ခန့်အောင်

မလေးရှားနိုင်ငံအခြေစိုက် ၂၂၂၂၂ အဖွဲ့က NUG မူလွန်ကျောင်းကို စာရေးကိရိယာလှူဒါန်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ - NUG ဖွင့်လှစ်ထားတဲ့ မူလတန်းလွန်ကျောင်းတခုကို မလေးရှားနိုင်ငံ ဂျိုဟိုးစီနိုင်း ၂၂၂၂၂ ပြည်ပထောက်ပို့အဖွဲ့ စာရေးကိရိယာတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမှာ လုံခြုံရေးယူနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲတဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရွာမှာ လုံခြုံရေးယူနေတဲ့ စစ်အုပ်စုကို ညအချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတဦး သေဆုံးကာ တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၁၀၊ တပ်ခွဲ ၁ သိန်းဌက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ခလရ ၂၅၈ တပ်က ထွက်လာတဲ့ စစ်ယာဥ်တန်း မိုင်းဆွဲခံရ

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၈ တပ်ထဲက ထွက်လာတဲ့ စစ်သားတွေကို ဖေဖေါ်ဝါရီလ ၂၃ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ၃ မြို့နယ်ကို စစ်ကောင်စီက မာရှယ်လောထပ်ထုတ်

စစ်အာဏာသိမ်းအပြီး ၂ နှစ်အကြာမှာ အုပ်ချုပ်ရေး ယိုယွင်းလာတဲ့အတွက် စစ်ကောင်စီက နိုင်ငံတဝှမ်းက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး ကြေညာအပြီး ၂၀ ရက်အကြာမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)နယ်မြေက မြို့နယ် ၃ ခုကိုလည်း ဖေဖေါ်ဝါရီလ ၂၂ ရက် မနေ့က စစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေညာလိုက်ပါတယ်။

ရွှေဘိုမှာမီးရှို့နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

"နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ စစ်သားအလောင်းမီးရိူ့ထားတာတွေ၊ တိုက်မိထားတဲ့ မိုင်းကျင်းတွေဘေးမှာ သွေးကွက်တွေ တွေ့ရတယ်။ စစ်ကြောင်းရှေ့ဆက်မတိုးတာကိုတွက်ရင် သူတို့ဘက်က ဗိုလ်ကြီအဆင့်လောက်ကျသွားတဲ့သဘောမှာရှိတယ်"လို့ ဗိုလ်ကျားရိုင်းအဖွဲ့က တာဝန်ခံရဲဘော်ဗလကြီးက ပြောပါတယ်။

စစ်တပ်နဲ့ ပတ်သက်ခြင်းမလုပ်ဖို့ PDF ရဲ့ တောင်းပန်ချက် သင်္ခရိုင်ကျောင်းဆရာတော် တု့န်ပြန်ရှင်းလင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ အရှေ့သင်္ခရိုင်မေတ္တာရိပ်ပရဟိတကျောင်းဆရာတော်ကို စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တာတွေ ပြုလုပ်နေတယ်ဆိုကာ ဖေဖေါ်ဝါရီလ ၁၉ ရက်က Black Dragon PDF ရဲ့ သတင်းထုတ်ပြန် တောင်းပန်လျှောက်ထားမှုအပေါ် ဆရာတော်က မဟုတ်မှန်ကြောင်း မြေလတ်အသံကို ငြင်းဆိုခဲ့ပါတယ်။

ဆိုင်းဝိုင်းနားထောင်ပြီး ပြန်လာတဲ့ အမျိုးသားတဦးကို စစ်အုပ်စုက သေနတ်နဲ့ပစ်သတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ နွယ်ခွေရပ်ကွက်၊ ဗားခရာဘုန်းကြီးကျောင်း ဘုရားထီးတင်ဆိုင်းပွဲက ပြန်လာတဲ့ အမျိုးသားတဦးကို ဖေဖေါ်ဝါရီလ ၂၀ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီ တပ်သားတွေက သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

အုတ်ဖိုမှာဖမ်းဆီးခံရတဲ့ သူနာပြုဆရာမ ပစ်သတ်ခံရတယ်လို့ သတင်းထွက်ပေါ်

"ဆရာမလေးက PDF မဟုတ်ဘူး။ ကျနော်တို့က ကျန်းမာရေးကိစ္စအတွက်သူ့ကိုခေါ်တာ၊ ၃ ရက်ပဲကြာတယ်၊ ကုသပြီးလို့ပြန်ပို့တာမှာကျနော့်ရဲဘော် ၂ ဦးပစ်သတ်ခံရပြီးညရောက်တော့မှ သူကဖမ်းခံရတာ၊ သူ့ကိုသတ်ပစ်လိမ့်မယ်လို့တော့ကျနော်မထင်ဘူး။ အရပ်ထဲက ပြောသလိုသူ့ကိုပစ်သတ်တယ်လို့ပြောချိန်မှာ ကျနော်တို့ အဲဒီအနားဝန်းကျင်မှာရှိတယ်။ ဘာသေနတ်သံမှမကြားရဘူး"လို့ ပြောပါတယ်။

