Kyaw Gyi

ကြို့ပင်ကောက်က လူငယ် ၂၅ ဦး စစ်တပ်က အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းပို့

"ကြို့ပင်ကောက်ရဲစခန်းမှာ ဖမ်းထားပြီး ကလေးက တညအိပ်လိုက်ရတယ်။ နောက်တရက် မနက် ၉ နာရီ လောက် အတွေ့ခံမယ်ဆိုလို့ ညှိမယ်ပေါ့။ ငွေဖြင့်ငွေ လူစားထိုးမယ်ဆိုလည်း ထိုးမယ်လို့ သူတို့က ပြောလွှတ်လိုက်လို့ အေးရာအေးကြောင်း ပြန်လာကြတယ်။ ညှိလို့ရမယ်ဘဲထင်တာ။ မနက်လောက်ကျတော့ ထသွားတော့ ကလေးတွေကို ကားတွေနဲ့ခေါ်သွားပြီးဆိုတာသိရတာ"

အမြန်လမ်းမှာ ရပ်ထားတဲ့ယာဥ်ကို ဝင်တိုက်လို့  ၂ ဦးသေပြီး ၁၂ ဦးဒဏ်ရာရ

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ရပ်ထားတဲ့ကားကို နောက်ကားက ဝင်တိုက်မိတာကြောင့် တိုက်မိတဲ့ကားပေါ်ပါသူ ၂ ဦးသေပြီး ၁၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကြိုထောင်ထားတဲ့မိုင်းပေါက်လို့ စစ်ဆေးရေးဂိတ်က စစ်သား ၂ ဦး သေဆုံး

"ရွာထိပ်မှာ ဂိတ်ဖွင့်ထားတာ။ ကျနော်တို့အခေါ်တော့ မဖဲဝါဂိတ်ပေါ့။ အဲ့ဂိတ်က ညဘက်ဆိုပြန်ခေါက်တယ်။ နေ့ပိုင်းမှာ ပြန်လာတာ။ ညပိုင်းမှာမိုင်းဝင်ထောင်ခဲ့ပြီး လာတဲ့အချိန်မှာမှ မိုင်းဆွဲခဲ့တာ။"

နေပြည်တော်က လာစစ်ဆေးသွားပြီးနောက် အုတ်တွင်းမှာ လူဖမ်းတာပိုဆိုးလာပြီး သိန်းရာနဲ့ချီတောင်းနေ

"ခုက ပိုဖမ်းပြီး ပိုက်ဆံပိုတောင်းနေကြတယ်။ (သိန်း)ခုနှစ်ဆယ်(၇၀) အနိမ့်ဆုံးတောင်းတာ။ (သိန်း) ၁၀၀၊ ၁၂၀ ထိတောင်းတာ။ အရင်တုန်းက ၁၀ သိန်း၊ ၁၅ သိန်း၊ ၅ သိန်းလောက် သွားယူလိုက် အဲလိုမျိုး။ ခုက ၁၀ ဂဏန်းသွားပြောရင် ထရယ်လိမ့်မယ်။ မကိုက်ဘူးဆိုပြီး။"

အုပ်ချုပ်ရေးမှူးနေအိမ် မိုင်းပေါက်ကွဲတာကို လာစစ်တဲ့စစ်အုပ်စု မိုင်းထပ်ခွဲခံရလို့ ရဲစခန်းမှူးအပါ ၅ ဦး ဒဏ်ရာပြင်းထန်

“ မိုင်းကွဲတဲ့အသံကြားပြီးတော့ ပွင့်ဖြူမြို့ရဲစခန်းက ရဲစခန်းမှူးနဲ့ ရဲတပ်သားတွေရောက်လာတာမှာ နောက်ထပ် ၁ ကြိမ် အဝေးထိန်းမိုင်း ၁ လုံးနဲ့ထပ်ခွဲလိုက်တာ ထိခိုက်ဒဏ်ရာရသူတွေများပါတယ် “

ရေတာရှည်မှာတိုက်ပွဲဖြစ်၊ မိုင်းမတော်တဆမှုကြောင့် ကာကွယ်ရေးရဲဘော် ၁ ဦးထိခိုက်

"ဒိုးတန်းမှာအထိုင်ချထားတဲ့တပ်ကို စစ်တောင်းမြစ်ကူးပြီး သွားပစ်တာ။ ပြဿနာကမြစ်ရေကြီးထားတော့နုန်းတွေက ပေါင်လည်လောက်ဖြစ်နေတော့တိုက်ပွဲက မတွင်ဘူးပေါ့။ အဲ့မှာ ကိုယ့်ရဲဘော် ၁ ယောက်ကလည်း မိုင်းအက်စီးဒင့်ဖြစ်တော့ ပြန်ခွာခဲ့ရတယ်။ နာရီဝက်လောက်ပါပဲ ဖြစ်တာက"

ဝမ်ပေါင်ကုမ္ပဏီကထွက်လာတဲ့ ကြေးနီတင်တွဲကားအပါ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

"လက်နက်ကြီးနဲ့ မိုင်းဆွဲတာတော့ မပါဘူး။ ဂန်း(Gun)ငယ်တွေနဲ့ပဲ ပစ်ခတ်ခဲ့တာ။ ပစ်တာက ၁၅ မိနစ်လောက်ပဲ ကြာတယ်။ သူတို့ဘက်က ပြန်ပစ်တာမျိုး မရှိဘူး။ ကားပဲ မောင်းပြေးသွားတာ"

