ခန့်အောင်

စစ်ကိုင်းတံတားပေါ်က မြစ်ထဲခုန်ချတဲ့ ဘုန်းကြီးရုပ်အလောင်း ပြန်တွေ့

"လက်ရှိက ပိုင်ရှင်မဲ့ဖြစ်နေတယ်။ ရတနာပုံတံတားရဲ့ရေမိုင် ၅ မိုင်အကွာလောက်မှာ စစ်ကိုင်းအပိုင် မြစ်လယ်မှာ ပေါလောပေါ်နေတာကို ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းကို ရေထဲက ဆွဲလာတာကို တွေ့ရတယ်"

စစ်ကိုင်းတိုင်းက မြို့နယ်နှစ်ခုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိနိုင်

“အင်အားက အယောက် ၂၅ ယောက်ရှိတာ။ သူတို့က ကျောင်းဝန်းထဲမှာ ထမင်းစားနေကြတာ။ ထမင်းစားပြီးတဲ့ **၅ ကောင်က ပန်းကန်ဆေးဖို့ ၇ တန်းကျောင်းဆောင်ဘက်ကို ထွက်လာချိန် လျက်ဆားပုလင်း(ဗုံး)နဲ့ ပစ်ခတ်ခဲ့တာ။ **တွေရဲ့အနီးနားကို ကျတယ်။ ၂ ကောင်ကျတယ်။ ၃ ကောင် ဒဏ်ရာ အပြင်းအထန်ရတယ်”

ပြည်သူတွေပျော်ရတဲ့ PDF ရံပုံငွေ မဲဖောက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကိုင်းခရိုင်တပ်ရင်း ၂ - Myaung Union Army- 003 ရဲ့ "အညာမြေမှာစစ်ခွေးမောင်း ပြည်သူ့အားနဲ့အတူပူးပေါင်း" ကမ်ပိန်း ကံစမ်းမဲဖေါက်တဲ့ အစီအစဥ်ကို မတ်လ ၆ ရက်မနေ့က ဒေသခံပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်

ဘုတလင်မှာ ၂ ရက်အတွင်း ပြည်သူ ၅ ဦး မိုင်းထိ

"မြို့အနီးက တောတိုက်တွေနဲ့ ပြည်သူတွေ သွားလာတဲ့လှည်းလမ်းတွေ၊ တောတိုက်တွေက ခြေလျင်လမ်းတွေမှာ နင်းမိုင်းတွေ ထောင်ထားတာပါ။ အလုံးရေက ရာဂဏန်းတော့ ရှိမယ်မှန်းတယ်။ မြို့သိမ်းတိုက်ပွဲ ဆင်နွဲမယ်ဆိုတဲ့ သတင်းထွက်ပြီးကတည်းက နင်းမိုင်းတွေ စထောင်တာ"

ပန်းတောင်းမှာ ဘုရားဖူးကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ၁ ဦးသေဆုံး

"ကားက ရွှေစက်တော်ကနေ ဘုရားဖူးပြန်လာတဲ့ ဧရာသစ္စာ အိတ်စပတ်ကား လို့သိရတယ်။ ဆိုင်ကယ်က ၂ ယောက် စီးတာ။ တိုက်တဲ့ပုံစံကတော့ ဘယ်လိုမျိုးလဲမသိဘူး။ ပုသိမ်-မုံရွာလမ်းက ကား၊ဆိုင်ကယ် ရှင်းတာများပါတယ်။ ၁ ယောက် သေသွားတယ်။ မောင်းတဲ့သူလား၊ နောက်ကလိုက်သူလားတော့ မသိဘူး။ နောက်တယောက်ကလည်း သိပ်အခြေနေမကောင်းဘူး"

ရွှေဘိုမှာ မိုင်းထိလို့ ပျူစောထီး တဦးသေပြီး စစ်သားတဦး ဒဏ်ရာရ

"ဆိုင်ကယ်က စုတ်ပြတ်သွားပြီးတော့ ပျူကတော့ ပွဲချင်းပြီး သေသွားတယ်။ စစ်သားကတော့ ခြေတဖက် ပြတ်သွားတယ်။ သေနတ်ဖောက်သံလည်း မကြားရဘူး။ တနာရီလောက်ကြာတော့မှ အလောင်းနဲ့ ဒဏ်ရာရစစ်သားကို လာကောက်သွားတယ်"

စစ်ကိုင်းမှာ ကိုရင် ၁ ပါး ရေနစ်သေဆုံးပြီး ဘုန်းကြီး ၁ ပါး မြစ်ထဲခုန်ချမှု ဖြစ်ပွား

"ကိုရင် ၃ ပါးက ဧမြဝတီရေဆိပ်မှာ ရေဆင်းဆော့ရင်း နစ်တာ။ အဲဒါမှာ ကိုရင် ၂ ပါးကတော့ အသက်ရှင်လျက် ပြန်ရတယ်။ တပါးကတော့ ဆုံးသွားတယ်”

စစ်တပ်က မီးရှို့ခဲ့တဲ့ရွာကို PDF က ရှင်းလင်းရေး လုပ်ပေး

"မီးလောင်သွပ်တွေ၊ သစ်တိုသစ်စတွေနဲ့ မီးလောင်ကျွမ်းပျက်စီးသွားတဲ့ ပစ္စည်းတွေ၊ ပြာတွေကို မီးဘေးသင့်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ရှင်းလင်းပေးခဲ့သလို မီးလောင်ခံထားရတဲ့ အုတ်တိုက်တွေကိုလည်း ဖြိုဖျက်ပေးခဲ့ရတာတွေ၊ အိမ်တိုင်တွေ ချွတ်ပြီး စုပုံပေးရတာတွေလည်း ရှိတယ်"

