Kyaw Gyi

ရွာကိုမီးရှို့ပြန်လာတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးဟုဆို

"သူတို့က ဝက်လက်အနောက်ဘက်ခြမ်းကရွာတွေကို မီးပတ်ရှို့၊ ပစ္စည်းလု လုပ်နေတာ ၃ ရက်လောက်ရှိပြီ။ မနေ့ကလည်း မူးကြီးရွာကို သူတို့အဲ့လိုလုပ်ပြီး ခေါတောရွာဘက်အကူးလမ်းက လယ်တဲတခုမှာ နားနေတာကို သတင်းရလို့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ သူတို့က သွားလုလိုက်၊ ရလာတာကို လှတောရဲစခန်းထဲ ပြန်ပို့လိုက် လုပ်နေတာ"လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်ကကျေးရွာအများစုမှာ စစ်ကောင်စီက အိမ်ထောင်စုစာရင်းမကောက်ယူနိုင်သေး

"လက်ရှိအခြေနေပြောရရင် မြို့ပေါ်ရပ်ကွက်မှာတောင် အုပ်ချုပ်ရေးမှူးမရှိတဲ့ ရပ်ကွက်ရှိတယ်။ ရွာတွေမှာဆိုလဲ ပျူစောထီးရွာအနည်းငယ်လောက်ဘဲရှိတယ်။ သူတို့စိုးမိုးထားတဲ့ မြို့ပေါ်နဲ့ရွာအနည်းငယ်မှာသာ အိမ်ထောင်စုစာရင်းကောက်ယူနေတာရှိတယ်။ ဒါတောင်သူတို့အင်အား အပြည့်မရှိလို့ နေရာတိုင်းကို ပေါ်ပေါ်ထင်ထင်မသွားနိုင်ဘူး။ ကျန်ရွာတွေဘက်မှာတော့ ခုထိဘာအသံမှ မကြားသေးဘူး။"လို့ ပြောပါတယ်။

ချောင်းဦးမြို့ထဲဝင်မယ့်စစ်အုပ်စု မိုင်းဆွဲခံရပြိး ၁၃ ဦးခန့်သေဆုံးဟုဆို

"သူတို့က လမ်းအတိုင်းမလာဘဲ ခြေလျင်စစ်ကြောင်းနဲ့လာတာကို ဒီဘက်အဖွဲ့တွေကစောင့်ပြီး မိုင်းဆွဲခဲ့တာ။ ဖြစ်တဲ့နေရာက မြို့နားနီးတယ်၊ လူနေအိမ်ခြေတွေနဲ့လည်းနီးတော့ မိုင်းဆွဲပြီး ပြန်ဆုတ်လာခဲ့တယ်။ ထိခိုက်သေဆုံးသိရတာကတော့ ဒေသခံတွေဆီကနေ အတည်ပြုတာပါ။ ညပိုင်းထိ သူတို့အလောင်းတွေကို လာမကောက်ကြတာ။ ညနည်းနည်းနက်မှ လာကောက်သွားတယ်လို့ သိရတယ်"လို့ ပြောပါတယ်။

မုံရွာခရိုင် လဝကရုံး မီးရှို့ခံရလို့ပျက်စီးမှုရှိ

"မနက်ပိုင်းလောက်မှာ မီးရှို့ခံရတာ။ ပထမက ကညနရုံးဆိုပြီးကြားတာ။ မီးသတ်ကားတွေလည်း သွားတာ တွေ့ရတယ်။ နောက်မှ ခရိုင်လဝကရုံး မီးရှို့ခံရတယ်လို့ သိရတယ်။ ရုံးတခုလုံးတော့ မကုန်သွားဘူး"လို့ ပြောပါတယ်။

PDF တွေတိုက်ခိုက်မှာစိုးလို့ ဆိုင်ကယ်လိုင်စင်လုပ်ပေးမယ့် အစီအစဥ်ရွှေ့ဆိုင်း

ဆိုင်ကယ်လိုင်စင်လုပ်ပေးနေချိန် ကညန ဝန်ထမ်းတွေအနေနဲ့ PDF တွေရဲ့ တိုက်ခိုက်တာကို ခံရမှာကိုစိုးရိမ်တာကြောင့် လုံခြုံရေးအစီအစဥ်တွေ ပြန်လည်ရေးဆွဲပြီးမှ ပြန်လည်လုပ်ပေးဖို့ စီစဥ်နေတာဖြစ်တယ်လို့ ပဲခူး ကညနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကန့်ဘလူမှာ တောင်သူ ၃ ဦးကို ပျူအဖွဲ့ကဖမ်းဆီး

