ခန့်အောင်

ဆားလင်းကြီးမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဇန်နဝါရီလ ၂၃ ရက်ဒီနေ့မနက်အစောပိုင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ စာတန်းနဲ့အတူ မြန်မာတနိုင်ငံလုံးဆိုင်ရာ သပိတ်အင်အားစုများပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB) က ထုတ်ဝေတဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမှာ စစ်ကောင်စီကားတစီး မိုင်းဆွဲခံရ

"အထက်ထီးချိုင့်၊ တကောင်းဘက်ကနေ မန္တလေးဘက်ကို စစ်သားအင်အား ၂၀ လောက်က DC ၃ စီးနဲ့ ဆင်းလာတာကို ရှေ့ဆုံးကားကို မိုင်းဆွဲခဲ့တာပါ။ အဲဒီကားက ထိုးရပ်သွားတယ်။ စစ်သားတွေ အထိအခိုက်များတော့ ရမ်းပြီးပစ်နေလို့ အနားက ပြည်သူတွေ ရှောင်နေရတယ်"

စစ်အုပ်စုတပ်စွဲထားတဲ့ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦး ဒဏ်ရာရ

"မူလက ထွေအုပ်ရုံးကို ခွဲဖို့။ အပြင်မှာကလည်း လူမရှိဘူး။ အဲဒါနဲ့ လက်ပစ်ဗုံးနဲ့ ရုံးဝန်းထဲကို ပစ်လိုက်တော့မှ ထွက်လိုက်လာတာ။ ကျနော်တို့ ပွိုင့်နားကို ရောက်လာတယ်။ ကျနော်တို့က ဆိုင်ကယ်မှာ ဆင်ထားတဲ့ ရှေ့ထွက်မိုင်းနဲ့ ခွဲခဲ့တာ။ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်တယ်"

စုံညီပွဲတော်မှာ သီချင်းဝင်ဆိုပြီး ရတဲ့ဆုငွေတွေ ပြန်လှူခဲ့တဲ့ PDF

သီချင်းဆိုရာမှာ ရရှိတဲ့ဆုချီးမြှင့်ငွေတွေကို ကလေးငယ်တွေရဲ့ပညာရေးအတွက်ပြန်လည် အသုံးပြုဖို့ ရဲဘော်ယက္ခက လှူဒါန်းပေးခဲ့ပါတယ်။

ရွှေဘို-မြစ်ကြီးနား လမ်းဆုံစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ၂ ဦးဒဏ်ရာရ

"အခုတိုက်ခိုက်ခဲ့တဲ့ စစ်ဆေးရေးဂိတ်က လုပ်နေတာကြာပြီ။ သူတို့က ခရီးသွားကားတွေ သာမန်သွားလာနေတဲ့ ဒေသတွင်းက ပြည်သူတွေရော အကုန်စစ်တာဗျ။ ငွေတောင်းတာတွေလည်း ရှိတယ်။ ဒဏ်ရာရသူ ၂ ဦးကိုအိမ်စီးကားနဲ့ ပြန်တင်သွားတယ်ဗျ။ ဒဏ်ရာကသေနိုင်တယ် စစ်ကောင်စီအတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးလက်ဆောင်ပေးလိုက်တာပါ"

မုံရွာခရိုင်ထဲက လမ်းပိုင်းအချို့ကို အသုံးပြုခွင့်ယာယီပိတ်

"အမြင့်မြို့ဟောင်းက စစ်ကောင်စီတပ်သားတွေကို ဗောဓိတထောင်တောင်ကြောက တောင်ခမောက်တောင်ကို မနေ့ ညနေက Mi-35,Mi-17 ရဟတ်ယာဥ်တွေနဲ့ ပို့လို့ လမ်းပိတ်ထားတာပါ"

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီးတဦးမြွေကိုက်ခံရ စုစုပေါင်းမြွေကိုက်ခံရသူ ၄၁ ဦးရှိပြီး ၄ ဦးသေဆုံး

"သူကကျွဲကိုအရင်နေရာကနေ တခြားနေရာကို ရွှေ့ဖို့သွားတာမှာ မှောင်နေပြီ၊ နေတဲ့တဲနဲ့လည်း ဝေးလှတာတော့မဟုတ်ဘူး၊ အဲလိုသွားတုန်းဘယ်ဘက်ခြေကို ပိုးထိတာလို့"

စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး သေနတ်နဲ့ကျည်တွေ သိမ်းဆည်းရမိ

"အဲဒီရွာမှာ စခန်းချထားတာကကြာပြီဗျာ။ ရွာထဲအင်အားအနေနဲ့က ခန့်မှန်းရခက်ပါတယ်။ အခုဟာ အပြင်ကို ထွက်လာတဲ့ အင်အား ၄၀ လောက်ကို စောင့်ပြီးတိုက်ခိုက်တာမှာ တိုက်ပွဲဖြစ်တာပါ။ ပေ ၂၀ ဝန်းကျင်လောက်ကနေ အနီးကပ်ကင်းပုန်းချပြီး စောင့်ဆိုင်းတိုက်ခိုက်တာပါ"

