Kyaw Gyi

ပျောက်နေတဲ့ ၃ နှစ်အရွယ်ကလေးကို ၃ ရက်အကြာ ဒဏ်ရာတွေနဲ့ရေထဲမှာ သေဆုံးလျက်ပြန်တွေ့

"ကလေးအလောင်းက ရေပေါ်ပေါ်နေမှ ဒီမနက် ထပ်ရှာကြတဲ့အချိန် တွေ့ကြတာ။ ပြီးခဲ့တဲ့ ရက်တွေကတည်းက ရှာတဲ့အထဲ အဲ့နေရာလည်းပါတယ်။ ရှာနေကြတာနေရာအစုံဘဲ။ ရရှိထားတဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီးလို့တော့ ဘယ်လိုကြောင့်ရလဲဆိုတာပြောရခက်တယ်"

အိမ်ခြံဝန်းထဲကနေပျောက်သွားတဲ့ ၃ နှစ်အရွယ် ကလေးတဦး ၃ ရက်ကြာအထိ ပြန်မတွေ့သေး

"ထမင်းစားဖို့ သူ့အမေက ထမင်းသွားထည့်နေချိန် ပြန်ထွက်လာတော့ကလေးက မရှိတော့ဘူး။ အနီးဝန်းကျင်လိုက်ရှာတာလည်း နှံ့နေပြီး ပြန်မတွေ့သေးဘူး။ ပျောက်နေတာ ဒီနေ့ပါဆို ၃ ရက်ရှိပြီ"

ပုဇွန်မြောင်းရွာ နေအိမ်တွေ ၇ ကြိမ်မြောက် မီးရှို့ခံရပြီး အိမ် ၄၀၀ ခန့်ဆုံးရှုံးသွား

ပုဇွန်မြောင်းကျေးရွာက နေအိမ်တွေဟာ ရွာလည်ပိုင်းလောက်ကလွဲရင် ရွာစွန်ပိုင်းတွေက ခြံဝင်းကျယ်တာကြောင့် နေအိမ်တွေမီးရှို့ခံရရင်တောင် မီးကူးစက်လောင်ကျွမ်းဖို့မလွယ်လို့ စစ်ကောင်စီဘက်က တအိမ်စီကို လိုက်ရှို့နေရတယ်လို့ ဆိုပါတယ်။

ညောင်လေးပင်မှာ လက်နက်ကြီးကျလို့ ဆော့နေတဲ ၉ နှစ်အရွယ်ကလေး ထိမှန်သေဆုံး

"လက်နက်ကြီးကျလာတဲ့အချိန် ကလေးက ခြံထဲဆော့နေတာ အစမှန်ပြီး နေရာမှာပဲ သေဆုံးသွားတယ်။ တိုက်ပွဲမဖြစ်ဘဲ ကျလာတာဆိုတော့ လူတွေလည်း လန့်ကုန်တယ်"

အထူးကွန်မန်ဒိုသင်တန်းသွားမယ့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၆ ဦးကို PDF ဖမ်းဆီး

"ဒီရက်ပိုင်းအတွင်းမှာ နေပြည်တော်မှာ အထူးကွန်မန်ဒိုသင်တန်းတွေလုပ်ဖို့ရှိတယ်လို့ ကြားထားတော့ ပျူတွေဘက်က သွားလာနိုင်တယ်လို့ ယူဆလို့ လမ်းပေါ်ရှောင်တခင်တက်စစ်တာ သူတို့ကိုမိတာ။ ကားသမား ၂ ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်"

ဇရပ်ကြီးစျေးမီးလောင်လို့ ဆိုင်ခန်း ၅၀ ကျော်နဲ့ နေအိမ်အချို့ မီးလောင်ပျက်စီး

"မီးရှို့ခံရတယ်လို့ သိရတယ်။ ဇရပ်ကြီးမှာက တိုက်ပွဲဖြစ်ထားတော့ မီးသတ်တွေကလည်း မရှိဘူး။ တောင်ငူနဲ့ထန်းတပင်က မီးသတ်ကားတွေရောက်ချိန် ကုန်သလောက်ရှိသွားပြီ"

၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို တုတ်နဲ့ရိုက်သတ်တယ်ဆိုကာ ၁၄ နှစ်အရွယ် လူငယ်တဦး ဖမ်းဆီးခံရ

"ခုအဖမ်းခံရတဲ့ကောင်လေးရဲ့အဖေနဲ့ သေဆုံးသူကောင်မလေးရဲ မိသားစုတွေက ရန်ဖြစ်ထားဖူးပြီး အဲ့တုန်းက ကောင်လေးနဲ့သူ့အဖေ ၂ ယောက်စလုံး ရိုက်နှက်ခံရဖူးတယ်လို့ သိရတယ်။ အဲ့ဒီကိစ္စကို ကောင်လေးက မကျေနပ်လို့လုပ်တယ်လို့ပဲ ပြန်ကြားသိရတယ်။ အသေးစိတ်ကတော့ ရဲတွေကပဲ သိနိုင်မယ် "

