သတင်း

ကန်နီရွာကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက် ပျူစောထီးနဲ့ စစ်သား ၁၀ ဦးခန့် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာမှာ စစ်သားနဲ့ ပျူစောထီး အင်အား၁၀၀ ဝန်းကျင်နေတဲ့နေရာကို ကာကွယ်ရေးအဖွဲ့တွေက တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပြင် ဒရုန်းနဲ့မီးလောင်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ MPL တိုက်နယ် ၄ ပကဖ အဖွဲ့ဆီက သိရပါတယ်။

ကောလင်းတိုက်ပွဲ ၅ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေ၊ PDF ၆ ဦးနဲ့ ပြည်သူ ၂ ဦးသေဆုံးထား

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီးဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တကျော့ပြန် တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၆ ဦးနဲ့ ပြည်သူ ၂ ဦးသေဆုံးထားပြီး ဖေဖော်ဝါရီ ၇ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဝေါက NLD ပါတီဝင်တွေနဲ့ ဝန်းရံသူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး

"ဂွေ့ကြီးကဆို ဦးဖိုးစိန်တို့ သားအဖ နှစ်ယောက်ပါသွားတယ်။ ကျန်ရွာတွေကလည်း တော်တော်များများ ပါသွားကြတယ်။ ခုရွာတွေမှာ ယောက်ယက်ခတ်နေကြတာပဲ။ ခုပြောပြနေတဲ့အချိန်ထိ စကစတွေရွာတွေမှာ မွှေနေတုန်းပဲ"

တံတားဦးမှာ ကြံ့ခိုင်ရေးပါတီဥက္ကဌအပါ ၂ ဦး ပစ်သတ်ခံရ

"သိရသလောက်က သူတို့ကိုခေါ်ထုတ်လို့ ထွက်ပြေးချိန်မှာ ပစ်ခံရတာ။ ရွာသားတွေလည်း အပြင်မထွက်ရဲဘူး။ မနက်ကျမှပဲ အလောင်းတွေကို ကောက်ရဲကြတယ်"

စလင်းနယ်က ပျူစောထီး ၂ ဦးကို နေအိမ်မှာဖမ်းဆီးမိ သေနတ်နဲ့ပြန်ခုခံလို့ ပစ်ခတ်ရှင်းလင်း

"သူတို့ကတအိမ်ထဲမှာ အတူရှိနေတာမဟုတ်ပါဘူး၊ တယောက်ရဲ့အိမ်ကို ဝင်ပြီးဖမ်းဆီးခေါ်ဆောင်ပြီးတော့ နောက်တယောက်အိမ်ကို လိုက်ပြခိုင်းတာ၊ အဲ့ဒီအိမ်ရောက်မှ သူတို့အနေနဲ့ ကျန်တဲ့တယောက်က ခုခံပစ်ခတ်တာကြောင့် ပစ်သတ်ခဲ့ရတာ"

ထန်းတပင် ခလရ ၇၃ အပါ ၄ နေရာထက်မနည်းကို ဝင်တိုက်ခိုက် ၂ နေရာကို မဟာမိတ်တပ်တွေ ထိန်းချုပ်ထား

"မနက်အစောပိုင်းကတည်းက KNLA တပ်မဟာ ၂ က ဦးဆောင်ပြီး ဝင်တိုက်နေတာ။ လတ်တလော သိရသေလာက်က နေရာ ၂ ခုလောက်တော့ သိမ်းထားပြီးပြီး။ ခလရ ၇၃ ကိုတော့ တိုက်နေဆဲပါ။ ကျန်နေရာတွေလည်း တိုက်နေဆဲ"

ဖောင်းပြင် ၂ ရက်ကြာတိုက်ပွဲ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်တပ်တပ်စွဲထားတဲ့ရွာတွေကို PDF က စီးနင်းနိုင်

“ ရွာသားတွေကို ပျူစောထီးအတင်းလုပ်ခိုင်းတာတွေ၊ ဖမ်းတာတွေရှိလို့ သွားတိုက်ကြတာ။ ကနဦး သတင်းရတာက ရန်သူ(စစ်ကောင်စီ)ဘက်က အလောင်း ၄ လောင်းရတယ်။ အရှင်တယောက်ရတယ်။ ကျန်တာလိုက်လံရှာဖွေဆဲ။”

ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ဗုံးသီးချလို့ ၇ ဦးဒဏ်ရာရဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာ ဘန်ကာဆောက်နေတဲ့ စစ် ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက Fixed Wings ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်တွေဆီကသိရပါတယ်။

