စစ်ရှောင်

၄ လအတွင်း ၄ ကြိမ်မြောက်ရေတက်လာလို့ ကျွန်းပေါ်က စစ်ရှောင်တွေအခက်တွေ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းပေါ်ကို ၄ ကြိမ်မြောက် ဧရာဝတီမြစ်ရေ တက်လာတဲ့အတွက် အဲ့ဒီကျွန်းပေါ်မှာ နေထိုင်နေကြတဲ့စစ်ရှောင်တွေ အခက်အခဲဖြစ်နေကြပါတယ်။

စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီး

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ သဖန်းဇင်ကျေးရွာအတွင်းကို အောက်တိုဘာ ၁၃ ရက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ၁ ဦးဆီက သိရပါတယ်။

စစ်တပ်ရှိတဲ့ စစ်တောင်းမြစ်ဘေးရွာ ၂ ရွာကို PDF တွေဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် မြစ်ကြောင်းတလျှောက် စစ်ဆေးမှုတင်းကျပ် ■တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး စစ်တပ်ရှောင်ခိုင်းလို့ ဒေသခံ ၁,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာပြေးနေရ

" ကွင်းဆိပ်ရယ်၊ သူရဲသမိန်မှာ လူတွေသိပ်မရှိတော့ဘူး ရွာသားတွေထွက်ပြေးကုန်ပြီ။ ကွင်းဆိပ်ဆိုတရွာလုံးနီးပါးမရှိတော့ဘူး။ PDF တွေဝင်တိုက်တော့မယ်ဆိုပြီး စစ်တပ်ကရွာသားတွေကို ရှောင်ခိုင်းတယ်။ ခုသူရဲသမိန်မှာ လက်နက်ကြီးတွေလည်းဆင်ထားတယ်။ သူရဲသမိန်မှာလည်း ရွာသားကသုံးပုံတပုံလောက်ပဲ ရှိတော့တယ်"

ဘုတလင်မြောက်ခြမ်းက စစ်ရှောင် ၅၀၀ နီးပါး အရေးပေါ်အကူညီ လိုအပ်နေ

“မနက် ၁၀ နာရီလောက်မှာ **တွေဝင်ပြီး တွေ့တဲ့လူဖမ်းတယ်။ သက်ကြီးရွယ်အိုတွေကို သတ်တယ်။ ရွာသူရွာသားတွေ အကုန်ထွက်ပြေးနေကြရတယ်။ အချို့ အဝတ်အစားအပိုတောင် ပါမလာကြတာများတယ်။”

အင်အားအလုံးအရင်းနဲ့ စီးနင်းခံထားရတဲ့ မြစ်ခြေမြို့မှာ ဒေသခံ ၃၀ ခန့် ဖမ်းဆီးစစ်ဆေးခံနေရ

“အဖမ်းခံရတာက ကျမမိသားစုတွေပါ။ မိသားစု ၆ စုအဖမ်းခံလိုက်ရတာ။ အိမ်ကနေ ထွက်ပြေးလာတဲ့အခါ စကစတွေနဲ့ လမ်းမှာတွေ့အဖမ်းခံလိုက်ရတာ”

မြစ်ခြေမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ မြို့လုံးကျွတ်ထွက်ပြေးနေရ

“ ကျနော်ဆိုရင် အလုပ်လုပ်နေရာကနေ အလုပ်ကိုပစ်ပြီးတော့ မိသားစုနဲ့ထွက်ပြေးလာကြတာ။ ကလေးတွေ (PDF) ရှောင်ဖို့ပြောတယ်။ မြို့အပြင်ဖက်ကနေ သေနတ်ပစ်သံတွေ ကြားခဲ့ရတယ်။”

စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ၁၅ ဆောင်မြောက် စာသင်ဆောင် ဆောက်လုပ်ပြီးစီး (ရုပ်/သံ)

ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ ကျောင်သား/ကျောင်းသူတွေကို ဒံပေါက် ကျွေးမွေးခဲ့ပြီး အထက်တန်းကျောင်းသား/ကျောင်းသူတွေအတွက် လိုအပ်နေတဲ့ ဂဏန်းပေါင်းစက် ၁၀ လုံးကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး စုစုပေါင်း ကျပ်သိန်း ၄၀ ကျော်ကုန်ကျတယ်လို့ ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။