နွားထိုးကြီးမှာ ကားတစီး ပစ်ခတ်ခံရပြီး သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

"ကားက ကျောက်ဆည်ဘက်ကကားလို့ သိရတယ်။ ပခုက္ကူဘက်ကနေ နားရေးဆွမ်းစားဖိတ်လို့ သွားပြီးပြန်လာတဲ့ကားပါ။ ဘာကြောင့်ပစ်ခံရတယ်ဆိုတာတော့ မသိရဘူး။"

စစ်မှုမထမ်းမနေရ ဥပဒေထောက်ခံပွဲမှာ စစ်ဘေးရှောင်တွေကိုပါ စစ်ကောင်စီက ဖိအားပေးလိုက်ခိုင်းခဲ့

"အရွယ်ကောင်း အမျိုးသား၊ အမျိုးသမီးတွေ လိုက်ရတယ်။ မလိုက်ရင်မနေရဘူးဆိုတော့ ပြန်လို့လည်း မဖြစ်သေးတာရယ်ကြောင့် လိုက်သွားရတဲ့သူတွေရှိတယ်။ မြို့ကသူတွေက မလိုက်ကြတော့ စစ်ဘေးရှောင်တွေကို အသုံးချသွားတာ။ တပူပေါ်နှစ်ပူဆင့်ခဲ့ရတယ်"

ပြည်သူစစ်ဖွဲ့ဖို့ အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

"သူတို့က ပြည်သူစစ်ဖွဲ့ဖို့ အစည်းအဝေးလုပ်နေချိန် ဆိုင်ကယ်နဲ့လာပြီး ပစ်သွားတာ။ သူကိုဦးတည်ပြီး ပစ်တာမျိုးဆိုတော့ ကျန်သူတွေမထိဘူးလို့တော့ သိရတယ်"

ပဲခူးမြို့နယ်မှာ စစ်သင်တန်းတက်ရန် မဲပေါက်တဲ့ အုပ်ချုပ်ရေးမှူးတချို့ ငိုနေကြရ

"စစ်တပ်နဲ့ ဌာနဆိုင်ရာက လူတွေကြီးကြပ်ပြီး မဲနှိုက်ခိုင်းတယ်လို့ သိရတယ်။ အုပ်ကြီးကိုယ်တိုင်မဲပေါက်လို့ အိမ်ရောက်တော့ ငိုနေတယ်လို့ သိရတယ်။ သူတို့ကိုယ်တိုင်ကျတော့ ပြည်သူစစ်မလုပ်ချင်ကြဘူးလေ"

ဝေါမြို့နယ်ပကဖ က ရဲဘော်လူငယ် ၁ ဦး နာတာရှည်ရောဂါနဲ့ သေဆုံး

"တောထဲမှာနေရင်း သူ့ရောဂါက မသက်သာတော့ ဆရာဝန်က အဆုတ်ရော၊ ကျောက်ကပ်ပါ ဓာတ်မှန်ရိုက်ကြည့်ဖို့ အကြံပေးတယ်။ ဒါပေမယ့် မြို့ထဲထိ သွားလာပြသဖို့ကျတော့ အဆင်မပြေလို့ ဖြစ်ရတာ။ မနေ့က သူအမေဆီသွားချင်တယ်၊ အိမ်ပြန်ချင်တယ်လို့ ပြောတယ်။ ညပိုင်းမှာ ဆုံးသွားတယ်"

စစ်မှုမထမ်းမနေရဥပဒေကြောင့် ဝေါနယ်အတွင်း လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးမှု ပြဿနာ ရင်ဆိုင်နေရ

လက်ရှိမှာ လုပ်သားငှားရမ်းမရလို့ ပဲနဲ့ နွေစပါး အချိန်မှီမရိတ်သိမ်းနိုင်တာကြောင့် လေလွင့်ပျက်စီးတာတွေများနေသလို ကုန်ကျစရိတ်တွေလည်း များနေတာကြောင့် အကျိုးအမြတ် မကျန်ဘူးလို့ သိရပါတယ်။

လူနာတင်ယာဥ်နဲ့ လာစွန့်ပစ်ခံရတဲ့ အသက် ၆၀အရွယ် အမျိုးသား ၁ ဦး သေဆုံး

"လာပစ်သွားတုန်းက အဲ့အမျိုးသားက မသေသေဘူး။ သူ့ကိုဆေးရုံတခုကနေ ခေါ်လာပြီး လာစွန့်ပစ်သွားတာလို့ သိရတယ်။ သူ့ကိုလည်း ပတ်ဝန်းကျင်ကလူတွေ ကူညီပေးဖို့ လုပ်တာတောင် (သူက) လက်မခံဘူး။"

ပြည်သူတရပ်လုံး စစ်မှုထမ်းဥပဒေကို မလိုက်နာကြဘဲ တော်လှန်ရေးမှာ ပါဝင်ကြဖို့ KNU တိုက်တွန်း

လူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံး အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ မပါဝင်ဘဲ တော်လှန်ရေးမှာ ပါဝင်ဖို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ KNU ဗဟိုက တိုက်တွန်းလိုက်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10