သတင်း

မင်းတုန်းနယ်ထဲ စစ်ကြောင်းထိုးပြီး ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ် ၃ ဦး စစ်ကြောင်းပြန်ထွက်ချိန်အထိ လွတ်မလာ ■ စစ်ကြောင်းထိုးစဉ် ဒေသခံတွေရဲ့ငွေနဲ့ပစ္စည်း ကျပ်သိန်း ၇၀၀ ဖိုးခန့် လုယူသွားတယ်လို့ဆို

“ ကျောက်ဖျာလည်ရွာကနေ ဖမ်းသွားတဲ့ ပြည်သူတွေ ပြန်မလွတ်သေးဘူးလို့ သတင်းရတယ်။ အဲ့လိုပဲ အခြားရွာတွေကနေပြီးတော့ ဖမ်းဆီးတဲ့ပြည်သူတွေရှိတယ်။”

ရှေ့တန်းရောက် PDF တွေအတွက် နေပြည်တော်တိုင်းစစ်ဦးစီးအဖွဲ့က ကျည်ကာပြားနဲ့ ဦးထုပ်တွေ တပ်ဆင်ပေး (Photo News)

"၁ စုံကို မြန်မာကျပ်နဲ့ဆိုရင် ၁၆ သိန်းလောက် ရှိမယ်။ ပြည်တွင်းပြည်ပအလှူရှင်တွေ ထည့်ဝင်တဲ့ငွေနဲ့ ဝယ်တာပါ။"

ယာဉ်စစ်ဆေးဖမ်းဆီးဖို့လာတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ အမျိုးသမီးယာဥ်ထိန်းရဲ ၁ ဦး ဒဏ်ရာပြင်းထန်

"ဆိုင်ကယ်ဖမ်းမလို့ ထွက်လာတာ။ ဆပလိုင်းချက်(ရှောင်တခင်စစ်ဆေးဖမ်းဆီးခြင်း) ထွက်လာတာ။ သူတို့ရောက်ပြီးသိပ်မကြာဘူး။ ‘အုန်း’ဆို ထကွဲတာ။ တလုံးတည်းကွဲတာ။ လက်ပံပင်ကြီးအောက်က ကွဲတာ"

စဉ့်ကူးနယ် မန္တလေး-မိုးကုတ်လမ်းမှာ ကားအစီးရေရာနဲ့ချီပြီး ဆယ်ရက်ကျော်ကြာပိတ်မိနေ

" ဆယ်ရက်ကျော်နေပြီ။ လမ်းကပြန်ဖွင့်မပေးတော့ စားစရာလည်းအဆင်မပြေ၊ ကုန်တွေကလည်း ပုပ်သိုးကုန်တယ်။ ဘယ်လိုမှအဆင်မပြေဘူး"

အမြန်လမ်းပေါ်မှာ လူ ၂၀ ကျော်လိုက်ပါလာတဲ့ ခရီးသည်တင်ကားမှောက်ပြီး ၅ ဦးဒဏ်ရာရ

"ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာ။ ဘယ်ဘက်ခြမ်း နောက်ဘီးပေါက်သွားတာပါ။ ဒဏ်ရာစိုးရိမ်ရတဲ့သူတွေတော့ မရှိပါဘူး"

၃ နှစ်ကျော်ကာလအတွင်း တောကျီးကန်း ၇ ကောင်တပ်ရင်းက ရဲဘော် ၂ ဦး ပထမဆုံးအကြိမ်ကျဆုံး (ရုပ်/သံ)

စက်တင်ဘာ ၂၇ ရက် ည ၁၁ နာရီခန့်မှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ချိန်မှာ တိုက်ပွဲချိန် ၂ နာရီကျော်ကြာမြင့်ခဲ့ပြီးနောက် တပ်ရင်းအတွက်အားကိုးရတဲ့ အသက် ၃၁ နှစ်အရွယ် ရဲဘော်အရှည်ကြီးနဲ့ အသက် ၂၅ နှစ်အရွယ် ရဲဘော် ရဲမာန် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်၊ ကျောက်အိုးရွာက အိမ် ၅ လုံးကို စစ်တပ်ကမီးရှို့ပြီး ရွာခံတချို့ကို ဓားစာခံအဖြစ်ဖမ်းဆီးသွား

"ဓားစာခံတွေက များတယ်၊ ရွာသစ်ရွာကပဲ ဖမ်းခံရတာ ၁၅ ယောက်လောက်ရှိတယ်။ ဘယ်သူတွေလဲဆိုတာ တိတိကျကျမသိရသေးဘူး။ ရွာထဲက နွား ၁ ကောင်လည်း မီးထဲပါသွားတယ်။ ကျောက်အိုးရွာထဲရှိနေတဲ့အချိန် ရွာအနောက်ဘက်ကို လက်နက်ကြီးနဲ့ ထုနေတယ်။"

အပတ်စဥ် ၃ စုဖွဲ့လေ့ကျင့်မှုသင်တန်းမှာ ပါဝင်ခဲ့တဲ့ ရဲဘော် ၆၅ ဦးကို လက်နက်တပ်ဆင်ပေး (ရုပ်/သံ)