မကွေးတိုင်းအတွင်းက NUG လက်အောက်ခံ စာသင်ကျောင်းမှာ အကူညီလိုအပ်နေ

"အခုက ဒီဇင်ဘာလ ၂၇ ကစပြီး ကျောင်းအပ်လက်ခံပါတယ်။ အလယ်တန်းအဆင့်ထိပါ ကျောင်းသားသူဦးရေ KG တန်းကနေ ၉ တန်းအထိ ကျောင်းသားသူ ၁၇၀ ရှိပါတယ်။ သင်ထောက်ကူပစ္စည်းလေးတွေနဲ့ စနစ်သစ်ဖတ်စာအုပ်တွေ ဆရာဆရာမတွေအတွက် သင်ရိုးသစ်လမ်းညွှန်တွေ လိုအပ်ပါတယ်"

မြွေအန္တရာယ်ပါကြုံနေရတဲ့ ကန့်ဘလူက စစ်ရှောင်တွေ

၂၀၂၂ ခုနှစ် ဇွန်လမှစတင်ကာ နိုဝင်ဘာလ အထိ ၆ လတာအတွင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိပြီး အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၇ ဦး ပါဝင်ပါတယ်။ အဲဒီအထဲကမှ အမျိုးသား ၂ ဦးနဲ့ ၈ နှစ်အရွယ်မိန်းကလေးငယ် ၁ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ၆ လတာအတွင်း နိုဝင်ဘာလမှာတော့ မြွေကိုက်ခံရမှု အများဆုံးဖြစ်ကာ ၆ ဦးထိ အကိုက်ခံထားရပါတယ်။

ချောင်းဦးမှာ ရွာလှည့်မီးရိူ့နေတဲ့စစ်ကောင်စီတပ်နဲ့ပျူတွေကို PDFက မိုင်းဆွဲ တိုက်ခိုက်

"သူတို့ကမနေ့က ၂၈ ရက်မနက်ကတည်းက တောကျောင်းလေးရွာကစပြီး နဂါးဗိုလ်ရွာကို မီးရိူ့တာ ကျနော် တို့က ကုန်းသာရွာအဝင်မှာ ပဒေသာမိုင်း ၃ လုံးနဲ့ခွဲခဲ့တာပါ "

လမ်းမထက်က လူထုသပိတ်တွေဟာ ပြည်သူတွေရဲ့အသံ ဖြစ်တယ်

"နွေဦးတော်လှန်ရေးရဲ့ အဓိကဒေါက်တိုင်တွေထဲကတခုဖြစ်တဲ့ လမ်းမထက်က လူထုသပိတ်တွေဟာ အားလျော့လာတာကိုတွေ့ရတယ်။ ဒီလိုချိန်မှာ လူထုသပိတ်တွေ၊ မြို့ပေါ်ပြောက်ကြားသပိတ်တွေဟာ ဆက်လက်အားကောင်းလာဖို့ လိုအပ်တယ်လို့မြင်မိပါတယ်။ လမ်းမထက်က လူထုသပိတ်တွေဟာ ပြည်သူတွေရဲ့အသံပဲ ဖြစ်တယ်"

အုတ်ဖိုမြို့နယ်က ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

"ပစ်ခတ်တဲ့အချိန်မှာ ညီအကို ၂ယောက်တွေ့တယ်။ ဒါပေမယ့် အပြစ်မရှိသူကိုလွှတ်ပေးပြီး အပြစ်ရှိတဲ့ချစ်မင်းသူကိုပဲ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာပါ"

စိန်ခေါ်ထားတဲ့ပျူစောထီးရွာကို PDF တွေဝင်တိုက်လို့ ပျူ ၃ ဦးသေဆုံး

"ဆုံရွာမှာ ပျူတွေက တရွာလုံးနီးပါးရှိတယ်ပြောလို့ရတယ်။ ပျူခေါင်းဆောင်ရဲ့ သားနှစ်ယောက်က စစ်ဗိုလ်တွေပါ။ ပျူသင်တန်းဆင်းပြီးကတည်းက လက်နက်တွေလည်း ပေးထားတာ။ PDF ကိုတော့ စိန်ခေါ်ထားတာရှိတယ်။ မိန်းမတွေကလည်း မိုက်တဲ့ PDF လာခဲ့၊ သေနတ်မရှိရင်တောင် ဂျင်ကလိနဲ့ပစ်မယ်လို့ပြောတယ်။ အဲဒါကြောင့်လည်း ကျနော်တို့သွားပစ်တာ"

သရက်မှာ မိုင်းခွဲအသံပေးပြီး ရောက်လာတဲ့စစ်အုပ်စုကို မိုင်းထပ်ဆွဲ

"ကားလမ်းဘေးမှာ ဘန်နာချိတ်ပြီး မိုင်းနှစ်လုံးဆင်ထားတာ။ ဘန်နာလာဖြုတ်ရင် ခွဲဖို့ပေါ့။ နာရီဝက်လောက်ထိ သူတို့မလာသေးတာနဲ့ မိုင်းတလုံးကို အသံပေးခွဲလိုက်တယ်။ ခွဲပြီး ၁၅ မိနစ်အကြာမှာ ဆိုင်ကယ် ၃ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရောက်လာပြီး သေနတ်တွေနဲ့ ရမ်းပစ်နေချိန်မှာ နောက်တလုံးကို ထပ်ခွဲလိုက်တာပါ။ သူတို့ဘက်က ပြန်ကြားရတာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုမရှိဘူးလို့ ကြားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10