Kyaw Gyi

ဇရပ်ကြီးစျေးမီးလောင်လို့ ဆိုင်ခန်း ၅၀ ကျော်နဲ့ နေအိမ်အချို့ မီးလောင်ပျက်စီး

"မီးရှို့ခံရတယ်လို့ သိရတယ်။ ဇရပ်ကြီးမှာက တိုက်ပွဲဖြစ်ထားတော့ မီးသတ်တွေကလည်း မရှိဘူး။ တောင်ငူနဲ့ထန်းတပင်က မီးသတ်ကားတွေရောက်ချိန် ကုန်သလောက်ရှိသွားပြီ"

၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို တုတ်နဲ့ရိုက်သတ်တယ်ဆိုကာ ၁၄ နှစ်အရွယ် လူငယ်တဦး ဖမ်းဆီးခံရ

"ခုအဖမ်းခံရတဲ့ကောင်လေးရဲ့အဖေနဲ့ သေဆုံးသူကောင်မလေးရဲ မိသားစုတွေက ရန်ဖြစ်ထားဖူးပြီး အဲ့တုန်းက ကောင်လေးနဲ့သူ့အဖေ ၂ ယောက်စလုံး ရိုက်နှက်ခံရဖူးတယ်လို့ သိရတယ်။ အဲ့ဒီကိစ္စကို ကောင်လေးက မကျေနပ်လို့လုပ်တယ်လို့ပဲ ပြန်ကြားသိရတယ်။ အသေးစိတ်ကတော့ ရဲတွေကပဲ သိနိုင်မယ် "

နွားထိုးကြီးမှာ ကားတစီး ပစ်ခတ်ခံရပြီး သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

"ကားက ကျောက်ဆည်ဘက်ကကားလို့ သိရတယ်။ ပခုက္ကူဘက်ကနေ နားရေးဆွမ်းစားဖိတ်လို့ သွားပြီးပြန်လာတဲ့ကားပါ။ ဘာကြောင့်ပစ်ခံရတယ်ဆိုတာတော့ မသိရဘူး။"

စစ်မှုမထမ်းမနေရ ဥပဒေထောက်ခံပွဲမှာ စစ်ဘေးရှောင်တွေကိုပါ စစ်ကောင်စီက ဖိအားပေးလိုက်ခိုင်းခဲ့

"အရွယ်ကောင်း အမျိုးသား၊ အမျိုးသမီးတွေ လိုက်ရတယ်။ မလိုက်ရင်မနေရဘူးဆိုတော့ ပြန်လို့လည်း မဖြစ်သေးတာရယ်ကြောင့် လိုက်သွားရတဲ့သူတွေရှိတယ်။ မြို့ကသူတွေက မလိုက်ကြတော့ စစ်ဘေးရှောင်တွေကို အသုံးချသွားတာ။ တပူပေါ်နှစ်ပူဆင့်ခဲ့ရတယ်"

ပြည်သူစစ်ဖွဲ့ဖို့ အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

"သူတို့က ပြည်သူစစ်ဖွဲ့ဖို့ အစည်းအဝေးလုပ်နေချိန် ဆိုင်ကယ်နဲ့လာပြီး ပစ်သွားတာ။ သူကိုဦးတည်ပြီး ပစ်တာမျိုးဆိုတော့ ကျန်သူတွေမထိဘူးလို့တော့ သိရတယ်"

ပဲခူးမြို့နယ်မှာ စစ်သင်တန်းတက်ရန် မဲပေါက်တဲ့ အုပ်ချုပ်ရေးမှူးတချို့ ငိုနေကြရ

"စစ်တပ်နဲ့ ဌာနဆိုင်ရာက လူတွေကြီးကြပ်ပြီး မဲနှိုက်ခိုင်းတယ်လို့ သိရတယ်။ အုပ်ကြီးကိုယ်တိုင်မဲပေါက်လို့ အိမ်ရောက်တော့ ငိုနေတယ်လို့ သိရတယ်။ သူတို့ကိုယ်တိုင်ကျတော့ ပြည်သူစစ်မလုပ်ချင်ကြဘူးလေ"

ဝေါမြို့နယ်ပကဖ က ရဲဘော်လူငယ် ၁ ဦး နာတာရှည်ရောဂါနဲ့ သေဆုံး

"တောထဲမှာနေရင်း သူ့ရောဂါက မသက်သာတော့ ဆရာဝန်က အဆုတ်ရော၊ ကျောက်ကပ်ပါ ဓာတ်မှန်ရိုက်ကြည့်ဖို့ အကြံပေးတယ်။ ဒါပေမယ့် မြို့ထဲထိ သွားလာပြသဖို့ကျတော့ အဆင်မပြေလို့ ဖြစ်ရတာ။ မနေ့က သူအမေဆီသွားချင်တယ်၊ အိမ်ပြန်ချင်တယ်လို့ ပြောတယ်။ ညပိုင်းမှာ ဆုံးသွားတယ်"