“သင်တန်းတက်စဥ်က သင်တန်းသား ၁၈၂ ဦးတက်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေတွေကြောင့် ရဲဘော် ၂ ဦး မတက်ရောက်နိုင်ဘဲ ရဲဘော် ၁၈၀ ဦးသာကျန်ရှိပြီး သူတို့ထဲက ၆၅ ဦးကို လက်နက် တပ်ဆင်ပေးခဲ့တာ”

ရေဘေးအလှူငွေတွေ အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီ အကုန်မပေး

"ခုဆို သိန်း ၁၀၀ ကျော်လောက်ရှိမယ်။ ရေဘေး စဖြစ်ကတည်းက လာလှူတာတွေလေ။ သူက(အုပ်ချုပ်ရေးမှူး) ဒေသဖွံဖြိုးရေလုပ်ဖို့ဆိုကာ ရွာကဘုန်းကြီးကျောင်းမှာအပ်ထားတယ်ပြောတယ်။ အိမ်ထောင်စုအလိုက် ခွဲရင်ရတဲ့ငွေပမာဏအလိုက် ၃ သောင်းဆိုရင် ၁ သောင်းလောက်ပဲ ပေးဝေတာတွေလုပ်နေတာပါ။ ခုက အလုပ်အကိုင်မရှိတော့ လာလှူတာလေးတွေနဲ့စားနေကြရတာ။ အဲ့ဒါမကျေနပ်ကြဘူးလေ။"

ပျူရွာမှာတာဝန်ကျနေတဲ့ ရဲတဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိ

“ဒီကောင်က ကင်းပတ်နေတာကြာပြီ။ ကျနော်တို့က ချောင်းနေတာ။ ဒီကောင်က လူစွာလုပ်နေတာ။ ဒီနေ့ တော့ ကျနော်အမိအရဖမ်းလိုက်တာ။ လာတာတော့ ပခုက္ကူရဲစခန်းက လာတာ။ ညောင်ဂျစ်ပင်ပျူရွာမှာ တာဝန်ကျတာ။”

အပတ်စဥ် ၃ စုဖွဲ့လေ့ကျင့်မှုသင်တန်းမှာ ပါဝင်ခဲ့တဲ့ ရဲဘော် ၆၅ ဦးကို လက်နက်တပ်ဆင်ပေး

“သင်တန်းတက်စဥ်က သင်တန်းသား ၁၈၂ ဦးတက်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေတွေကြောင့် ရဲဘော် ၂ ဦး မတက်ရောက်နိုင်ဘဲ ရဲဘော် ၁၈၀ ဦးသာကျန်ရှိပြီး သူတို့ထဲက ၆၅ ဦးကို လက်နက် တပ်ဆင်ပေးခဲ့တာ”

ပခုက္ကူမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး ၂ ကြိမ်မြောက်ထွက်ပြေး အလင်းဝင်လာ

“မနေ့က သူကင်းကျတဲ့အချိန်မှာ လက်နက်ကိုတော့ ယူမရဘူး၊ သူကိုင်ထားတဲ့ ကျည်ဘောက်နဲ့ ကျည်တွေယူပြီး ပြေးလာတာ။ သူကချိတ်ဆက်လို့ မြို့မရဲစခန်းအနီးအထိ သွားခေါ်ခဲ့တာ”

ကောလင်းနယ်က စစ်ရှောင်တွေအတွက် တဲအလှူ (ရုပ်/သံ)

နေစရာ အခက်အခဲကြုံနေတဲ့ စစ်ဘေးရှောင်တွေအတွက် နောက်ထပ်တဲအိမ်တွေဆောက်လုပ်ပေးဖို့ လိုအပ်နေပြီး အဲ့ဒီအတွက်အလှူရှင်တွေရှိလာမှ ဆောက်လုပ်ပေးနိုင်မှာလို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

ပျူရွာကိုတိုက်ခိုက်ရင်း ဒရုန်းဗုံးသီးထိလို့ နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

ပုလဲမြို့နယ်အတွင်းမှာ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပူပေါင်းတိုက်ခိုက်နေတဲ့ နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့(မြိုင်)က ရဲဘော် ၂ ဦးဟာ အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီခွဲခန့်မှာ ကျဆုံးခဲ့ရပြီး ကျဆုံးရဲဘော်တွေရဲ့ စျာပနကို အောက်တိုဘာ ၈ ရက်ကပြုလုပ်ခဲ့ကြတယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

မိုးများပြီးပျက်စီးခဲ့တဲ့ ကျောက်ထု-ဆော-ဆိပ်ဖြူ လမ်းပိုင်းကို ကိုယ်ထူကိုယ်ထပြုပြင် (Photo News)

"ဒီလမ်းကိုပဲ အားထားသွားနေရတယ်။ အမြန်ဆုံးမပြင်နိုင်ရင် ကုန်စျေးနှုန်း၊ လောင်စာဆီစျေးနှုန်းတွေ မြင့်တက်ကုန်မယ်။ ကျန်းမာရေးအတွက်ပါ ခက်ခဲလာနိုင်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10