ကျွန်းလှမြို့နယ်က ပျူစောထီး မိသားစု ၂ စု PDF ထံခိုလှုံလာ
"လက်ရှိမှာ သူတို့မိသားစုတွေ လုံခြုံရေးအတွက်တော့ စိတ်ချရတဲ့နေရာကို ရောက်ပါပြီ၊ ကျွန်းလှမြို့နယ်ထဲက NUG စိုးမိုးနယ်မြေတခုမှာ ထားပေးထားပါတယ်"လို့ Infinity Group တာဝန်ရှိသူက ပြောပါတယ်။
"လက်ရှိမှာ သူတို့မိသားစုတွေ လုံခြုံရေးအတွက်တော့ စိတ်ချရတဲ့နေရာကို ရောက်ပါပြီ၊ ကျွန်းလှမြို့နယ်ထဲက NUG စိုးမိုးနယ်မြေတခုမှာ ထားပေးထားပါတယ်"လို့ Infinity Group တာဝန်ရှိသူက ပြောပါတယ်။
"ဒီကနေ့အချိန်ထိ တိတိကျကျဖြေရှင်းပေးတာ မရှိသေးဘူးဗျ။ ကျနော်က အောက်ခြေမှာညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ပကဖကတော့ တခြားအဖွဲ့တွေလာနေတုန်းက ပြဿနာတွေဖြစ်လို့ ကျနော်တို့ အဖွဲ့ကိုလည်း ပြဿနာဖြစ်မှာစိုးလို့ နေထိုင်ခွင့်မပြုဆိုတဲ့ အကြောင်းရင်းပဲပြောတယ်" လို့ 96 Soldiers (LPDF) ခေါင်းဆောင် ကိုဇေယျာလွင်က ဆိုပါတယ်။
"ဒီစစ်ကြောင်းက ရွာကအိမ်တွေ မီးရှို့သွားတာတော့ မရှိသေးပါဘူး။ ပျူရွာအတွက် ရိက္ခာရှာပေးဖို့လာတာ ဖြစ်ဖို့များတယ်။ နယ်မြေရှင်းလင်းရေးလုပ်တာတော့ မဟုတ်ဘူး။ အခုထိ မီးရှို့တာ၊ ဖမ်းဆီးတာ မရှိသေးပါဘူး"
"သူကို ထောက်ပို့လုပ်တယ်ဆိုပြီး ဖမ်းသွားကြတယ်။ စကစ ဘက်ကတော့ ဒီလိုပဲ အကြောင်းပြ ဖမ်းနေတာပဲ။ ပဲခူးမှာဆို ဒီလိုပဲ ဖမ်းဆီးခံနေရာသူတွေက အများသားပဲ"
"ကျနော်တို့ ကင်းထောက်ဒရုန်းနဲ့ ကြည့်တဲ့အချိန် Rocket တွေ၊ ၁၂၀မမ တွေကျတဲ့နေရာမှာ ထိတာတွေတော့ရှိတယ်။ အတိအကျတော့ မသိဘူး။ ထိတဲ့ကောင်တွေကို ဆွဲခေါ်သွားတာတွေ မြင်ခဲ့ရတယ်။ ပျူတွေက စကစတွေ ရောက်မှ နှမ်းထွက်ရိတ်ရဲကြတာ"
"လူထုကို စည်းရုံးဟောပြောမှုတွေလုပ်ဖို့မှာ အလွန်ကိုနည်းနေသေးတယ်။ မလုံလောက်သေးဘူးပေါ့။ ဒီလိုစာစောင်တွေကတော့ အပတ်စဥ်တိုင်းမှာ ရွာတိုင်းကို ရောက်နိုင်အောင် ကြိုးစားနိုင်တယ်ပေါ့။ ကြာရှည်လာတဲ့ တော်လှန်ရေးမှာ လူထုရဲ့ တော်လှန်ရေးသက်လုံကို မြှင့်နိုင်ဖို့က အဓိကအချက်ပါ"
