Kyaw Gyi

မတ္တရာက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ ဗိုလ်ကြီး ၁ ဦးအပါ ၁၂ ဦးနဲ့ PDF ၁ ဦးသေဆုံး

"အလစ်အငိုက်ဖမ်းခံရပြီး တိုက်ခိုက်ခံလိုက်ရတာလို့တော့ သိရတယ်။ သူတို့ဂိတ်က မနက်အစောပိုင်းဆို ကင်းသမားလောက်ပဲရှိပြီး ကျန်တာက ဘုန်းကြီးကျောင်းထဲမှာအိပ်တာများတယ်။ အဲ့ဒါကြောင့် အသေများတာ"

အုတ်တွင်းမှာ အမျိုးသား ၁ ဦး အပူဒဏ်ကြောင့်လဲကျသေဆုံး

" တဦးတည်းလမ်းလျှောက်လာရင်းကနေ မူးတယ်ဆိုပြီး လဲကျသွားတာ။ မျက်ဖြူစိုက်နေပြီး ဆေးရုံရောက်တော့ဆုံးသွားတယ်။ အပူဒဏ်များလို့ ဦးနှောက်သွေးကြောပြတ်တာလို့ ဆေးရုံကပြောတယ် "

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ရော်ဘာအစေးခြစ်နေတဲ့ အမျိုးသား ၁ ဦးသေဆုံး

"ဒီဘက်ဒေသမှာက ရော်ဘာအစေးခြစ်တာ မနက်အစောပိုင်းထခြစ်ရတယ်။ သူကလည်း ပုံမှန်အတိုင်းအလုပ်လုပ်နေချိန် စကစဘက်ကပစ်တဲ့လက်နက်ကြီးက သူ့နားကျပေါက်ကွဲတာ"

ငါးရှာပြန်လာတဲ့ ကလေး ၃ ဦးမိုင်းထိလို့ ဒဏ်ရာရ

"ရွာအရှေ့ဘက် တမိုင်လောက်မှာ မိုးနတ်သားအင်းဆိုတာရှိတယ်။ သူတို့က အဲဒီကနေ ငါးဖမ်းပြီး ဆိုင်ကယ်နဲ့ ပြန်အလာမှာ ဆိုင်ကယ်ဘီးက မိုင်းကိုတက်ကြိတ်မိလို့ မိုင်းထိတာ"

မလယ်ရွာတိုက်ပွဲ နှစ်ဖက်တပ်ဖွဲ့သေဆုံးမှုရှိ၊ အရပ်သား ၁ ဦးလည်းသေဆုံးကာ ၁၇ ဦးဒဏ်ရာရ

" ထိခိုက်သေဆုံးအခြေနေကတော့ စကစဘက်ကကော ကျနော်တို့ဘက်ကကောရှိတယ်။ ကြားထဲမှာက စကစဘက်က လေယာဥ်နဲ့ဗုံးကြဲလို့ ပြည်သူတွေထွက်ပြေးနေချိန် ဗုံးစမှန်ပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တာ"

စစ်ကိုင်းတိုင်းမှာ ၅ ရက်အတွင်း မိုးကြိုးပစ်ခံရပြီး ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကသာ၊ ဘုတလင်၊ မုံရွာမြို့နယ်တို့မှာ မေလ ၁ ရက်ကနေ ၅ ရက်အတွင်း မိုးကြိုးပစ်ခံရပြီး လူ ၄ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကန့်ဘလူ၊ မလည်ရွာမှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေယာဥ်နဲ့ အကြိမ်ရေ ၅၀ ထက်မနည်းပစ်ကူရ

"စခန်းသိမ်းတိုက်ပွဲလုပ်တာ။ သူတို့ဘက်က အထိနာတော့ နေ့ခင်း ၁၂ လောက်ထိကို လေယာဥ်တွေနဲ့ အသားကုန်သုံးပြီးပစ်တာ။ သူတို့ဘက်က လေယာဥ်တွေနဲ့ အသကုန်လာပစ်တော့ နေ့ခင်းပိုင်းလောက်မှာ ပြန်ဆုတ်လာကြတယ်။"လို့ မြေပြင်တိုက်ခိုက်ရေးပါဝင်သူ ရဲဘော်တဦးက ပြောပါတယ်။

မုံရွာ၊ ဗောဓိတထောင်ဘုရားအနီးမှာ ရဲ ၂ ဦး ပစ်သတ်ခံရ

"ဘုရားနားမှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲ့အနောက်ဘက်မှာ ရဲတွေက ရေခပ်ရေချိုးတာလုပ်နေချိန် ပစ်ခံရတာလို့တော့ သိရတယ်။ အလောင်းတွေကိုတော့ ရဲတွေဘက်က လာစစ်ပြီးသယ်သွားတယ်"