စစ်မှုမထမ်းမနေရဥပဒေကြောင့် ဝေါနယ်အတွင်း လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးမှု ပြဿနာ ရင်ဆိုင်နေရ

လက်ရှိမှာ လုပ်သားငှားရမ်းမရလို့ ပဲနဲ့ နွေစပါး အချိန်မှီမရိတ်သိမ်းနိုင်တာကြောင့် လေလွင့်ပျက်စီးတာတွေများနေသလို ကုန်ကျစရိတ်တွေလည်း များနေတာကြောင့် အကျိုးအမြတ် မကျန်ဘူးလို့ သိရပါတယ်။

လူနာတင်ယာဥ်နဲ့ လာစွန့်ပစ်ခံရတဲ့ အသက် ၆၀အရွယ် အမျိုးသား ၁ ဦး သေဆုံး

"လာပစ်သွားတုန်းက အဲ့အမျိုးသားက မသေသေဘူး။ သူ့ကိုဆေးရုံတခုကနေ ခေါ်လာပြီး လာစွန့်ပစ်သွားတာလို့ သိရတယ်။ သူ့ကိုလည်း ပတ်ဝန်းကျင်ကလူတွေ ကူညီပေးဖို့ လုပ်တာတောင် (သူက) လက်မခံဘူး။"

ပြည်သူတရပ်လုံး စစ်မှုထမ်းဥပဒေကို မလိုက်နာကြဘဲ တော်လှန်ရေးမှာ ပါဝင်ကြဖို့ KNU တိုက်တွန်း

လူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံး အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ မပါဝင်ဘဲ တော်လှန်ရေးမှာ ပါဝင်ဖို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ KNU ဗဟိုက တိုက်တွန်းလိုက်ပါတယ်။

ကျောက်ကြီးမှာ လူ ၆ ဦး အသတ်ခံရ

" ၆ ယောက်စလုံး လည်လှီးသတ်ဖြတ်ခံရတာ။ လမ်းဘေးမှာ သတ်ဖြတ်ခံထားရတာကို လမ်းသွားလမ်းလာတွေက တွေ့ရတာ။ သေချာဖမ်းဆီးစစ်မေးပြီးမှ လည်လှီးသတ်သွားပုံပဲ"

အမြန်လမ်းမှာ ဆီပြတ်လို့ရပ်ထားတဲ့ Express ကို Canter က ဝင်တိုက်လို့ ၂ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

" မနက်ပိုင်းဖြစ်တဲ့အချိန်မှာက မြူတွေကျနေတယ် Express မှာက ခရီးသည်မပါဘူး၊ ကုန်တွေချည်းပဲ။ ဆီပြတ်လို့ လမ်းဘေးရပ်ထားတာ။ Canter ကအရှိန်များပြီး နောက်ကနေဝင်တိုက်မိသွားတာ"

ပဲခူးမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ ဦးဆောင်ပြီး စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံပွဲပြုလုပ်

"မနက်ကတော့ သူတို့ထောက်ခံပွဲလုပ်တဲ့ ဝန်းကျင်နားမှာ လမ်းတွေပိတ်ထားတယ်။ ရဲတွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်အချို့ကလည်း အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူပေးထားတယ်။ အထဲမှာပဲ အော်ဟစ်နေကြတယ်"

ပျူစောထီးခေါင်းဆောင်ကိုပစ်ခတ်စဥ် အရပ်သား ၁ ဦးပါ သေဆုံးခဲ့ရလို့ ကဝ ပကဖ တောင်းပန်

"ဂွန်ဒေါင်း(ထော်လာဂျီ)ကလည်း သွားနေချိန် ကျနော်တို့ရဲဘော်တွေကလည်း ဆိုင်ကယ်ပေါ်ကနေ လှုပ်ရှားပစ်မှတ်ကို ပစ်ခတ်ရတာဖြစ်လို့ မဆိုင်သူပါ ထိခိုက်သေဆုံးသွားရတဲ့အပေါ် များစွာ စိတ်မကောင်းဖြစ်ရတယ်။ နစ်နာသူမိသားစုကိုလည်း များစွာတောင်းပန်ပါတယ်။"

ပြည်မှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး

"မိသားစုကိစ္စ စိတ်ညစ်စရာရှိလို့ ခုလိုလုပ်လိုက်တယ်လို့ဘဲ သိရတယ်။ သူများအိမ်တွင်းရေး ကိစ္စဆိုတော့လည်း စပ်စုရတာမကောင်းဘူး။ အလောင်းကိုတော့ ဆေးရုံသယ်သွားကြတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10