Kyaw Gyi

စီပင်ရွာအုပ်ချုပ်ရေးအဖွဲ့က လက်နက်အားကိုးနဲ့ စစ်မှုထမ်းအကြောင်းပြ ရွာထဲမှာလစဥ်ငွေတောင်းနေ

"သူတို့က လက်နက်ကိုင်တဲ့ ပြည်သူ့စစ်တွေလေ။ လက်နက်အားကိုးနဲ့ ရွာမှာလုပ်ချင်တိုင်းလုပ်နေတာ။ သူတို့ ငွေတောင်းတဲ့ကိစ္စ သတင်းထွက်ရင်လည်း ရွာကိုဒုက္ခပေးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်။ ရွာသားတွေကလည်း သူတို့မှာရှိတဲ့လက်နက်ကိုကြောက်ပြီး ငြိမ်နေကြရတယ်"

ချောင်းဦးမြို့နယ် ပလဖ အဖွဲ့ရုံး ရွှေ့ပြောင်းပေးရေး ဒေသခံတွေဆန္ဒပြ (ရုပ်/သံ)

ဆန္ဒထုတ်ဖော်ရာမှာ ဒေသခံတွေရဲ့ သဘောထားဆန္ဒဖြစ်တဲ့ တောင်းဆိုချက် ၇ ချက်ပါတဲ့ စာသားဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး မြို့နယ်ပလဖရုံးရှေ့ထိ ချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သားဖြစ်သူ အုပ်ချုပ်ရေးမှူးကို လာဖမ်းစဥ် ဖခင်ဖြစ်သူအသတ်ခံရ

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ လေးပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လာရောက်ဖမ်းစဥ် အုပ်ချုပ်ရေးမှူးက ထွက်ပြေးသွားပြီး ဖခင်ဖြစ်သူကခုခံလို့ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

အောင်လံမှာ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး အသတ်ခံရ

"သေနတ်သမားတွေက ရွာထဲရောက်လာပြီး သူ့ကိုအိမ်ကနေ ဖမ်းသွားတယ်။ လမ်းမှာပဲ ပစ်သတ်သွားတာ။ နေရာမှာပဲ သေသွားတယ်။ သူက ကြံ့ခိုင်ရေးပါတီဝင်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဆိုတာလောက်ပဲ သိရတယ်။"

လမ်းကြုံလိုက်လာတဲ့သူငယ်ချင်းက လုယက်လို့ ငွေကျပ်သိန်း ၂၀၀ ကျော်ဆုံးရှုံး

"လမ်းမှာ သူရဲ့သူငယ်ချင်းဆိုသူတယောက်က လမ်းကြုံလိုက်ပါရစေဆိုလို့ ခေါ်တင်သွားတယ်။ လုယက်ခံရတဲ့ နေရာရောက်တော့ ဆိုင်ကယ် ၁ စီးနဲ့အမျိုးသား ၂ ယောက်က သူတို့ကားရှေ့ကိုပိတ်ရပ်တယ်။ ကားပေါ် လမ်းကြုံလိုက်လာတဲ့ သူငယ်ချင်းဆိုသူက သူကိုအနောက်ကနေလည်ပင်းညှစ်ထားတယ်။ ဆိုင်ကယ်နဲ့ လာတဲ့သူ ၂ ဦးက ဓားထောက်ပြီးငွေတွေယူတယ်။ ပြီးတော့ ၃ ယောက်စလုံး ဆိုင်ကယ်နဲ့ထွက်သွားကြတယ်"

မုံရွာ-ခန္တီးရေကြောင်းတလျှောက် စက်လှေ ၁ စီးကို ကောက်ခံငွေကျပ်သိန်း ၁၀၀ ကျော်ပေးရလို့ စက်လှေ ပြေးဆွဲမှုတချို့ ရပ်နား

"အာဏာမသိမ်းခင်က စစ်ဆေးရေးဂိတ်တွေက အဲ့လောက်မများသလို ငွေပေးရတာလည်းနည်းတယ်။ ရက် ၂၀ လောက်ဆို အစုန်အဆန်တခေါက်ရတယ်။ အခုက ငွေလည်းပေးရတာအလွန်အကျွံပဲ။ အဆန်တခေါက်တောင် အနည်းဆုံး လေးလကြာတယ်။ အစုန်အဆန်ဆို ခြောက်လပဲ"

အရေးယူမခံရဘဲ ပြည်သူအပေါ်  ဆိုးဆိုးဝါးဝါးငွေတောင်းခြိမ်းခြောက်နေတဲ့ အုတ်တွင်းက စစ်ကောင်စီ ဝန်ထမ်းတွေ

"ရဲတွေက အခုကာလမှာ စစ်မှုထမ်းအကြောင်းပြပြီး ငွေညှစ်လို့ရမယ့်သူ။ အကြောက်ကြီးတဲ့သူမျိုးတွေနဲ့ ပြန်မတိုင်လောက်တဲ့သူတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးငွေညှစ်နေတာ။ အခုလည်း သူတို့နှစ်ယောက်ကို ဖမ်းဆီးငွေညှစ်ပြီး ရှောင်ခိုင်းထားတယ်"

ပဲစျေးနှုန်းမြင့်မှုနဲ့ စက်သုံးဆီအခက်အခဲကြောင့် တနိုင်တပိုင် ပဲပြားလုပ်ငန်းတွေ ရပ်နားရဖွယ်ရှိ