၈ သိန်းပေးပြီး ပြည်သူ့စစ်ထဲအပို့ခံရတဲ့လူငယ် ထွက်ပြေးလို့ စစ်တပ်က ငွေပြန်တောင်း

အောင်လံမြို့ ဇေယျဝတီရပ်ကွက်က အသက် ၂၄ နှစ်အရွယ်ဝန်းကျင် မောင်အောင်မြင့်မြတ်ကို ပြည်သူ့စစ်ထဲဝင်ဖို့ စစ်သား ၂ ဦးက မကွေးမြို့ကို လိုင်းကားနဲ့ ခေါ်သွားချိန် ဖေဖေါ်ဝါရီ ၅ ရက် မနေ့လယ်က ကိုးပင်ရွာထမင်းဆိုင်မှာ ကားရပ်ချိန် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ဘူးလက်လှဆွေရွာ ပျူစောထီးတွေက YDF ရဲဘော်နှစ်ဦးကို ကြိုးတုပ်ပြီး အရှင်မီးရှို့သတ်အောင်ပွဲခံနေတဲ့ ရုပ်သံထွက်ပေါ်လာ

သတင်းပေးချက်နဲ့ ရုပ်သံမှတ်တမ်းအရ ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ စစ်တပ်အင်အား စုစုပေါင်း ၂၀၀ ကျော်က ရဲဘော် ၂ ဦးကို ထိပ်တုံးခတ်ကာ ရိုက်နှက်ပြီး "PDF တွေ ခွေး" လို့ အော်ခိုင်းနေတာ၊ ပြီးနောက် သံကြိုးတုပ်ထားပြီး တရွတ်တိုက်ဆွဲခေါ်သွားကြတာ သစ်ပင်အောက်မှာ မီးဖိုပြီး ကြိုးနဲ့ တွဲလောင်းချိတ် မီးရှို့ တာတွေ၊ လက်ခုပ်တီးအားပေးကြတာ ကခုန်ကြတာတွေကို ရိုက်ကူးထားကို တွေ့ရပါတယ်။

PDF တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီက အင်အားထောင်ချီသုံး တိုက်ခိုက်နေ

ဒီမြို့ကို စစ်တပ်ကပြန်သိမ်းပိုက်မယ့်သတင်းက ကာကွယ်ရေးတပ်တွေဆီကို ကြိုရောက်ထားတာကြောင့် PDF တပ်ရင်းတွေကဘက်ကလည်း မြို့စောင့်တပ်တွေကို အဆင်သင့်ပြင်ကာ တိုက်ပွဲဝင်နေတယ်လို့ PDF တပ်ရင်းတခုမှာရှိနေသူ အမျိုးသမီးတဦးက ပြောပါတယ်။

မိလ္လာကျင်းတဲ့ကျသူ ၃ ဦးအနက် ၁ ဦးအသက်ရှူကြပ်သေဆုံးပြီး ၂ ဦးဆေးကုသနေရ

ကိုသန်းဇော်ထွန်းပြုတ်ကျသွားလို့ ဦးအောင်အောင် ၅၀ နှစ်က ဆင်းကယ်စဥ် ထပ်မံမေ့လဲကျခဲ့ပြီး ကျင်းတူးလုပ်သားခေါင်းဆောင် ဦးမြတ်ကျော် ၆၀ နှစ်မှ ထပ်မံဆင်းကယ်ချိန် ၃ ဦးစလုံး ကျင်းထဲ နစ်မြှုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဝေါကနေ စစ်ကောင်စီဖမ်းဆီးသွားတဲ့ ဒေသခံအချို့ ကျပ်သိန်းဆယ်ချီပေးပြီး ပြန်ရွေးခဲ့ရ

"သိရသလောက်က ဝိုင်းပတ်က နှစ်ယောက်ဆို တယောက် သိန်း ၅၀ လောက်ပေးခဲ့ရတယ်။ ဒါတောင် စစ်တပ်နဲ့ပဏာစားတဲ့သူတွေကနေတဆင့် သူတို့ဆီချဥ်းကပ်ပြီး ပြန်ရွေးခဲ့ရတာ။ မဟုတ်ရင် ထောင်နှစ်ရှည်ချခံရအောင် လုပ်ခံရနိုင်တယ်"

မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် လိုက်ပါလာတဲ့ကား မိုင်းဆွဲခံရ

“ပတ်ဝန်းကျင်ပြောစကားအရတော့ ကားမှန်တွေအက်သွားတာတွေ့ရပြီး အမြန်မောင်းသွားတယ်လို့သိရတယ်။ မိုင်းဆွဲပြီးချိန်မှာ ပြန်ဆုတ်လိုက်ရတဲ့အတွက် ထိခိုက်မှုကို အတည်မပြုနိုင်သေးပါဘူး”

မင်းလှမှာ PDF တွေ လုံခြုံရေးစစ်ဆေးနေချိန် ပျူစောထီး ၁ ဦးရှင်းလင်းခံရ

“ကျနော်တို့ စစ်ဆေးနေတဲ့ ဂိတ်နားကို ရှိုင်းလင်းအောင်က ဆိုင်ကယ်နဲ့ရောက်လာတာကို သူမှန်းသိလို့ လိုက်ဖမ်းပြီး ရင်ဘတ်ကို ဓါးနဲ့ သုံးချက်ထိုးလိုက်တာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10