သတင်း

သေနတ် ၃ လက်ယူပြီး အလင်းဝင်လာတဲ့ပျူစောထီးကို ဆုငွေ ကျပ်သိန်း ၁၀၀ ပေး

" သူက ကျန်တဲ့သူတွေ(ပျူစောထီး ၂ ဦး)နဲ့အတူ ကင်းကျတာ။ ဟိုလူတွေအိပ်ပျော်နေတုန်း သေနတ်တွေနဲ့ပစ္စည်းတွေယူပြေးလာတာ။ ည ၂ နာရီလောက်နေမယ်။"

စိုင်ပြင်လေးရွာမှာတပ်စွဲခဲ့တဲ့ စစ်ကြောင်းကို PDF တွေတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာမှာ အထိုင်ချနေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားတွေ ပါဝင်တဲ့စစ်ကြောင်းကို အောက်တိုဘာ ၂၃ ရက် မနေ့က မဟာမိတ်တွေပူးပေါင်းပြီး ၄၀ မမ၊၆၀ မမတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။

ဘုတလင်တခွင် လူသတ်မီးရှို့ လုပ်ခဲ့တဲ့ စစ်ကြောင်းက စိုင်ပြင်လေးရွာမှာ ၅ ရက်ကြာတပ်စွဲပြီး မီးရှို့ထားခဲ့

" ကျနော်တို့အိမ်လည်းပါသွားပါပြီဗျ၊ ဘာမှကိုမကျန်တော့ဘူး၊ အကုန်လုံးပါသွားပါပြီဗျ၊ ဘာမှကို မကျန်တော့ပါဘူး၊ ကျနော့်အိမ်က စပါးတင်း ၁၀၀ လောက်နဲ့ ကုလားပဲတင်း ၆၀ မျိုးထားထားတာတွေလည်း ကုန်သွားပါပြီဗျ"

ဘုန်းကြီးကျောင်းပေါ်ကို ဂျက်ဖိုက်တာနဲ့ပစ်ခတ်လို့ ကျောင်းထိုင်ဆရာတော် ဒဏ်ရာစိုးရိမ်ရ

“ ၁ စီးကဗုံးကြဲတယ်၊ ၁ စီးက စက်လက်နက်နဲ့ ပစ်သွားတယ်။ အဲ့တောင်မှာ ဘုန်းကြီးကျောင်းပဲရှိတာ။ ရွာထဲကတော့ တောင်ပေါ်ကျောင်းလို့ခေါ်တယ်။ အဲ့ဒီတောင်ထိပ်ပေါ်မှာ ဓမ္မာရုံသေးသေးလေး ၁ ခုရှိတယ်။ အခုအဲ့ဒါတွေက လုံးဝနေထိုင်လို့မရတော့ဘူး။ စုတ်ပြတ်သတ်ကုန်ပြီ၊ သူတို့ (စစ်ကောင်စီ)က အမျိုးဘာသာသာသနာဆိုပြီးတော့ ခေါင်းစဉ်တွေတပ်ပြီးလုပ်နေကြတယ်။ ခေါင်းစဥ်တပ်တာနဲ့လုပ်ရပ်တွေနဲ့ တခြားစီဖြစ်နေတာ”

မတ္တရာမြို့နယ် ၁ ခုလုံးကို စစ်တပ်ကထိုးစစ်ဆင်ဖို့ကြိုးစားနေ

"ပစ်ခတ်သံတွေက နေ့တိုင်းနီးနီးနားနားကကြားနေရတာ။ လေယာဥ်တွေဆိုတာလည်း တခါလာဝဲ ၂ စီး။ ခေါင်းပေါ်မှာ အကြာကြီးဝဲပြီးမှ ပစ်တာ။ ဗုံးကျဲလိုက်၊ စက်သေနတ်နဲ့ပစ်လိုက်ပဲ "

တမူးခရိုင်တပ်ရင်း ၄ ကင်းစခန်းကို စစ်အုပ်စုဝင်တိုက်လို့ ကာကွယ်ရေးရဲဘော် ၃ ဦးကျဆုံး ■ကာကွယ်ရေးတပ်တွေ ကြားဖြတ်ပြန်တိုက်လို့ ကသည်းလက်နက်ကိုင် ၃ ဦးသေ၊ ၁ ဦးအရှင်မိ

“ကာကင်းကို အင်အားအလုံးအရင်းနဲ့ ဝင်လုံးတဲ့အနေအထားမှာ ကျနော်တို့ ကလေးတွေက ခံပစ်ရင်းနဲ့ ၄ ယောက်ကလွတ်လာတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ကတုတ်ကျင်းထဲမှာပဲ ခံပစ်ရင်းနဲ့ကျသွားတယ်”

ပင်လည်ဘူး စစ်ဘေးရှောင်အိမ်ထောင်စု ၁၂၀ ကို ၁ အိမ်ထောင် ၁ သောင်းကျပ်နှုန်း ထောက်ပံ့ (ရုပ်/သံ)