"တောင်သူတွေ အဖမ်းခံရတာဟုတ်တယ်။ ဇာဒီက ပျူတွေဖမ်းသွားတာ။ မြေပဲနုတ်ချိန်လာဖမ်းတာ။ ပြေးနိုင်တဲ့သူတွေက လွတ်သွားတယ်။ မပြေးနိုင်တဲ့သူတွေ ဖမ်းခံရတယ်။ နေ့လည်ပိုင်းတော့ ဇာဒီရွာကပျူတွေကို ဒီဘက်က အဖွဲ့တွေသွားပစ်ကြသေးတယ်လို့ သိရတယ်။ ထိခိုက်တာကတော့ ပျူရွာထဲဆိုတော့ အတည်ပြုဖို့ ခက်တယ်"လို့ပြောပါတယ်။

သစ်မှောင်ခိုသမားတွေအပါအဝင် အမျိုးသား ၅ ဦးသတ်ခံရပြီး ကား ၄ စီး မီးရှို့ခံရ

"ဖြစ်တာက တောထဲ သစ်မှောင်ခိုလုပ်တဲ့သူ ၂ ဦးနဲ့ အိမ်အတွက် သစ်ခုတ်ဖို့သွားတဲ့သူ ၁ ဦး သိရတယ်။ လက်နက်ကိုင်အဖွဲ့နဲ့တိုးပြီး အဆင်မပြေ ဖြစ်ကြတယ်နဲ့တူတယ်။ ၃ ယောက် သတ်ခံရတယ်။ ၂ ယောက် အဖမ်းခံရသေးတယ်လို့ သိရတယ်။ နောက်တရွာမှာကျတော့ အမျိုးသား ၂ ဦး ထပ်အသတ်ခံရသေးတယ်။ သူတို့ကျတော့ ဘယ်ကလူတွေ ဘာကြောင့် သတ်ခံရတယ်ဆိုတာ မသိရဘူး"

ညောင်လေးပင်မှာ မိသားစု ၃ ဦး နေအိမ်မှာ အသတ်ခံရ

"သူတို့မိသားစု နေအိမ်ထဲမှာ အိပ်နေချိန် လာပစ်သွားတာလို့ သိရတယ်။ သူက အရပ်ထဲမှတော့ သတင်းပေးဆိုပြီး အသံတော့ထွက်နေတာ ရှိတယ်။ ဒါပေမယ့် ဟုတ် မဟုတ်ကတော့ အတည်မပြုနိုင်ဘူး။ ဘယ်အဖွဲ့က ဘာကြောင့်လာလုပ်သွားလဲဆိုတာတော့ သေချာမပြောနိုင်ဘူး"

ရေစကြိုက ကျေးရွာလမ်းအချို့ကို စစ်အုပ်စုက ဖျက်ဆီးလို့ ဒေသခံတွေ အခက်တွေ့နေ

"လမ်းတွေကို ဖျက်ဆီးထားတာက ၄ ပေ အကျယ် ၄ ပေအနက်လောက် ဘတ်ဟိုးတွေနဲ့တူးပြီး ဖျက်ထားတာ။ ကားက လုံးဝသွားလို့ မရဘူး။ ဆိုင်ကယ်လောက်ပဲ ဘေးကနေ ကပ်သွားလို့ ရတယ်။ ဒီလမ်းတွေက ရွာတွေဘက်က ထွက်တဲ့ကုန်စည်ကို မြို့တက်ရောင်းဖို့ အဓိကကျတာလေ။ သူတို့တွေ ခုလိုလုပ်ထားတော့ ဒေသခံတောင်သူတွေပဲ ဒုက္ခရောက်ရတာ"

မုံရွာက ဆေးရုံ ၂ ရုံကို စစ်ကောင်စီအဖွဲ့တွေ ဝင်စီး

"ဒီမနက်ပိုင်းမှာ ဆေးရုံ ၂ ခုကို ဝင်ရှာတာက ဟုတ်တယ်။ ရွှေတောင်မေတ္တာက အခမဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် ဖွင့်ထားတာ။ သိရသလောက်က စကစ ထောက်ခံ တယ်လီဂရမ်တွေကနေ ဒီဆေးရုံတွေမှာ CDM ဆရာဝန်၊ သူနာပြုတွေ အလုပ်လုပ်နေတယ်လို့ ဖွလို့ ဝင်စစ်တာ" လို့ ပြောပါတယ်။