နေပြည်တော်မှာ ဘုရားမီးပူဇော်တဲ့ဖယောင်းတိုင်ကတဆင့် မီးလောင်လို့ နေအိမ် ၇ လုံးပျက်စီး

"အောက်ခံခွက် အောက်ခံပြားလည်း မပါ။ ရိုးရိုးဘုရားကျောင်းဆောင်ပေါ်မှာပဲ မီးပူဇော်ခဲ့တာ။ မီးကုန်တဲ့ အချိန်မှာ ဘုရားစင်ကိုကူးတယ်။ ဘုရားစင်ကူးချိန်မှာ ချက်ချင်းကြီး မီးခိုးမီးတောက်တွေကမဖြစ်ဘဲ ဘုရားစင်တော်တော်များများပါသွားပြီးမှ ထရံတွေပါကူးပြီး မီးမနိုင်တော့ဘူးဖြစ်တာ။"

ပခုက္ကူ၊ ကိုင်းရွာကို စစ်ကောင်စီတပ်က ရုတ်တရက်ဝင်စီးပြီး ကိုယ်ဝန်ဆောင်နဲ့ ကျေးရွာပကဖ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ် ■ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦးလည်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာကို စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနဲ့ ကျေးရွာပကဖ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပကဖ၊ တပ်ခွဲ ၃ ထံက သိရပါတယ်။

ဖမ်းဆီးမှုနဲ့ အစစ်ဆေးများတာကြောင့် အုတ်တွင်းကပရဟိတအသင်းအများစု ညဘက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထား

" စစ်မှုထမ်းကြောက်တာတခု၊ ခပေါင်းတံတားမှာ အစစ်ဆေးပေါ့၊ အချို့ကျတော့ သဘောကောင်းတာရှိတယ်။ အချို့ကျတော့လူနာပါတာတောင် ရစ်တာတွေရှိလို့ ညဆိုမထွက်ကြတော့ဘူး။"

တရွာတည်းသားက ၇ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ခဲ့  ■ မောင်ဖြစ်သူကိုပါသတ်ခဲ့ပေမယ့် မသေဘဲ ပြန်ပြောပြလို့ ကျူးလွန်သူကိုဖမ်းမိ

"တော်တော်ဝေးဝေးလံလံကို ခေါ်သွားပြီးတော့ ကောင်မလေးကို Rape(အဓမ္မပြုကျင့်) လုပ်တယ်ပေါ့နော်။ Rape လုပ်ပြီး ရုန်းတော့ လည်ပင်းညှစ်တယ်ပေါ့။ လည်ပင်းညှစ်တော့ ဟိုကရုန်းတော့ သေသွားတယ်ပေါ့။ ရုန်းရင်းကန်ရင်းနဲ့ ခေါင်းနဲ့ အောက်က အမာတွေဘာတွေနဲ့ဆိုတော့ ထုရိုက်ပြီးတော့ သတ်ပစ်တာပေါ့ဗျာ။"

စစ်တပ်နဲ့ပျူစောထီး စိုးမိုးထားတဲ့ရွာကို တော်လှန်ရေးတပ်တွေ ဝင်တိုက်ပြီး နှစ်ဖက်အထိခိုက်ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ စိုးမိုးထားတဲ့ မြင်းချင်းကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိခိုက်တွေရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဗုံးစမှန်ဒဏ်ရာနဲ့ ဆေးကုနေတဲ့ ပုဝါနီစစ်ကြောင်းကရဲဘော် ၁ လကျော်အကြာမှာ သေဆုံး

"ဆေးကုသနေရင်းကနေ ရထားတဲ့ဒဏ်ရာနဲ့ ဆုံးတာ။ ခွဲတော့ခွဲစိတ်တာပဲ။ အဲ့တုန်းက ပေါင်မှာဒဏ်ရာရတာ။ ဓာတ်မှန်တွေမရှိတော့ အကောင်းလို့ပဲ ထင်ထားတာ။ အဲ့ဒီမှာအိမ်သာသွားရင်း ထပ်လဲတော့ ကျိုးသွားတာ။ ကျနော်တို့နေရာမှာလုပ်လို့မရတော့ ရတဲ့နေရာကိုပို့ ဆေးကုသနေရင်းကနေ ဆုံးသွားတာပါ။"

အမျိုးသား ၂ ဦးစကားများရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးဒဏ်ရာပြင်းထန်ရ

"သမီးယောက်ဖချင်းက အိမ်ချင်းကပ်လျက်နေတာ။ စကားများကြရာကနေ ဓားနဲ့ထိုးတာ။ စကားများတဲ့ အကြောင်းအရင်းကတော့ မသိရဘူး။”

ပြည်-အောင်လံ ကားလမ်းပေါ်မှာ PDF အဖွဲ့ဝင် ၆ ဦးဖမ်းခံရ

"လူဦးရေခန့်မှန်းအရရော ဒီလူတွေပျောက်ဆုံးရက်အရရောဆိုတော့။ စစ်ကောင်စီဘက်လည်း စစ်ဆေးမေးမြန်းပြီးမှ ဓာတ်ပုံရိုက်ထုတ်ပြန်တာဆိုတော့။ သေချာသလောက်ရှိပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်တဲ့အချက်အလက်အချို့တော့ သိရပေမယ့်ပြောလို့မရသေးဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10