Kyaw Gyi

ချောက်ဒေသမှာ လုပ်သားရှားပါးလာလို့ စိုက်ပျိူးဧကတွေ လျှော့ချလုပ်ကိုင်လာကြ

" အခုက တနေ့တသောင်းခွဲပေးမယ်လို့ ခေါ်တာတောင် ရချင်မှရတာ။ နောက်ပိတ်ဆုံးတော့ ကိုယ်ဟာကို တနိုင်တပိုင်ကိုယ်တိုင် လုပ်နေရတယ်။ ကျနော်တို့ဆိုပုံမှန်က ဆယ်ဧကလောက် လုပ်တယ်။ အခုဆို ငါးဧကလောက်ဘဲလုပ်တော့တယ်။ ဘာလို့ဆို အလုပ်သမားရှားတာနဲ့ ကုန်စျေးနှုန်းကြီးတာတွေကြောင့်ပါ"

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ လောင်စာဆီသယ်တွဲကား တိမ်းမှောက်မီးလောင်မှုဖြစ်ပြီး အမျိုးသား ၁ ဦးသေဆုံး

" နောက်ဘီးကနေ မီးစွဲလောင်လာပြီး စလစ်ဖြစ်ပြီး မှောက်သွားတာ။ လူကတော့ ၁ ယောက်သေသွားတယ်။ လမ်းကြုံလိုက်လာသူ ၁ ယောက်သေတယ်။ ကားကတော့ မီးလောင်သွားတယ်။"

တည်းခိုခန်းမှာ အမျိုးသမီး ၁ ဦး မျက်နှာဖူးယောင်၊ မေးရိုးပြုတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့

"တည်းခိုခန်းမှာ အချိန်ပိုင်းလာတည်းရင်းနဲ့ ကောင်လေးက အောက်ဆင်းလာပြီးတော့ တညလုံးယူမယ်လို့ ပြောပြီးထွက်သွားတာ။ ပြန်မလာလို့တည်းခိုခန်းက မသင်္ကာလို့ ဖွင့်ကြည့်မှာ (မိန်းကလေး)သေနေတာတွေ့ရတာ"

ပြည်ခရိုင်ရှိ မြို့နယ် ၂ ခုမှာ အမျိုးသား ၁၁ ဦးကို စစ်ကောင်စီဖမ်းဆီးထား

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နဲ့ ပြည်မြို့နယ်အတွင်းမှာ အမျိုးသား ၁၁ ဦးအထိ စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က ၁ ရက်တည်းမီးရှို့ခဲ့ ■စစ်ကြောင်းရန်ကြောက်လို့ တိမ်းရှောင်နေရတဲ့ ဒေသခံထောင်ကျော် နေရပ် မပြန်နိုင်သေး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာက နေအိမ် ၁၀၀ ကျော်ကို နိုဝင်ဘာ ၉ ရက် ၁ ရက်အတွင်း စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးရန်ကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင် ၁,၀၀၀ ကျော် အမိုးအကာနဲ့ အရေးပေါ်စားနပ်ရိက္ခာလိုအပ်

"ဒီမှာက ပြည်သူက ကူရာကယ်ရာမဲ့ ဖြစ်နေတယ်။ အဖွဲ့အစည်းတွေကဖွဲ့ထားပေမယ့် မြေပြင်မှာမရှိတော့ ခက်ခဲတယ်။ အခု မိုးကလည်းရွာထားတာ မကြာသေးဘူး။ မိုးကလည်း ဖွဲဖွဲရှိနေတော့ ပြည်သူတွေမှာအကူအညီလိုအပ်နေတယ်။ နေဖို့ထိုင်ဖို့စားနပ်ရိက္ခာ၊ ဆေးဝါးတို့လို အခက်အခဲရှိနေတယ်။ "

တောင်ငူစစ်ဘေးရှောင်တွေအတွက် စောင်၊ ခြင်ထောင်နဲ့ စားစရာတွေ အရေးပေါ် လိုအပ်နေ

" ခုက ရာသီဥတုကလည်းအေးနေပြီဆိုတော့ အဓိကလိုတာကတော့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အနွေးထည်တို့၊ ဆေးတို့၊ စားရေးသောက်ရေးလိုတယ်။ နောက်ပြီးတော့ ကျန်းမာရေး၊ နေမကောင်းတဲ့သူတွေပါတော့ ဆေးရုံဆေးခန်းပြရတာတွေလည်း ရှိတယ်။"

အမြန်လမ်းဘေး ငါးဖမ်းနေတဲ့ တောင်ငူနယ်ကလူငယ် ၂ ဦး ထပ်မံဖမ်းဆီးခံရ ■ ၁ ပတ်အတွင်း ၆ ဦးအဖမ်းခံထားရပြီး စစ်မှုထမ်းဖို့ဖမ်းဆီးတာလို့ဆို

"ဟိုင်းဝေးလမ်း(အမြန်လမ်း)ဘေး တံတားနားမှာတယောက်က ကျင်စက်ထိုး(ဘက်ထရီရှော့တိုက်ငါးဖမ်း) နေတာ။ နောက်ကောင်လေးက မိုးရွာထားတော့ လယ်စောင့်ရင်းကနေ တဲလေးပေါ်မှာ အိပ်နေတာ။ အဲဒါကိုဝင်ခေါ်သွားတယ်။ လာဦးလို့ခေါ်ပြီး လက်ထိပ်ခတ်ခေါ်သွားတယ်။"