ပင်လည်ဘူးမြို့နယ် တောင်ဘက်ခြမ်းက စစ်ဘေးရှောင်တွေဟာ အဖွဲ့ အစည်းတွေရဲ့ ထောက်ပံ့မှုကို တကြိမ်တခါမှ မရဘူးသေးတဲ့ စစ်ရှောင်တွေ အများစု ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ပင်လည်ဘူး၊ ဝန်သို စစ်မြေပြင်လမ်းကြောင်းမှာ ရှိတဲ့ ရွာတွေက ဖြစ်ကြပြီး စစ်ဘေးရှောင်နေကြတာ ၁ နှစ်နီးပါးကြာပြီလို့ ပြောပါတယ်။

မြောင်မြို့နယ်က ရွာ ၃ ရွာကို စစ်တပ်ကဗုံးကြဲလို့ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများ

“ရွာ ၃ ရွာက ပြည်သူတွေကို အရပ်ဖက်အဖွဲ့အစည်းနဲ့ ကျနော်တို့ကာကွယ်ရေးအဖွဲ့တွေက ကယ်နေကြပါတယ်။ ပြည်သူတွေ ထိခိုက်သေဆုံးတာကတော့ ဇရပ်ကုန်းရွာကပါ။ ရုတ်တရက် ပစ်မှတ်ထားပြီး ကြဲသွားတာ၊ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။”

ရှမ်း-မန်း စစ်ဆင်းရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဒေါင်းနီ PDF က ထောက်ပံငွေပေးအပ်ကန်တော့ (Reels)

ရှမ်း-မန်း စစ်ဆင်းရေးတွင် ကျဆုံးသွားခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီ PDF က အောက်တိုဘာ ၂၃ ရက်က ထောက်ပံငွေပေးအပ်ကန်တော့ခဲ့ကြပါတယ်။

ပေါင်းတည်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရလို့ ၅ ဦးဒဏ်ရာရ

“စစ်ကောင်စီဘက်က အပေါ်တက်မှာကို ကြိုတင်သတင်းရထားလို့ မိုင်းကွင်းတွေခင်းပြီးကြားဖြတ်တိုက်ဖို့စောင့်နေခဲ့တာပါ၊ စစ် ***ဘက်က ၅ ဦးထိတယ်ဆိုတာက မျက်မြင်ရဲဘော်တွေက ထမ်းသယ်နေတာကိုတွေ့မြင်ခဲ့ရတာပါ ”

ရှမ်း-မန်း စစ်ဆင်းရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဒေါင်းနီ PDF က ထောက်ပံငွေပေးအပ်ကန်တော့

"ငွေသားပဲ ကန်တော့တာပါ၊ မိဘတွေ လိုတာလေးတွေသုံးဖို့ ရဲဘော်တွေ ထီရောင်းရတဲ့ငွေလေးတွေနဲ့ပါ။ တခြားပစ္စည်းဆိုရင် မလိုအပ်မှာစိုးလို့ပါ။"

နတ်မောက်က ကျေးရွာပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီးသေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဆုံမကျီးပင်ကျေးရွာက ပျူစောထီးခေါင်းဆောင် ကျေးရွာအနီးယာခင်းထဲမှာ ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ နတ်မောက်မြို့နယ်ပကဖထံက သိရပါတယ်။

ပြန်မချစ်လို့ဆိုကာ မိန်းကလေးကို သေနတ်နဲ့ပစ်သတ်တဲ့ ရဲဘော်ကို NUG ကထောင်ဒဏ် ၁၀ နှစ်ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာက မယုမွန်ထက်ကို နေအိမ်ထဲထိဝင်ကာ သေနတ်နဲ့ ပစ်သတ်ခဲ့သူ ဝက်လက်တပ်ရင်း ၂၊ တပ်ခွဲ ၁ က ဒုတပ်ခွဲမှူးပြည့်ထွန်းနိုင် (ခ) လင်းစေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းထိုးမီးရှို့ခံနေရတဲ့ ဘုတလင်က စစ်ရှောင်တွေ အကူအညီလိုအပ်နေ

" ကန်ဇွန်းရွက်ခူးပြီး ချက်စားတယ်။ ဂေါ်ရခါးသီးကြော်၊ ဗူးသီးတို့၊ ခရမ်းသီးတို့ချက်စားကြတယ်။ အသားငါးဟင်းက အလှူရှင်ရှိရင်စားရတယ်"

တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရပြီးတဲ့နောက် မြို့ခံတွေဆက်တိုက်ဖမ်းဆီးခံနေရ ■မီးသပိတ်လုပ်တဲ့ အမျိုးသမီးနဲ့ Tik Tok ကနေစစ်မှုထမ်းကိစ္စဝေဖန်သူတို့လည်းဖမ်းခံရ

"ဧရာထွန်းတိုက်ခန်းမှာ အဆောင် ၂ မှာနေတဲ့လူ။ တော်တော်လေးရိုက်နှက်သွားတာပဲ။ အော်သံတွေကြားရပေမယ့်ထွက်မကြည့်ရဲလို့ မကြည့်လိုက်ရဘူး "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10