Kyaw Gyi

ရေနဲ့မျောပါလာတဲ့ ဓာတ်ဆီတိုင်ကီကိုဖွင့်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၂ ဦးဒဏ်ရာရ

ဆီတိုင်ကီပေါက်ကွဲလို့ အသက် ၃၈ နှစ်အရွယ် မအိမွန်၊ အသက် ၃၅ နှစ်အရွယ် ကိုသောင်းထိုက်၊ ကိုဖြိုးဖြိုး၊ အသက် ၂၅ နှစ်အရွယ် ကိုလွင်ကို၊ နိုင်လင်း၊ အသက် ၄၀ အရွယ် ကိုကိုပိုင်၊ အသက် ၆၅ နှစ်အရွယ် ဦးသန်းမောင်၊ အသက် ၃၀ ဝန်းကျင်အရွယ် ကိုသိန်းကို၊ ဦးကဲတင်၊ ကိုအောင်သူ၊ ကိုစောကိုကိုလွင်၊ ကိုသန်းဇော်ဦး တို့ အရေပြား မီးလောင်ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။

တောင်ငူတခရိုင်လုံး ရေကြီးနစ်မြုပ်ပြီး လူသေဆုံးမှုတွေရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင်မြို့နယ်နဲ့ ဖြူးမြို့နယ်တို့မှာ ရေကြီးရေလျှံဖြစ်နေပြီး ကျေးရွာနဲ့ရပ်ကွက်ပေါင်းရာချီ ရေဘေးသင့်နေကာ လူသေဆုံးမှုလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စမုံဆည်ကျိုးကျလို့ ဆည်အောက်က ကျေးရွာပေါင်း ၂၀ ကျော် ၁၀ ပေကျော် ရေတက်လာပြီး ပိတ်မိ ■ ကူညီကယ်ဆယ်သူတွေရောက်မလာသေး

"ည ၆ နာရီလောက်ကစပြီး ရေတက်တာ။ ည ၈ နာရီလောက်တော့ လှေကားသုံးထစ်လောက်မြုပ်လာပြီး ညလယ်လောက်မှာ အောက်ထပ်မြုပ်ပြီး အိမ်ပေါ်ထိရေတက်လာနေတာ။ အိမ်က ၁၈ ပေအမြင့်လောက် ရှိတယ်။ အိမ်သေးလေးတွေဆို အကုန်မြုပ်တယ်။ အိမ်အမြင့်ဆိုရင် အပေါ်ထပ်တောင် ရေတက်တယ်။"

တောင်ငူခရိုင်အတွင်း ရေဆက်တိုက်မြင့်တက်လာလို့ ကျေးရွာ၊ရပ်ကွက်ပေါင်းရာချီ ရေဘေးသင့်ပြီး လူသေဆုံးမှုလည်းရှိနေ

"ရေက ဆက်တက်နေတုန်း။ ရေဘေးသင့်လူဦးရေတွေက အရမ်းများနေတယ်။ လက်ရှိလည်း ကယ်ထုတ်နေရတုန်း။ ရေဘေးသင့်လူဦးရေက တခရိုင်လုံးဖြစ်နေပြီး အရမ်းများနေတယ်။ ထောင်ပေါင်းများစွာရှိနေတယ်။"

ဆင်ပေါင်ဝဲမှာ အမျိုးသား ၁ ဦး ပစ်သတ်ခံရ

"လာတဲ့သူက လေးငါးယောက်လောက်ရှိတယ်လို့ သိရတယ်။ သူကိုမေးပြီး ပစ်သတ်သွားတာပဲ။ သေနတ်သုံးလေးချက် ပစ်သွားတာတော့ ရှိတယ်။ သူက ခေါင်းကိုမှန်သွားတာ။"

နေပြည်တော်မှာ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လူသောင်းနဲ့ချီရေဘေးသင့်ပိတ်မိနေကာ သေဆုံးသူတွေလည်းရှိ

" နှစ်ထပ်အိမ်တွေဆို အောက်တထပ် မြုပ်နေပြီ။ အခုတောင် အိမ်ခေါင်မိုးပေါ် တက်နေနေရတယ်။ တညလုံးလည်း မိုးရေထဲမှာနေနေကြတော့ ချမ်းနေကြပြီ။ ကူညီကယ်ဆယ်ရေးတွေလည်း မရောက်လာသေးဘူး။ ရေကလည်း ထပ်တက်နေတယ်"

ပဲခူးမြို့ ရွှေဂူလေးစေတီတော် မိုးကြိုးထိမှန်

"ဖြစ်တဲ့အချိန်က မိုးကြိုးပစ်သံက သုံးလေးချက်ကြားရတယ်။ မိုးကလည်းကောင်းတယ်။ မနက်ကျမှ စေတီတော် မိုးကြိုးထိတာသိရတာ။"လို့ ဒေသခံတဦးကပြောပါတယ်။

အုပ်စုဖွဲ့အဓမ္မကျင့်တာကို မြင်ခဲ့တဲ့ မုံရွာမြိုခံအမျိုးသမီးကို ကျုးလွန်သူ‌တွေက ဖမ်းဆီး

