Kyaw Gyi

ပဲစျေးနှုန်းမြင့်မှုနဲ့ စက်သုံးဆီအခက်အခဲကြောင့် တနိုင်တပိုင် ပဲပြားလုပ်ငန်းတွေ ရပ်နားရဖွယ်ရှိ

ပဲပြားလုပ်ငန်းမှာ အဓိကလိုအပ်တဲ့ ပဲစျေးနှုန်းတွေ အဆမတန်မြင့်တက်လာတာနဲ့ စက်သုံးဆီတွေ အလွယ်တကူ ဝယ်ယူမရတာ၊ စျေးကြီးပေးဝယ်ယူနေရတာကြောင့် အမြတ်အစွန်း မရှိသလောက်နည်းပါးလာတဲ့အတွက် လုပ်ငန်းရပ်ဆိုင်းရတော့မယ့် အခြေအနေဖြစ်နေတယ်လို့ ပဲပြားလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

မုံရွာမှာ လူ ၅ ဦးပစ်သတ်ခံရပြီးနောက် ဒေသခံ ၅၀ ခန့်ကိုစစ်ကောင်စီဖမ်းဆီး

"အများစုအဖမ်းခံရတာက ရွှေကုန်းကများတယ်။ အိမ်တွေမှာဝင်ဖမ်းတာရော လမ်းကနေ စစ်ဆေးဖမ်းတာ ရောပါတယ်။ မနေ့ညနေကဆို ညောင်ဝိုင်းတံတားနားမှာ သဲလုပ်သားနှစ်ယောက်ကိုဖမ်းပြီး နေပူထဲမှာ ကြွတ်ကြွတ်အိတ်ခေါင်းစွပ်ပြီး ထားထားသေးတာ။ ပြီးမှာခေါ်သွားတာ"

မုံရွာမှာ သေနတ်ပစ်ခံရလို့ သဲလုပ်ငန်းပိုင်ရှင်နဲ့ သားသမီး ၂ ဦးအပါ ၅ ဦး သေဆုံး

သေနတ်သမားတွေ ပစ်ခတ်တာကိုခံရလို့ သဲလုပ်ငန်းပိုင်ရှင် ဦးဇော်ညွန့် ၅၀ နှစ်ခန့်၊ သဲကားယာဥ်မောင်းတွေဖြစ်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်ဇေယျ၊ ဦးကျော်ဇင်မင်း၊ အသက် ၄ နှစ်အရွယ် မောင်ဇွဲသီဟမာန်၊ အသက် ၉ နှစ်အရွယ် အိမ်ဂျယ်မိုးတို့မှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲသေဆုံးခဲ့ပါတယ်။

စေတုတ္တရာနယ်က ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးနေရ

" စစ်ကြောင်းတွေက တရွာဝင်တရွာထွက် သွားနေသလို ရွာအနီးတွေက စိုက်ခင်းတွေဘက်နဲ့ တောစပ်တွေကိုလည်း သွားလာနေတော့ မနေရဲတော့ဘဲ ပြေးကြရတာ။ ခုအချိန်က မိုးတွင်လည်းဖြစ်တော့ စစ်ရှောင်နေကြရတာ တော်တော်ဒုက္ခများကြတယ်။"

မုန်းမှာ စစ်ရှောင်နဲ့ဒေသခံတွေ တုပ်ကွေးနဲ့အရေပြားရောဂါအဖြစ်များနေပြီး ဆေးဝါးမလုံလောက်

" ခုက တုပ်ကွေးနဲ့ ယားနာဖြစ်နေကြတာက လူ ၁၀၀ မှာ ၆၀ လောက်ဖြစ်နေကြတာ။ အဓိက ရေမသန့်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ယားပြီးတော့ ပြည်တည်နာတွေပုံစံ ဖြစ်ကြတာ။ တချိန်လုံး ကုတ်နေရတယ်။ ဖျားတာဆိုရင်လည်း ကိုယ်လက်ကိုက်ခဲပြီး မလှုပ်နိုင်တဲ့အခြေနေထိ ကြုံတွေ့နေကြရတယ်"

တိုက်ပွဲတွင်း အိမ်စောင့်ကျန်ခဲ့တဲ့အမျိုးသား ပျောက်ဆုံးနေပြီး ၈ ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

"သူ့မိန်းမက သူတို့နဲ့အတူရှောင်ပြေးဖို့ ခေါ်သေးတယ်။ သူက အိမ်ကိုချစ်တော့ အိမ်စောင့်နေခဲ့မယ် ပြောတယ်။ ညနေ ၃ နာရီလောက်မှာ သူတို့အိမ်နားမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးကတည်းက ပျောက်သွားတာ။ ဖုန်းပါသွားပေမယ့် စက်ကပိတ်ထားတယ်"

မုန်းမှာ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှူကြောင့် ၅ လအတွင်း ပြည်သူ ၁၉ ဦးသေပြီး၊ ၅၄ ဦးဒဏ်ရာရ

"အဓိက လက်နက်ကြီးကြောင့် ပြည်သူတွေထိခိုက်သေဆုံး များရတာ။ လေယာဥ်ကြောင့် ထိခိုက်တာ နည်းတယ်။ တိုက်ပွဲလည်းမရှိဘူး။ လက်နက်ကြီးကတော့ နေ့တိုင်း ၁၀ လုံးနဲ့အထက်ကို ပစ်ခတ်နေတော့တာ။ "

