စစ်ရှောင်

တိုက်ပွဲတွင်း အိမ်စောင့်ကျန်ခဲ့တဲ့အမျိုးသား ပျောက်ဆုံးနေပြီး ၈ ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

"သူ့မိန်းမက သူတို့နဲ့အတူရှောင်ပြေးဖို့ ခေါ်သေးတယ်။ သူက အိမ်ကိုချစ်တော့ အိမ်စောင့်နေခဲ့မယ် ပြောတယ်။ ညနေ ၃ နာရီလောက်မှာ သူတို့အိမ်နားမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးကတည်းက ပျောက်သွားတာ။ ဖုန်းပါသွားပေမယ့် စက်ကပိတ်ထားတယ်"

သာယာဝတီခရိုင်ထဲက အသစ်ဖွင့်တဲ့ စစ်‌ရှောင်စာသင်ဆောင်မှာ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေ

“လက်ရှိကတော့ ပုံနှိပ်စာအုပ်လိုတာရှိလည်း မျှသုံးရတယ်။ မနေ့ကဝယ်ထားတဲ့ လွယ်အိတ်ဝေတာမှာ ၂ ယောက်အတွက် လိုနေလို့ မရတဲ့ကလေးက မျက်နှာငယ်သွားတာမျိုးလည်း ရှိတယ်။ ဒီလို သင်ကြားနိုင်ဖို့ မနှစ်ကတည်းက အားစိုက်တာ အခုမှ အောင်မြင်တယ်”

ကန့်ဘလူစစ်ကြောင်းက ဒေသခံ ၄ ဦး ကိုဖမ်းဆီးသွားတာကြောင့် ကျေးရွာ ၇ ရွာမှ ဒေသခံတွေ ထွက်ပြေးနေရ

"နိုင်လင်း လင်မယားက လယ်တဲမှာ မွေးထားတဲ့ဝက်တွေကို အစာကျွေးဖို့သွားချိန် အဖမ်းခံရတာ။ မိမြိုင်တို့ ညီအစ်မတွေလည်း လယ်ထဲမှာပဲ အဖမ်းခံလိုက်ရတာ"

ထန်းတပင်မှာ စစ်တပ်ကလေယာဥ်နဲ့ပစ်ခတ်လို့ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ

"ပစ်သွားတာကတော့ ရွာအနီးချောင်းစပ်တွေ၊ လယ်ကွက်တွေထဲကို ပစ်သွားတာ။ ကြက်တက်ညောင်ပင်မှာတော့ ရွာထဲကျပေမယ့် လူမရှိတဲ့အိမ်နားကျတာ။ ကျောက်ကြီးပေါက်မှာဆို ရောကတ်နဲ့ လေးလုံးပစ်ချသွားတာ"

အင်းတော်နယ်က စစ်ရှောင်တွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး စစ်တပ်ကခြိမ်းခြောက်ပြန်ခေါ်နေ

“ပစ္စည်းတွေသယ်ပြီးတော့ ရှောင်ရင်း (စကစ)ဂိတ်မှာမိတယ်ဆိုရင် ဖမ်းပြီးတော့ မပြေးရဘူးပေါ့။ ဈေးဆိုင်ပြန်ဖွင့်ပြီး ဈေးပြန်ရောင်းခိုင်းတယ်။ ဆိုင်ပိတ်တယ်ဆို ချိပ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ။ စစ်တပ်ဂိတ်မှာ မိတဲ့ဟာတွေဆို ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ဖွင့်ထားရတယ်။”

ရေဦးနဲ့ ဒီပဲယင်းမှာ စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ဒေသခံသောင်းချီထွက်ပြေးနေရ

"ခြေလျင်လာတာဗျ။ ကားလမ်းမအတိုင်းပဲ ထိုးလာတာ။ ရွာထဲတွေတော့ မဝင်ဘူး။ ဒါပေမယ့် ဒေသခံတွေက တခုခုဖြစ်မှာကြောက်တော့ ရွာလုံးကျွတ်ထွက်ပြေးနေကြရတယ်"

မြင်းခြံမှာ ဌာနဆိုင်ရာရုံးတချို့ပိတ်ပြီး ဝန်ထမ်းနဲ့ဒေသခံတွေ မြို့ပေါ်ကတိမ်းရှောင်နေ

"မြို့ပေါ်မှာ လူနည်းနည်းပဲကျန်တော့တယ်။ ညနေရောက်ပြီဆိုတာနဲ့ လူသံတွေကိုတိတ်ဆိတ်နေတာပဲ။”

ဆုံးရှုံးနေတဲ့ကာကွယ်ဆေးထိုးခွင့်နဲ့  အရွယ်မတိုင်ခင်အသက်ဘေးကြုံရတဲ့ ပဋိပက္ခကြားက ကလေးငယ်တွေ