"အဲ့နေ့က သူ့အမျိုသားရယ်၊ ကလေးတွေနဲ့ သူကအလုပ်ကနေပြန်တာ။ ဆိုင်ကယ်လေးစီးနဲ့ ဓားကိုင်ထားသူ ၈ ဦးလောက်က သူ့ကိုဖမ်းတယ်။ ပြီးတော့ ဖုန်းနဲ့ပိုက်ဆံတွေယူတယ်။ သူ့ကိုခေါ်ပြီး ပြန်ထွက်သွားတယ်။ သူ့မိသားစုဝင်တွေကိုတော့ လမ်းပေါ်မှာမှောက်ခိုင်းထားတယ်"

စစ်ကောင်စီကြဲတဲ့ ဒရုန်းဗုံးထိလို့ ပြည်သူ ၃ ဦးသေဆုံးပြီး PDF ၃ ဦးအပါ ၁၂ ဦးဒဏ်ရာရ

"ရွာသာယာမှာဖြစ်တဲ့ နေရာက ၃ ယောက်ပွဲချင်းပြီးပဲ။ ရွာလယ်လမ်းဆုံ လူအုပ်ထဲကျတဲ့ ဗုံးသီးတလုံးက ပေါက်ကွဲအားလည်းတော်တော်ပြင်းတော့ လူထိခိုက် သေဆုံးတာများတယ်။ ကျန်နေရာတွေကျတဲ့အလုံးတွေကတော့ လူထိပေမယ့်ဒဏ်ရာနည်းတယ်။"

အမြန်လမ်းမှာ မောင်းနှင်နေတဲ့ကားပေါ်ကနေ အမျိုးသမီးတဦး ခုန်ချပြီးသေဆုံး

" ကားက စုပြီးငှားလာတဲ့ ခရီးသွားကား၊ လူ ၁၄ ယောက်လောက် ပါတယ်။ သိရသလောက်က သူက ကားအနောက်ပိုင်းမှာ မီးခိုတွေအူထွက်လာပြီ ဆိုပြီးတော့ ရုတ်တရက်ထအော်ပြီး ခုန်ချသွားတာ။ ကားပေါ်က သူတွေပြောပြချက်အရတော့ သူကကားရဲ့အနောက်နားနည်းနည်းကျလောက်မှာ ထိုင်တာပြောတယ်"

ပွင့်ဖြူမြို့နယ်မှာ ဆိုင်ကယ်နဲ့လာတဲ့ ပျူစောထီး ၂ ဦးပစ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

"သူတို့လာတာကို သတင်းအတိအကျရပြီး လက်နက်ကိုင်အဖွဲ့တွေက လမ်းကနေ စောင့်ပစ်တာလို့ သိရတယ်။ ကိုရာဇာကတော့ နေရာမှာပဲ သေတယ်။ နောက်တယောက်ကတော့ ဒဏ်ရာနဲ့ လွတ်လာတယ်"

နတ်မောက်ဂဠုန်တပ်ဖွဲ့အတွက် သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံရ

"ဒလန်သတင်းပေးကြောင့် လမ်းကြောင်းမှာ ပိတ်ပြီးစစ်ခံရလို့ လက်နက်တွေပါသွားတာ။ လူတွေကတော့ အလွတ်ရုန်းပြေးလာနိုင်လို့ မပါသွားဘူး။ ဒလန်သာ သတင်းမပေးရင် ခုလိုအတိအကျ ပိတ်ဖမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

"စကစရိက္ခာကားကို ဖမ်းလိုက်တယ်။ တပ်သား ၂ ဦးကို မိတယ်။ စစ်ဆေးမှုတွေလုပ်ပြီးတော့ ကားက မောင်းမရတော့လို့ ကားကိုထားခဲ့ရတယ်။ အဲ့ဒီအချိန်မှာ အုတ်ဖြတ်ဂိတ်က စကစအဖွဲ့က တော်လှန်ရေးအဖွဲ့တွေရှိတဲ့ဘက်ကို လက်နက်ကြီးနဲ့လှမ်းထုတာ ရွာသားတွေကိုထိတာ။"

အမြန်လမ်းမှာ ခရီးသည်တင်ယာဥ်တိမ်းမှောက်လို့ ၃ ဦးဒဏ်ရာရ

" အရှိန်များပြီး မထိန်းနိုင်ဘဲ သံဘောင်ကိုတိုက်မိပြီးမှ မှောက်သွားတာ။ ကားပေါ်မှာက ယာဥ်မောင်းအပါအဝင် ၆ ဦးပဲ ပါလာတာ။ အဲ့ထဲက ၃ ဦးဒဏ်ရာရသွားတယ်။"

ဝက်ထီးကန်က ကျောင်းထိုင်ဆရာတော်အသတ်ခံရမှုနဲ့ အမျိုးသား ၁ဦးကို စစ်ကောင်စီဖမ်းဆီး

"သူ့ကို ကျောင်းထိုင်ဆရာတော်သတ်မှုနဲ့ သူ့နေအိမ်ကနေ လာဖမ်းသွားတယ်လို့တော့ လတ်တလောသိထားရတယ်။ ကျန်တဲ့အသေးစိတ်အခြေနေကတော့ မသိရသေးဘူး။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10