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ်တစီး မီးလောင်

"ကားဘရိတ်ရှူးက ဘယ်နေရာကတည်းက ငြိလာသလဲတော့ မသိဘူး။ ကြာလာတော့ အပူလွန်ကဲပြီးတော့ ဘီးကနေ မီးလောင်ရာကနေ ကားပါမီးလောင်သွားတာ။ ကားပေါ်ပါသူတွေက မီးငြှိမ်းပေမယ့် မနိုင်တော့လို့ လောင်ကုန်တာ"

ကန့်ဘလူမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၃ ခုတိုက်ခိုက်ခံရပြီး နှစ်ဘက်ထိခိုက်ရှိ၊ အရပ်သား ၃ ဦးသေဆုံး

"စကစတပ်စွဲနေရာ သုံးခုကို တပြိုင်နက်ဝင်တိုက်ခဲ့ကြတာ။ သုံးနာရီလောက် တိုက်ပွဲဖြစ်ခဲ့တာ။ ညောင်ပင်ကြီးနဲ့ မင်းကုန်းထဲက စကစနဲ့ပျူတွေ ထွက်ပြေးလို့ သူတို့စခန်းနေရာထိ ရောက်ခဲ့ကြတယ်။ သင်ပေါင်းကျင်းကတော့ မဝင်နိုင်ခဲ့ဘူး"

ထန်းတပင်မှာ စစ်တပ်ကလေယာဥ်နဲ့ပစ်ခတ်လို့ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ

"ပစ်သွားတာကတော့ ရွာအနီးချောင်းစပ်တွေ၊ လယ်ကွက်တွေထဲကို ပစ်သွားတာ။ ကြက်တက်ညောင်ပင်မှာတော့ ရွာထဲကျပေမယ့် လူမရှိတဲ့အိမ်နားကျတာ။ ကျောက်ကြီးပေါက်မှာဆို ရောကတ်နဲ့ လေးလုံးပစ်ချသွားတာ"

ပခုက္ကူ၊ လေယာဥ်ကွင်းစီမံကိန်းအနီး တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦးသေဆုံးပြီး၊ သေနတ် ၂ လက်ရ

"ဒီကောင်တွေက အရပ်ဝတ်လေးနဲ့ သေနတ်လေးလွယ်ပြီးထွက်လာချိန်မှာ ဝိုင်းပစ်တာ။ မျက်မြင် သေတယ်ဆိုမှ သေနတ်သွားကောက်ပြီး ဆုတ်လာကြတာ"

ရွှေဘို၊ အောင်ချမ်းသာရွာမှာ တရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိ

"ပထမအကြိမ်တိုက်ပွဲကတော့ ကျနော်တို့ဘက်က လူအင်အားနည်းတော့ ခဏလောက်ပဲ တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်ခဲ့ရတယ်။ ညနေပိုင်းမှာကျတော့ အင်အားထပ်စုပြီး သူတို့စခန်းချထားတဲ့နေရာကို သွားတိုက်တာ။ အနီးကပ်တိုက်ပွဲဖြစ်ခဲ့တာ"

စက်သုံးဆီရရှိဖို့ အခက်အခဲကြောင့် လူမှုကူညီရေးအသင်းတချို့ ရပ်နားဖို့အထိဖြစ်လာ

"ခုအချိန်က လူနာရှင်က ဆီထည့်ပေးမှ ရပ်ဝေးကို လိုက်ပို့နိုင်တဲ့အခြေနေမှာ ရှိနေပါတယ်။ ခုလည်း ရန်ကုန်လူနာသွားပို့တဲကားတစီး ရန်ကုန်အသွား ဆီပြတ်နေလို့ ရောက်တဲ့နေရာရပ်ထားရတယ်။ ဒီအတိုင်းဆို ရေရှည်မှာ လူနာသယ်ပို့လုပ်ငန်းတွေ ရပ်ထားရတော့မှာ"

ကင်မွန်းခြုံရွာသား ၁ ဦးကိုစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းလာကောက်သူတွေကိုပါပစ်ခတ်

ဩဂုတ်လ ၁၁ ရက်မှာ အလောင်းလာကောက်တဲ့အဖွဲ့တွေကို စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့ပြီးနောက်မှာ စစ်‌ကောင်စီတပ်သားတွေကပဲ အလောင်းကို ရွှေကျင်စုရွာဘက် သယ်သွားတာကြောင့် ဩဂုတ်လ ၁၃ ရက် ဒီမနက်ပိုင်းထိအလောင်းပြန်မရသေးဘူးလို့ ဆိုပါတယ်။

ဇရပ်ကြီးဒေသက စစ်ရှောင်တွေရဲ့နေအိမ်နဲ့ဆိုင်တွေ ဖောက်ထွင်းခံထားရ

"အိမ်တွေဆိုင်တွေဆို မွစာကြဲနေတာပဲ မွှေထားတာ။ မနေ့ကရွာမှာ ကိုယ့်အိမ်က ပစ္စည်းပြန်ယူတဲ့ သူတွေလည်း စစ်သားတွေခြောက်ပစ် ပစ်ခံရလို့ ပြန်ပြေးလာကြရတယ်။ ပစ္စည်းတွေကတော့ ဘယ်သူတွေ မွှေနှောက်ယူထားလည်းဆိုတာတော့ မသိရသေးဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10