ရဲကင်းစခန်း ပစ်ခတ်ခံရပြီး လာကူတဲ့စစ်သားတွေပါမိုင်းဆွဲခံရလို့ သေဆုံးမှုတွေရှိ

"ရဲတွေရဲ့ အလောင်းကိုသရက်ဆေးရုံကိုသယ်သွားတယ်။ ဒုရဲအုပ်နဲ့ဒုတပ်ကြပ်က နေရာမှာပဲသေပြီး စခန်းမှူးက ဆေးရုံမရောက်ခင်လမ်းမှာသေတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူ ရဲလည်း ၃ ယောက်ရှိတယ်လို့သိရတယ်။ ကပစ ၁၂ က စစ်သားတွေကို ဘယ်ကိုသယ်တယ်ဆိုတာတော့ ကျနော်တို့ နောက်ပြန်ဆုတ်လာခဲ့ရလို့ မသိရဘူး” လို့ပြောပါတယ်။

ယင်းမာပင်မှာ စစ်ကြောင်းထွက်လာတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

"စစ်သားတွေနဲ့ပျူစောထီးတွေ စစ်ကြောင်းထွက်လာတာကို ဒေသအထူးအဖွဲ့က ရေထွက်ရိုးနားက စောင့်ပြီး မောင်းပြန်တွေနဲ့တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ကျန်တဲ့ ၄ ဖွဲ့ကလည်း ဘန့်ဘွေးရွာထဲက စစ်သားတွေကို လက်နက်ကြီးနဲ့ပစ်ပေးနေတာပါ" လို့ ဗျတ္တညီနောင်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

နတ်တလင်းမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး ထိခိုက်မူရှိနိုင်

"မကျီးပင်ရွာတောလမ်းအတိုင်း စစ်ကြောင်းထိုးလာတာကို ရစ်ကွင်းရွာအနီးကနေ သတင်းအရစောင့်ပြီးမိုင်း ၂ လုံးဆွဲခဲ့တာပါ။ ၃ ယောက် ပြင်းထန်ဒဏ်ရာရတယ်။ သေမသေတော့ အတိအကျမသိရသေးဘူး”လို့ နတ်စစ်သည်အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

မုံရွာကိုလာတဲ့ စစ်ကောင်စီကား မိုင်းဆွဲခံရ

"အဲ့ကားပေါ်မှာ ဒဏ်ရာရတဲ့ ကောင်တွေပါတယ်လို့တော့ သိထားပါတယ်။ မနေ့က ချောင်းဦးမြို့နယ်မှာ စစ်ကြောင်းထိုးရင်း မိုင်းဆွဲခံရလို့ ဒဏ်ရာရတဲ့ သူတွေလို့တော့ ထင်တယ်ဗျ။ တော်တော်တော့ ထိခိုက်မယ်။ ကားက ဘေးတခြမ်းလုံး စုတ်ပြတ်ပြီး မိုးကာတွေပါ ပေါက်ပြဲကုန်တာပါ" လို့ People Defence Force - South Monywa မုံရွာခရိုင် တပ်ရင်း ၁၁ မှ တာဝန်ရှိသူက ပြောပါတယ်။

PDF စခန်းစီးနင်းခံရပြီး မင်္ဂလာဆောင်ခါနီး ရဲဘော်ဇနီးမောင်နှံလည်း သတ်ခံရ

"ကျဆုံးသွားတဲ့ ကိုဖေနဲ့မချိုတို့က Urban Underground Revolution Force (UURF-YSO) အဖွဲ့က ဖြစ်ပေမယ့် Southern Yesagyo PDF မှာ နေတာပါ။ သူတို့လင်မယားက သဲတောရွာမှာ ညအိပ်တာ ၁၇ ရက်မနက်ရောက်တော့ စစ်သားတွေက သူတို့ ၂ ဦးကို ဖမ်းတယ်။ အခြားရွာသား ၁၀ ဦးလောက်ကိုလည်း တစာခံဖမ်းပြီး စခန်းကို လိုက်ပြခိုင်းတာ” လို့ ပြောပါတယ်။

ကင်းစောင့်ဖို့သွားတဲ့ PDF ၂ ဦး စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အသတ်ခံရ

"သူတို့ ကင်းသွားယူတာမှာ စကစ စစ်ကြောင်းနဲ့ တည့်တည့်တိုးတာလို့ ပြောရမှာပေါ့။ ရဲဘော် ၂ ဦးကို သူတို့တွေက ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်။ ပြီးတော့ ဒေသခံပိုင်တဲ့ ထွန်စက်ပေါ်တင်ပြီး မီးရှို့လိုက်တယ်" လို့ ပြောပါတယ်။

ပဲခူးအနောက်ခြမ်းမှာ အချိန်ခါမဟုတ် မိုးသက်လေပြင်းတိုက်ခတ်လို့ ပျက်စီးမှုတွေရှိ

ဒီနေ့လယ်မိုးရွာသွန်းတာနဲ့ပတ်သက်ပြီး မင်းလှမြို့နယ်သားတဦးကတော့ “မိုးက နာရီဝက်အတွင်းမှာပဲ သည်းထန်စွာရွာသွန်းခဲ့ပြီး ရိတ်သိမ်းလက်စမတ်ပဲနဲ့ ပဲတီစိမ်းတွေ ပျက်စီးမှုတော့ ရှိနိုင်တယ်” လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10