ပဲပြားလုပ်ငန်းမှာ အဓိကလိုအပ်တဲ့ ပဲစျေးနှုန်းတွေ အဆမတန်မြင့်တက်လာတာနဲ့ စက်သုံးဆီတွေ အလွယ်တကူ ဝယ်ယူမရတာ၊ စျေးကြီးပေးဝယ်ယူနေရတာကြောင့် အမြတ်အစွန်း မရှိသလောက်နည်းပါးလာတဲ့အတွက် လုပ်ငန်းရပ်ဆိုင်းရတော့မယ့် အခြေအနေဖြစ်နေတယ်လို့ ပဲပြားလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

မုံရွာမှာ လူ ၅ ဦးပစ်သတ်ခံရပြီးနောက် ဒေသခံ ၅၀ ခန့်ကိုစစ်ကောင်စီဖမ်းဆီး

"အများစုအဖမ်းခံရတာက ရွှေကုန်းကများတယ်။ အိမ်တွေမှာဝင်ဖမ်းတာရော လမ်းကနေ စစ်ဆေးဖမ်းတာ ရောပါတယ်။ မနေ့ညနေကဆို ညောင်ဝိုင်းတံတားနားမှာ သဲလုပ်သားနှစ်ယောက်ကိုဖမ်းပြီး နေပူထဲမှာ ကြွတ်ကြွတ်အိတ်ခေါင်းစွပ်ပြီး ထားထားသေးတာ။ ပြီးမှာခေါ်သွားတာ"

မုံရွာမှာ သေနတ်ပစ်ခံရလို့ သဲလုပ်ငန်းပိုင်ရှင်နဲ့ သားသမီး ၂ ဦးအပါ ၅ ဦး သေဆုံး

သေနတ်သမားတွေ ပစ်ခတ်တာကိုခံရလို့ သဲလုပ်ငန်းပိုင်ရှင် ဦးဇော်ညွန့် ၅၀ နှစ်ခန့်၊ သဲကားယာဥ်မောင်းတွေဖြစ်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်ဇေယျ၊ ဦးကျော်ဇင်မင်း၊ အသက် ၄ နှစ်အရွယ် မောင်ဇွဲသီဟမာန်၊ အသက် ၉ နှစ်အရွယ် အိမ်ဂျယ်မိုးတို့မှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲသေဆုံးခဲ့ပါတယ်။

စေတုတ္တရာနယ်က ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးနေရ

" စစ်ကြောင်းတွေက တရွာဝင်တရွာထွက် သွားနေသလို ရွာအနီးတွေက စိုက်ခင်းတွေဘက်နဲ့ တောစပ်တွေကိုလည်း သွားလာနေတော့ မနေရဲတော့ဘဲ ပြေးကြရတာ။ ခုအချိန်က မိုးတွင်လည်းဖြစ်တော့ စစ်ရှောင်နေကြရတာ တော်တော်ဒုက္ခများကြတယ်။"

မုန်းမှာ စစ်ရှောင်နဲ့ဒေသခံတွေ တုပ်ကွေးနဲ့အရေပြားရောဂါအဖြစ်များနေပြီး ဆေးဝါးမလုံလောက်

" ခုက တုပ်ကွေးနဲ့ ယားနာဖြစ်နေကြတာက လူ ၁၀၀ မှာ ၆၀ လောက်ဖြစ်နေကြတာ။ အဓိက ရေမသန့်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ယားပြီးတော့ ပြည်တည်နာတွေပုံစံ ဖြစ်ကြတာ။ တချိန်လုံး ကုတ်နေရတယ်။ ဖျားတာဆိုရင်လည်း ကိုယ်လက်ကိုက်ခဲပြီး မလှုပ်နိုင်တဲ့အခြေနေထိ ကြုံတွေ့နေကြရတယ်"

တိုက်ပွဲတွင်း အိမ်စောင့်ကျန်ခဲ့တဲ့အမျိုးသား ပျောက်ဆုံးနေပြီး ၈ ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

"သူ့မိန်းမက သူတို့နဲ့အတူရှောင်ပြေးဖို့ ခေါ်သေးတယ်။ သူက အိမ်ကိုချစ်တော့ အိမ်စောင့်နေခဲ့မယ် ပြောတယ်။ ညနေ ၃ နာရီလောက်မှာ သူတို့အိမ်နားမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးကတည်းက ပျောက်သွားတာ။ ဖုန်းပါသွားပေမယ့် စက်ကပိတ်ထားတယ်"

မုန်းမှာ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှူကြောင့် ၅ လအတွင်း ပြည်သူ ၁၉ ဦးသေပြီး၊ ၅၄ ဦးဒဏ်ရာရ

"အဓိက လက်နက်ကြီးကြောင့် ပြည်သူတွေထိခိုက်သေဆုံး များရတာ။ လေယာဥ်ကြောင့် ထိခိုက်တာ နည်းတယ်။ တိုက်ပွဲလည်းမရှိဘူး။ လက်နက်ကြီးကတော့ နေ့တိုင်း ၁၀ လုံးနဲ့အထက်ကို ပစ်ခတ်နေတော့တာ။ "

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ်တစီး မီးလောင်

"ကားဘရိတ်ရှူးက ဘယ်နေရာကတည်းက ငြိလာသလဲတော့ မသိဘူး။ ကြာလာတော့ အပူလွန်ကဲပြီးတော့ ဘီးကနေ မီးလောင်ရာကနေ ကားပါမီးလောင်သွားတာ။ ကားပေါ်ပါသူတွေက မီးငြှိမ်းပေမယ့် မနိုင်တော့လို့ လောင်ကုန်တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10