“ကာကွယ်ဆေးမထိုးတဲ့ကာလ ဒီထက်ပိုပြီးကြာလာမယ်ဆိုရင် ရောဂါတွေတဖန်ခေါင်းပြန်ထောင်လာပြီးတော့ နိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်း၊ ကလေးတွေရဲ့ ကျန်းမာရေးအဆင့်အတန်းကစပြီး အကုန်ဆိုးဆိုးဝါးဝါး ထိခိုက်လာနိုင်တယ်။ ဒါ့ကြောင့် ကာကွယ်ဆေး ထိုးလုပ်ငန်းတွေကို အာရုံထားပြီးတော့မှ ပိုပြီးတော့အားစိုက်ပြီး လုပ်ပေးစေချင်တယ်။”

ထန်းတပင်မြို့နယ်ထဲမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

"စစ်ရှောင်တွေကတော့ မနေ့ကအထိ ပြေးလာနေကြတုန်းပဲ။ တချို့ကလည်း ရွာလုံးကျွတ်နီးပါး။ တချို့ကျတော့လည်း အိမ်စောင့်လောက်ထားပြီး ပြေးလာကြတယ်။ ပစ်ခတ်မှု လွတ်လောက်တယ်ထင်တဲ့နေရာတွေက သွားခေါ်နေရတုန်း။ တချို့ကျတော့ ရွာတွေကနေ ထွက်မရသူတွေလည်း ရှိနေသေးတယ်"

ခလရ ၇၃ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးတွေနဲ့ပစ်လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ထိခိုက်သူများ

"တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ကြီးသံတွေက ဆက်တိုက်ပဲ။ ဒီမနက်(သြဂုတ် ၁၀)လည်း ထပ်ပစ်နေတယ်။ အများစုလက်နက်ကြီးတွေက ခလရ ၇၃ ကပစ်နေတာ"

ကန့်ဘလူနယ်က ရွာ ၁၆ ရွာကို စစ်သားနဲ့ပျူတွေမီးရှို့လို့ နေအိမ် ၆၀၀ ကျော်ပျက်စီး

"ခုဆိုရင် စကစနဲ့ပျူစစ်ကြောင်းက ရွာစဥ်လှည့်မီးရှို့နေတာ နှစ်ပတ်လောက်ရှိပြီ။ တရက်ကို တရွာနှစ်ရွာ အဲ့လိုဝင်ရှို့နေတာ။ ရွာထဲဝင် အိမ်တွေကိုမွှေ လိုချင်တာယူပြီးရင် မီးရှို့နေတာ"

ပြင်ဦးလွင်မှာ ပြည်သူတွေစိတ်မပူကြဖို့ စစ်တပ်ကလိုက်အော်ချိန် မြို့ခံတွေစစ်ရှောင်ထွက်ပြေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ပေါ်မှာ သြဂုတ် ၈ ရက်ဒီမနက်ပိုင်းက ပြည်သူတွေစိတ်မပူကြဖို့ စစ်ကောင်စီတပ်သားတွေက မိုက်နဲ့လိုက်အော်ချိန်ကစပြီး ဒေသခံတွေက မန္တလေးဘက်ကို စစ်ရှောင်ထွက်ပြေးသွားကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ မြိုင်နယ်ကဒေသခံ ၅၀၀၀ ကျော် အရေးပေါ်ထွက်ပြေးရ

“အပေါ်က စက်သံတွေ ပစ်တဲ့အသံတွေနဲ့ တကယ်ကိုယောက်ယက်ခတ်ပြီး သဲထိပ်ရင်ဖိုပဲ။ ရွာမှာ ပျက်စီးတာတွေတော့ရှိမယ်။”

ပေါက်နယ်မြောက်ပိုင်းက စစ်ရှောင် စာသင်ကျောင်း ၂ ကျောင်းအတွက် သင်ထောက်ကူတွေထောက်ပံ့ (ရုပ်/သံ)

သြဂုတ်လ ၅ ရက်က သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ကျောင်း ၂ ကျောင်းမှာရှိတဲ့ KG တန်းကနေ Grade-5 အထိ ကျောင်းသူ/ကျောင်းသား ၂၀၀ ကို ထောက်ပံ့လှူဒါန်းခဲ့တာလို့ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စဉ့်ကူးတွင် စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲလို့ ပြည်သူ ၁၃ ဦးသေဆုံးပြီးနောက် ဒေသခံတွေ ဘေးကင်းရာကို ပြောင်းရွှေ့နေရ

" မနေ့က တိုက်ပွဲလည်းမရှိဘဲ လေကြောင်းလာတိုက်သွားတာ။ ရွာကတော့ တော်တော်ထိတယ်။ ဖုန်း၊ အင်တာနက်လိုင်းတွေလည်း အကုန်ပိတ်ထားတုန်းပဲ။ အခုလည်း ထပ်လုပ်ဦးမယ်ဆိုလို့ အကုန်ပြေးနေကြတာ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10