စစ်ကိုင်းမှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ

"ပထမစစ်ယာဥ်တန်း ၃ စီးက မုံရွာကနေ စစ်ကိုင်းကို သွားတာ။ နောက်ဆုံးက ကားရဲ့ နောက်ပိုင်းကို ထိတယ်။ ဒုတိယအကြိမ်က စစ်ကိုင်းကနေ မုံရွာကို သွားတဲ့ကား ၅ စီးကိုတိုက်တာမှာ နောက်ဆုံးကားပဲ ဘော်ဒီတွေ စုတ်ပြတ်သွားပြီး ဒဏ်ရာရရှိခဲ့သူတွေ ရှိတယ်”

ကဗျာဆရာကေဇဝင်း ကျဆုံးခြင်း ၂ နှစ်ပြည့် ပေါင်းတည်က လူငယ်တွေဆန္ဒပြ

"ခင်ဗျားတို့နဲ့ ကျနော်ကွဲလွဲခဲ့လည်း ခင်ဗျားတို့အတွက် ကျနော် အသက်ပေးမှာပါပဲ"

ဘုတလင်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး လက်နက်တွေပါ သိမ်းဆည်းခံရ

"စစ်သား ၃ ယောက် မနက်အစောပိုင်း အိမ်စီးကားအဖြူနဲ့ ဂိတ်ကို ရောက်လာတာကို တိုက်ခိုက်ခဲ့တာပါ။ စစ်သားတွေ တချက်မှ ပြန်ပစ်ချိန်တောင် မရဘူး။ ပစ်ခတ်ချိန် ၅ မိနစ်အတွင်း နေရာမှာပဲ ပွဲချင်းပြီး သေကုန်တာပါ"

ဝက်လက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူတွေရှိ

"သူတို့က ဘင်တဲကုန်း ဘုန်းကြီးကျောင်းထဲရောက်တာနဲ့ ကျနော်တို့က စပစ်တာ ဘင်တဲကုန်းရွာ အထွက်မှာ လက်နက်ကြီးထိတာ အဲဒီမှာ စစ်တပ်က လက်နက်မျိုးစုံ ပစ်ခတ်ပြီး ဆောင်ပခက်တွေနဲ့ သခွတ္တောရွာကို ထမ်းသွားတာ ၅ ဦး၊ အဲဒီကနေ ၃ ဖာလုံလောက်ပဲ ဝေးတဲ့ ဝက်လက်ဆေးရုံကို နာရေးကားနဲ့ သယ်သွားတာ"

စစ်ကိုင်းမှာ ပကဖခေါင်းဆောင်နဲ့ လူသားဒိုင်းအဖြစ် ဖမ်းခံထားရတဲ့ ပြည်သူ ၁၅ ဦးသတ်ခံရ

“ဓါးစာခံ ဖမ်းဆီးခံရတာက ၁၆ ဦးပါ။ လောလောဆယ်တော့ အလောင်း ၁၅ လောင်းပဲ တွေ့ပါတယ်။ တွေ့ တာက မြင်းမူနယ်ထဲက ညောင်ရမ်းရွာနားမှာ တွေ့တာ။ အမျိုးသမီး ၃ ဦးနဲ့အမျိုးသား ၁၂ ဦးရဲ့ အလောင်းတွေပါ။ ဓါးစာခံခေါ်သွားတဲ့အထဲက ၁ ဦးနဲ့ လမ်းပြခေါ်သွားတဲ့ အမျိုးသား ၃ ဦး ပေါင်း ၄ ဦးက ပျောက်နေဆဲပါ။ အလောင်းတွေကို ညနေ ၆ နာရီလောက်က သဂြိုဟ်ပြီးစီးခဲ့တယ်"

စစ်ကြောင်းထိုးဖို့လာတဲ့ စစ်ကားမှောက်ပြီး ဗိုလ်မှူးအပါ ၅ ဦး သေဆုံးဟုဆို

"ခုလာတဲ့ အဖွဲ့တွေက မင်းလှက ခလရ ၁၊ သာယာဝတီ ခလရ ၃၅၊ အုတ်ဖိုက ခလရ ၆ က အဖွဲ့တွေ။ သူတို့ တပ်ရင်း ၃ ရင်းပေါင်းပြီး ပဲခူးရိုးမကို PDF တွေ ရှိတဲ့နေရာကို စစ်ကြောင်းထိုးဖို့ တက်လာတာ။ တောင်တွေပေါ် ပတ်တက်နေချိန် သူတို့ဟာ သူတို့မှောက်တာ။ ထိခိုက်သေဆုံးတာတွေ များတယ်"

ကာလရှည်စစ်ရှောင်နေရတဲ့ ရွာတချို့ စပါးစိုက်ခွင့်မရဘဲ ဝမ်းရေးအခက်ကြုံနေ

"ပြီးခဲ့တဲ့ မိုးတွင်းကစပြီး စပါးမစိုက်ရဘဲ ဒီအတိုင်းလွှတ်ထားရတာ။ ပဲခူးရိုးမပေါ်ကို ပြောင်းရွှေ့သွားတဲ့ မိသားစုတွေရှိသလို တချို့ကလည်း တောင်ခြေမှာပဲ တောင်ယာလုပ်ကိုင် စားနေကြတယ်။ အဓိကက လူတွေက မနေရဲတော့ စပါးစိုက်မရတော့ဘဲ ဝမ်းစာအတွက်ဆန်ကိုဝယ်စားနေရတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10