မင်းတုန်းနယ်ထဲ စစ်ကြောင်းထိုးပြီး ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ် ၃ ဦး စစ်ကြောင်းပြန်ထွက်ချိန်အထိ လွတ်မလာ ■ စစ်ကြောင်းထိုးစဉ် ဒေသခံတွေရဲ့ငွေနဲ့ပစ္စည်း ကျပ်သိန်း ၇၀၀ ဖိုးခန့် လုယူသွားတယ်လို့ဆို

“ ကျောက်ဖျာလည်ရွာကနေ ဖမ်းသွားတဲ့ ပြည်သူတွေ ပြန်မလွတ်သေးဘူးလို့ သတင်းရတယ်။ အဲ့လိုပဲ အခြားရွာတွေကနေပြီးတော့ ဖမ်းဆီးတဲ့ပြည်သူတွေရှိတယ်။”

ကောလင်းနယ်က စစ်ရှောင်တွေအတွက် တဲအလှူ (ရုပ်/သံ)

နေစရာ အခက်အခဲကြုံနေတဲ့ စစ်ဘေးရှောင်တွေအတွက် နောက်ထပ်တဲအိမ်တွေဆောက်လုပ်ပေးဖို့ လိုအပ်နေပြီး အဲ့ဒီအတွက်အလှူရှင်တွေရှိလာမှ ဆောက်လုပ်ပေးနိုင်မှာလို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

စစ်တပ်သတင်းပေး ၃ ဦး အသတ်ခံရပြီးနောက် အင်းဘတ်ရွာကိုစစ်ကြောင်းထိုးမီးရှို့လို့ နေအိမ် ၁၀၀ ကျော်ပြာကျ

“ရွာထဲမှာ ပြည်သူတွေ တယောက်မှမရှိဘူး။ အကုန်လုံးရှောင်နေကြတာ။ လူမရှိချိန် စကစတွေက မီးဝင်ရှို့သွားတာ”

ကောလင်းမှာ လေကြောင်းကဗုံးကြဲလို့ ပြည်သူ ၇ ဦး သေဆုံး

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဥက္ကံကျေးရွာက အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးကာ အလောင်းတချို့ကပျက်စီးခဲ့တာကြောင့် လက်ရှိအချိန်ထိ သေဆုံးသူတွေနဲ့ပက်သက်တဲ့ အချက်အလက်တွေကို အတိအကျရဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ကျချောင်းရေနဲ့ မျောပါသေဆုံးခဲ့တဲ့ သားအမိနှစ်ဦးမှာ ၃ ရက်ကြာအထိ မိခင်အလောင်းပြန်မတွေ့သေး (ရုပ်/သံ)

ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် တောင်ဇလပ်စစ်ရှောင်စခန်းက မိသားစုဝင် ၄ ဦးအနက် ဒေါ်နိန်ခေး အသက် ၃၈ နဲ့ သူရဲ့သားအငယ်မောင်နိုင်းနိန် အသက် ၃ နှစ်အရွယ်တို့ဟာ တောင်ကျရေစီးနဲ့ မျောပါသေဆုံးသွားခဲ့ပြီး သားအကြီးဖြစ်သူနဲ့ သားအလတ်ဖြစ်သူတို့ကတော့ လွတ်မြောက်ခဲ့တယ်လို့ CDF-MINDAT တပ်ဖွဲ့ဝင် တောခိုကြီး က ပြောပါတယ်။

ကောလင်းအနောက်ခြမ်းက ရွာ ၆ ရွာကို ရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်နေလို့ ရွာခံတွေထွက်ပြေးနေရ

“ ကောလင်းအနောက်ဘက်အခြမ်းကို လေကြောင်းနဲ့ ပစ်ခတ်မှုလုပ်သွားပါတယ်။ အခုလက်ရှိ အခြေအနေအရ ၅ ကြိမ်ရှိပါပြီ။ ကောလင်းအနောက်ခြမ်းက ရွာတွေကိုပစ်သွားတာပါ”

ဆင်ဖြူကျွန်းမြို့တိုက်ပွဲအပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်နေလို့ စစ်ရှောင်လာသူတွေကို PDF စောင့်ရှောက်ထား

"ကျေးရွာပြည်သူတွေက လန့်ဖြန့်ပြီးတော့ ရှောင်မယ်တိမ်းမယ် ကျနော်တို့ကြားသိတော့ ကားတွေနဲ့ စစ်ဘေးလွတ်ရာကို ခေါ်ဆောင်ခဲ့တာပါ"

ခင်ဦးနယ်၊ ရှားလွင်ရွာ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ရှားလွင်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦး သေဆုံးပြီး နေအိမ်နဲ့ တိရစ္ဆာန်တွေကိုလည်း ထိမှန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10