မကွေးမှာ ကျူးကျော်ဆိုပြီး နေအိမ် ၂၅၀ ကျော်ကို ၁ လအတွင်း မဖယ်ရှားပါက အင်အားသုံးမယ်လို့ ခြိမ်းခြောက်

"အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေထဲ ကျူးကျော်နေထိုင်တယ်ဆိုပြီး ဖယ်ခိုင်းတာ။ နေလာတာပဲ ၁၀ နှစ်ကျော်နေပြီ။ ခုလိုချက်ချင်းဖယ်ခိုင်းတော့ အကုန်ဒုက္ခရောက်ကုန်ပြီ"

စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်စာသင်နေတဲ့ "သုည" Federal School လေကြောင်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

“ ထိတွေ့မရှိဘဲ လာပစ်သွားတာ။ စာသင်ကျောင်းကတော့ ပြင်းပြင်းထန်ထန်ကို ပျက်စီးသွားတာ။ ထိသွားတဲ့ရွာသားတယောက်ကလည်း အခုဆေးဝါးကုသမှုခံယူနေတယ်။ ကျန်တဲ့ရွာတွေဘက်ကတော့ နေအိမ်တွေထိမှန်သွားတယ် အများကြီးတော့မဟုတ်ဘူး ”

စည်ပင်အမှိုက်ပုံမီးလောင်ရာက နေအိမ် ၁၂ လုံး မီးကူးစက်လောင်ကျွမ်း

"မီးက အမှိုက်ပုံကလောင်တာဆိုတော့ တနေကုန်နေပူထားတော့ အပူဒဏ်ကြောင့် လောင်စာဖြစ်မယ့်ဟာကနေ မီးထလောင်တာနေမယ်။ မီးလောင်ချိန် လေတိုက်အားကလည်း ကောင်းနေလို့ နေအိမ်တွေပါကူးသွားတာ"

မင်းလှမှာ လေပြင်းတိုက်လို့သစ်ပင်လဲကျရာက ကလေးငယ် ၁ ဦးသစ်ပင်ပိသေဆုံးပြီး ၁ ဦးဒဏ်ရာရ

" ကလေးနှစ်ယောက်က ခြံထဲမှာကစားနေတာ။ လေတိုက်တယ်ဆိုလို့ နေအိမ်ထဲပြေးအဝင် အပင်ကလည်း လဲကျတာနဲ့ အချိန်ကိုက်ဆိုသလို ကလေးနှစ်ယောက်ပေါ် ပိကျသွားတာ"

လည်ပင်းဓားနဲ့လှီးပြီး ဆိုင်ကယ်လုခံရသူ ကယ်ရီသမား အသက်ရှင်၊ လုယက်သူကို ဖမ်းဆီးရမိ

" လူယက်မှုကျူးလွန်တဲ့ လူပုံစံကိုသိရတော့ ရဲတွေက သူ့ရွာမှာ သွားရှာတယ်။ အဲဒီကမှတဆင့် သူပုန်းနေတဲ့နေရာကိုသိပြီး ဖမ်းဆီးရမိခဲ့တာ။ ဆိုင်ကယ်လည်းပြန်ရခဲ့တယ်"

ညောင်လေးပင်က အသက် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးပျောက်ဆုံးနေ

မိသားစုဝင်တွေက လူငယ်နှစ်ဦးပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး စိတ်ပူနေရတာကြောင့် အဆိုပါ လူငယ် ၂ ဦး ကိုတွေ့ရှိသူများအနေနဲ့ မိသားစုဝင်တွေကိုင်ဆောင်တဲ့ ဖုန်း 09250547440 နဲ့ 09429559911 ကို ဆက်သွယ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

မင်းဘူးနယ်က ဆန်စက်ပိုင်ရှင်အိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၁၀၀ ကျော်နဲ့ ရွှေအချို့ပါသွား

"သိရသလောက်က ဓားပြတိုက်ခံရတယ်လို့ သိရတယ်။ သူတို့အိမ်မှာက ကလေးတွေအပါအဝင် လူက ၆ ယောက်လောက်ရှိတယ်။ အကုန်လုံးကြိုးတုပ်ပြီး ပစ္စည်းနဲ့ငွေတွေယူသွားကြတယ်လို့တော့ သိရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10