Kyaw Gyi

ခြင်ဆေးထွန်းထားရာမှ မီးလောင်လို့ နေအိမ်နဲ့ နွားတင်းကုပ်ပျက်စီး

"ညဘက် နွားတွေကို စောင့်အိပ်ကြတယ်လို့ သိရတယ်။ လူတွေက ခြင်ကိုက်မှာ စိုးလို့ ခြင်ဆေးထွန်းထားရာကနေ ကောက်ရိုးတွေကို မီးလောင်ပြီး အိမ်တွေပါ ကူးကုန်တာ"

ချောင်းဦးမှာ LPDF ရဲဘော် ၄ ဦး ပစ်သတ်ခံရ

"သူတို့ (LPDF) အဲ့လမ်းပိုင်း အဲ့နေရာမှာ အလှူငွေကောက်နေတာကြာပြီ။ သူတို့က အမြဲပုံမှန်လိုလို ရှိနေတော့ စကစ ဘက်ကလည်း ချောင်းနေတာဖြစ်မယ်။ မနေ့ကတော့ အလစ်ဝင် တိုက်ခိုက်ခဲ့ ရတာ"

သားကိုမမိလို့ ဖမ်းဆီးထောင်ချခံထားရတဲ့ဖခင် အကျဉ်းထောင်အတွင်း အချိန်မှီဆေးကုသခွင့်မရလို့ သေဆုံး

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇ ရက်က ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲတွေသေဆုံးတဲ့ကိစ္စမှာ ဦးခင်စိုးသားဖြစ်သူက ပါဝင်ပတ်သက်တယ်ဆိုပြီး အောက်တိုဘာလ ၃ ရက်မှာနေအိမ်ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ရှာဖွေရာ သားဖြစ်သူကိူမတွေ့လို့ ဦးခင်းစိုးကို ဖမ်းဆီးသွားခဲ့တာပါ။

မကွေးကန်ဘောင်မှာ မိုင်းပေါက်ကွဲပြီး လူငယ် ၁ ဦးသေဆုံး

"သိရသလောက်က သူတို့မှာပါလာတဲ့ မိုင်းကိုဆင်နေရင်းကနေ ထကွဲတာလို့ သိရတယ်။ ဖြစ်တဲ့ နေရာမှာမိုင်းဆင်ပြီးရင် တနေရာမှာ သွားချထားဖို့ဖြစ်လောက်တယ်။ တယောက်ကတော့ ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ကမ္မရဲစခန်းအနီးနေ သားအမိနှစ်ဦး အသတ်ခံရ

"အသတ်ခံရတာက ၄ ရက်နေ့ ညပိုင်းလောက်ကတည်းက ဖြစ်လောက်တယ်။ မနက်ကျမှ သူတို့အိမ်က တံခါးဖွင့်တာမတွေ့ရလို့ သွားခေါ်ကြည့်မှ သိရတာ။ အမေဖြစ်သူ အိမ်အောက်က ထိုင်ခုံမှာ။ သမီးဖြစ်သူက နေအိမ်ထဲမှာ သတ်ခံထားရတာကို တွေ့ခဲ့ကြရတာ"

မုံရွာမြို့မှာ ပရီမီယာကော်ဖီကုမ္ပဏီကား ဓားပြတိုက်ခံရ ငွေကျပ်သိန်း ၅၇၀ ကျော်ပါသွား

"သူတို့လုပ်သွားတဲ့နေရာက လူအရမ်းပြတ်တဲ့နေရာတော့ မဟုတ်ဘူး။ လူမြင်ကွင်းမှာပဲ။ သိရသလောက်က ဘဏ်လွှဲမယ့်ငွေတွေတော့ ပါသွားတာကို သိရတယ်။"

ညောင်လေးပင်ကိုသွားမယ့် ရွာချင်းဆက်လမ်း ၂ ခုကို စစ်တပ်က ဖျက်ဆီးလို့ ဒေသခံတွေ သွားလာရေးခက်ခဲ

"ညောင်လေးပင်ကိုဝင်မယ့် မိန်းလမ်းနှစ်ခုမှာ သူတို့ကဂိတ်တွေထိုင်ထားတယ်။ ကျူချောင်းကနေ ညောင်လေးပင်ကို ဝင်မယ့်လမ်းကပဲ သူတို့လူမရှိတာဆိုတော့ PDF တွေဝင်လာလို့မရအောင် လမ်းလာဖျက်တဲ့သဘောပဲ"

ဝေါမြို့နယ်က ကျေးရွာတွေမှာ ပြည်သူ့စစ်မဲနှိုက်ရာ အခြေခံလူတန်းစားတွေပဲမဲပေါက်နေလို့ မကျေနပ်ဖြစ်နေကြ