ရွှေဘိုနယ်မှာ ၁၀ ရက်ကြာစစ်ကြောင်းထိုးသွားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်တွေက စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နိုင်ခဲ့

"ထိတွေ့တိုက်ပွဲက အိုးဘိုနဲ့ချီပါ ၂ ခါပဲထိတွေ့ဖြစ်တာ။ ဒရုန်းနဲ့တိုက်ခိုက်တာက နေ့ရောညရော ၂၄ နာရီပဲ။ ချီပါထဲမှာ သူတို့ရှိနေချိန်က ၂၄ နာရီပဲ ချတာ။ ချီပါပတ်ပတ်လည်ကို ဝိုင်းထားပြီး ဒရုန်းတွေနဲ့ ချနေတော့ သူတို့မထွက်နိုင်ဖြစ်ခဲ့တာ။"

ကျွန်းလှမှာ စစ်အုပ်စုက ဒေသခံနေအိမ်တွေမီးရှို့ပြီး အမျိုးသမီး ၃ ဦးကိုဖမ်းသွား

" နယ်မြေခံအဖွဲ့တွေရှိလို့တော့ မဟုတ်ဘူး။ ရွာကို မီးရှို့ချင်လို့ကိုလာတာ။ အဲဒီရွာတွေကို ငြိုးနေတာကြာပြီ။ PDF တွေကိုထောက်ပံ့တယ် ဘာဖြစ်တာညာဖြစ်တယ်ဆိုပြီး ငြိုးနေတာ။ အဲလိုတော့ကြားထားတယ်။"

တောင်ငူကကျေးရွာတွေကို လက်နက်ကြီးဗုံးသီးတွေကျရောက်ပေါက်ကွဲလို့ ၄ ဦးဒဏ်ရာရပြီး လူထောင်ချီထွက်ပြေးနေရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကွမ်းသီးပင်ကျေးရွာကို ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးဗုံးသီးတွေ ကျရောက်ပေါက်ကွဲလို့ ဒေသခံ ၄ ဦးဒဏ်ရာရခဲ့ပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

တင့်ကားတပ်ထဲကို ဖမ်းခေါ်ခံထားရတဲ့ ကန့်ဘလူဒေသခံ ၂၀၀ နီးပါး အဆက်အသွယ်ပြတ်နေ

"အကုန်လုံးကို ပြည်သူ့စစ် (ပျူစောထီး)တာဝန် ထမ်းဆောင်ခိုင်းတော့မှာဆိုတော့ တယောက်မှပြန်လွတ်လာသူ မရှိဘူး။ ပြည်သူ့စစ်လုပ်ခိုင်းမှာကိုတော့ ၈၀ ရာခိုင်နှုန်းလောက်ထိ အတည်ပြုနိုင်တယ်။ စစခေါ် ကတည်းကိုက သူတို့ဘက်ကနယ်မြေမှန်သမျှ ပြည်သူ့စစ်လုပ်ဖို့ဖမ်းခေါ်တာ။"

မန္တလေး-မြစ်ကြီးနားသွား ခရီးသည်တင်ကား ၁ စီးတိမ်းမှောက်လို့ ၅ ဦးဒဏ်ရာရ

စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေး-မုံရွာလမ်းမပေါ်မှာ မန္တလေး-မြစ်ကြီးနားသွားခရီးသည်တင်ကား ၁ စီးတိမ်းမှောက်ပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပွင့်ဖြူမြို့ပေါ်မှာ စစ်မှုထမ်းကြေးဆိုကာ ၁ အိမ်ကို ၃ သောင်းကျပ်စီကောက်နေ ■ မပေးရင် စစ်မှုထမ်းဖို့ထည့်မယ်လို့ ခြိမ်းခြောက်ပြီး သတ်ရဲတဲ့ကောင်တိုက်ရိုက်လာ ဟု အုပ်ချုပ်ရေးမှူးစိန်ခေါ်

"ပိုက်ဆံလိုက်ကောက်ရင်း လမ်းတွေထဲမှာအော်ဟစ်ပြီးတော့ သတ်ရဲတဲ့ကောင် သူ့ဆီတိုက်ရိုက်လာခဲ့၊ ဘယ်ပထွေးသွားတိုင်တိုင် **ဂရုမစိုက်ဘူးဆိုပြီးတော့ သူပိုကြမ်းပြမယ်ဆိုပြီး အော်သွားတယ်။ လှဝင်းနဲ့အတူတူ စိန်ခေါ်တာတွေရှိလာတယ်။"

တောင်ငူမှာ အမျိုးသား ၄ ဦးကို စစ်မှုထမ်းဖို့ စစ်တပ်က ဆဲဆိုဖမ်းဆီး

"ကိုမျိုးဇော်ဦးအိမ် ဝင်ဖမ်းတာမှာ နောက်ဖေးကနေဝင်ပြီးဖမ်းတာ။ ‘ဟိတ်ကောင် နှမ* မင်းလက်ထဲ ဘာမှမယူခဲ့နဲ့ မင်းဆင်းခဲ့’ လို့ ဆဲပြီး လက်မြှောက်ဆင်းခိုင်းတာ။ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10