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေဟာ ကိုင်းတောမရွာကနေ ဆုံကုန်းရွာဘက် ခြေလျင်လာ တာကို ၂ ရွာ ကြားကနေ မနက် ၁၁ နာရီလောက်မှာ ရှေ့ထွက် မိုင်း ၁၆ လုံးအပြင် လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မုံရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ရဲတဦးကားနဲ့အပြန် ပစ်ခတ်ခံရလို့ သေဆုံး

" ဒီမနက် ၉နာရီလောက်မှာ သူ့ကိုလမ်းကနေစောင့်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ"

မုံရွာစီးပွားရေးတက္ကသိုလ်အနီးက စစ်တပ်ဂိတ်တိုက်ခိုက်ခံရလို့ ၄ ဦးသေ ၂ ဦး ဒဏ်ရာရ (ရုပ်/သံံ)

"စစ်ကောင်စီ ၄ ဦးသုတ်သင်နိုင်ခဲ့တယ်။ ၂ ဦးကတော့ထိခိုက်ဒဏ်ရာရရှိတယ်ဆိုပြီး သတင်းရထားတယ်။"

ရေစကြိုနယ်ထဲမှာ စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့ကတိုက်ခိုက်၊ စစ်သား ၁၈ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရဟုဆို

"ဒီကောင်တွေသေတာက ၁၅ ကောင်သေတယ်။ ဆေးရုံရောက်မှ နောက်ထပ် ၃ ကောင်သေတော့ ၁၈ ကောင်သေတယ်။ ၁၀ ကောင်ဒဏ်ရာရတယ်။ လူနာတင်ကားနဲ့ ၅ ခေါက် လာသယ်ရတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10