မုံရွာက အမျိုးသားတဦး ပျောက်ဆုံးနေလို့ အသက်အန္တရာယ်အတွက် မိသားစုစိုးရိမ်နေ

"သူက သနပ်ခါးတုံးတွေ ပို့စရာရှိတယ်ဆိုပြီး ကားဂိတ်သွားတာ။ သူပစ္စည်းမပို့ခင် ဖုန်းခေါ်လိုက်တာ စကား​ပြောရသေးတယ်။ နောက်တကြိမ် ထပ်ခေါ်တဲ့အခါကျတော့ ဖုန်းဝင်ပြီး မကိုင်တော့ဘူး။ ထပ်ခါထပ်ခါ ခေါ်တော့ မကိုင်တော့ပဲ စက်ပါပိတ်သွားတယ်။ ဒီနေ့ထိ အဆက်အသွယ်မရတော့ဘူး"

မုံရွာက ကုန်စုံဆိုင်ဓားပြတိုက်ခံရ ဆိုင်ရှင်အမျိုးသားသေဆုံးပြီး အမျိုးသမီးဒဏ်ရာရ

"ဖြစ်တဲ့အချိန်မှာ မီးကလည်း ပျက်နေတယ်။ လာတာက ၅ ယောက်ထက်မနည်း ရှိမယ်။ သေနတ်အတု ၁ လက်ရယ် ဓားနဲ့စကေဘာတွေ ပါတယ်။ ဆိုင်ထဲဝင်လာပြီး သေနတ်အတုနဲ့ချိန် ဓားပြတိုက်တော့ ဆိုင်ရှင်အကိုက သေနတ်ကို တုတ်နဲ့ရိုက်ချလိုက်တာ သေနတ်က ကျကွဲသွားတဲ့အချိန် ဓားမြအုပ်စုက ဆိုင်ရှင်လင်မယားကို ဓားနဲ့ဝိုင်းခုတ်ကြတာ"

PDF သင်တန်းဆင်းပြီး စစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့ ဒလန်ဆိုသူ ၂ ဦး ပစ်သတ်ခံရ

"သူတို့တွေက သင်တန်းဆင်းပြီးသားတွေပါ။ တော်လှန်ရေးအပါ် သစ္စာဖောက်သူတွေ ဖြစ်တယ်။ စကစနဲ့ပေါင်းပြီး ဒလန်လုပ်တာ။ သူကြောင့် ဖမ်းဆီးခံရတဲ့သူတွေ ရှိခဲ့တယ်။ သတင်းအတိအကျရလို့ ရှင်းလိုက်တာ ဖြစ်တယ်"

သာယာဝတီမှာ တပ်ထောက်ခံပွဲမလုပ်ရဲလို့ ပြည်မြို့မှာပြောင်းလုပ်

"အမှန်ဆို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရှုံချပွဲကို မြို့နယ်အလိုက်လုပ်ခိုင်းတာ။ သာယာဝတီက PDF ရန်ကြောက်လို့ ပြည်မှာပြောင်းလုပ်ရတာလို့ သိရတယ်"

ကင်းလှည့်နေတဲ့ စစ်အုပ်စု စနိုက်ပါနဲ့ပစ်ခံရပြီး ၂ ဦးသေဆုံး

"သူတို့အဖွဲ့က ကိုင်းလယ်စခန်းကနေထွက်လာချိန် မီတာ ၂၀၀ လောက်ပဲ ရှိအုန်းမယ်။ ကျနော်တို့အဖွဲ့ကစောင့်ပြီး စနိုက်ပါနဲ့ပစ်ခဲ့တာ။ သူတို့တွေကဝတ်စုံအပြည့်နဲ့ဆိုတော့ ထိသေတဲ့သူတွေက ပျူလား စကစလား ခွဲရတော့ခက်တယ်။ ပစ်ခတ်လို့ သူတို့ဘက်က ထိခိုက်သေဆုံးတာရှိတာနဲ့ ပြန်ဆုတ်လာခဲ့တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10