"မဲတွေက ဘယ်လိုလုပ်ပြီး နှိုက်ခိုင်းနေလဲတော့ မသိရဘူး။ အခြေခံလူတန်းစားတွေပဲ ပေါက်နေတော့ လာပြောကြတယ်။ သူတို့လူတွေက တယောက်မှမပါတော့ ကျန်တဲ့သူတွေက မကျေနပ်ကြဘူး။ သူတို့ မတရားတာ သိနေပေမယ့် ပြည်သူတွေမှာ ခေါင်းငုံ့ခံနေရတယ်"

ကျောက်ကြီးမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာ

"ဒီတလောမှာ စကစဘက်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာရော၊ ခရီးသည်တင် လေယာဥ်တွေနဲ့ ဗုံးပစ်ချတာတွေရော ဆက်တိုက်လုပ်လာတာ။ ဒေသခံတွေကတော့ ကြားထဲက ထိခိုက်သေဆုံးတာ အိုးအိမ်ပျက်စီးတာတွေရှိတယ်"

ရည်းစားချင်းချိန်းတွေ့စဥ် အသတ်ခံလိုက်ရတဲ့အမျိုးသမီးငယ်နာရေး မဘသရဟန်းသံဃာတွေအပါ ဒေသခံ ၁,၀၀၀ ကျော်လိုက်ပါပို့ဆောင်

မခြူးခက်နွယ်ကို သတ်ဖြတ်ခဲ့တဲ့ လူငယ်ဟာ အစ္စလာမ် ဘာသာဝင်တဦးဖြစ်တာကြောင့် မဘသ သံဃာတွေနဲ့ အမျိုးသားရေးသမားတွေပါဝင်လာတာလို့ သိရပြီး နာရေးသွားနေချိန် ရဲတွေက လုံခြုံရေးယူပေးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထံ စစ်မှုမထမ်းလိုသူ ၅၀ ကျော် ဝေါပကဖဆီရောက်ရှိ စစ်သင်တန်းတက်နေ (ရုပ်/သံ)

ဝေါပကဖထံ ရောက်ရှိလာတဲ့ လူငယ်တွေဟာ စစ်မှုထမ်းရမှာကြောက်ပြီး ပြည်ပထွက်ဖို့လာသူတွေမဟုတ်ဘဲ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ ရောက်လာသူတွေဖြစ်လို့ သူတို့တွေကို အခြေခံစစ်ပညာသင်ကြားပေးနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး KNLA တပ်ဖွဲ့၀င် ၅ ဦးအပါ ဒဏ်ရာရသူများ

"KNU စခန်းတွေကိုကျတော့ စကစဘက်က တရက်တည်း လေကြောင်းကနေ ၆ ကြိမ်လာပစ်သွားတာ။ ဗုံးကြဲတာကော၊ စက်သေနတ်နဲ့ပစ်တာကော။ ကျန်တဲ့အရပ်သားတွေ ထိခိုက်တာကျတော့ လက်နက်ကြီးနဲ့ပစ်လို့ ထိတာများတယ်"

မင်းလှမှာ ကလေး ၃ ဦးပျောက်ဆုံးနေ၊ ၁၇ ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

"အဲ့နေ့က လူကြီးတွေက ပဲသွားနုတ်တော့ အိမ်မှာ မရှိကြဘူး။ သူ့ညီတွေ ညီမတွေနဲ့သူပဲရှိတာ။ ညနေပြန် လာတော့ အိမ်မှာသူ့ကိုမတွေ့တော့ လိုက်ရှာတာ။ နေရာနှံ့နေပြီ ဒီနေ့အချိန်ထိ ပြန်မတွေ့သေးဘူး။ သူကရွာထဲတောင်နှံ့အောင်မရောက်ဖူးဘူး။ ခြေထောက်တဖက်ကလည်း သိပ်မကောင်းဘူး"

ရဲကို ဓားနဲ့ခုတ်သူ ပစ်ခတ်ဖမ်းဆီးခံရ

" မူးပြီး နေအိမ်မီးရှို့လိုက်တာ။ အဲဒါကို ရဲကလာဖမ်းတော့ သူ့လာဖမ်းရမလားဆိုပြီး ဓားနဲ့ထခုတ်တာ။ ရဲတယောက်တော့ ထိသွားတယ်။ သူလည်း ပစ်ခံလိုက်ရတယ်"

သမီးရည်းစားချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးကို ဓါးနဲ့ထိုးသတ် (ရုပ်/သံ)

ဒေသခံတွေကတော့ ကောင်လေးနဲ့ကောင်မလေးဟာ သမီးရည်စားဖြစ်ပြီး မကြာသေးခင် ကာလက စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲထားတာဖြစ်ပြီး ကောင်မလေးက ဒူဘိုင်းနိုင်ငံကိုသွားဖို့ ပြင်ဆင်နေစဥ်ကာလမှာ ကောင်လေးဘက်က နောက်ဆုံးအကြိမ်တွေ့ခွင့်တောင်းလို့ သွားတွေ့ချိန် အသတ်ခံရတာလို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10