“ဒီစစ်ကြောင်းက ၂၃ ရက်ကတည်းက အစ်ကိုတို့ PDF ပူးပေါင်းအဖွဲ့တွေကို လိုက်တိုက်နေတာ။ အဲ့ဒီနေ့က စခန်းမှာ စစ်ဆင်ရေးတာဝန်အသီးသီးရှိလို့ စစ်သည်တိုင်း ပြင်ပရောက်နေကြတော့ လက်နက်ခဲယမ်း လူအထိခိုက်ဆုံးရှုံးမှုတော့ မရှိလိုက်ဘူး ”
“ပန်းတိုင်းတောရွာက အရှေ့ရွာနဲ့ အနောက်ရွာရယ်လို့ ၂ ရွာရှိတယ်။ မနေ့ကတည်းက အရှေ့ရော အနောက်ကိုပါ ဝင်မွှေနေတာ။ သေဆုံးသွားတဲ့သူက စစ်***တွေနဲ့ ဘယ်လိုတွေ့ပြီး ဘယ်လိုအသတ်ခံလိုက်ရလဲဆိုတာတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး”
"ကားတွေဆိုင်ကယ်တွေ သုံးဘီးတွေနဲ့ပြေးရတာဗျ။ ညကလည်းမိုးတွေရွာထားတော့ ရွှံ့တွေဗွက်တွေထဲ ပြေးရတာပေါ့ဗျာ အိမ်တွေကို မီးရှို့တာတော့မရှိဘူး။ လူကြီးလူငယ်မကျန် ရွာလုံးကျွတ်ပြေးရတာပေါ့"
"ကလေးက တွေ့တဲ့ အချိန် ပုရွက်ဆိတ်တွေကိုက်ထားတာ။ လမ်းဘေး ဒီအတိုင်းချထားတော့ အောက်က သဲတွေကျောက်တွေနဲ့ ပွန်းထားတဲ့ ဒဏ်ရာရလေးတွေလည်း တွေ့ရတယ်။ ကလေးကိုတော့ ရပ်ကွက်အုပ်ကြီးထံ အပ်ထားကြတယ်"
“အုတ်ဖြတ်ရဲစခန်းဖြစ်စဉ်မှာ ဆရာကြီးဆိုတဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူ သေပြီး ၂ ယောက်ထိခိုက်တယ်၊ ဒလန်တကောင် ထိတယ်၊ ပြီးတော့ ရန်သူ(စစ်ကောင်စီ)ဘက်က ပေါင်ထိတဲ့တယောက်က ဗကအဆင့် အရာရှိတဦး"
"၆၀ မမ လက်နက်ကြီးတွေနဲ့ပါ ရမ်းပစ်နေတာ။ ဒေသခံ ၆ ရွာ လောက် အခုပြေးနေရတယ်။ ဒီနေ့မနက် ၉ နာရီကျော်လောက်က အင်တိုင်းကြီးရွာကို မီးရှို့နေတာ။ မီးခိုးတွေမဲနေတာကို မြင်နေရတယ်"
"သူတို့ထွက်လာတာကို သတင်းရလို့ စောင့်ပစ်တဲ့သဘောပါ။ ငါးဖမ်းလှေတွေနဲ့ တံငါသည်အသွင်ယူ သတင်းထောက်လှမ်းဖို့လာတဲ့ အဖွဲ့လို့ သိရတယ်။ သူတို့ကို ပစ်တော့ ပြန်ပစ်တာရှိတယ်။ အဲ့တော့ ကျနော်တို့ဘက်က အဖွဲ့တွေကလည်း အသားကုန်ပစ်တော့တာ"
"ကျနော်တို့ သပိတ်ကော်မတီဆိုတာ ပြည်သူမရှိဘဲနဲ့ ရပ်တည်လို့မရပါဘူး။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ကျနော်တို့တတ်နိုင်တဲ့ဘက်က အကူအညီပေးရတာပါ။ သူတို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ကူညီပေးတဲ့ သဘောဖြစ်တယ်"
နမခ ဦးဆောင်မှုနဲ့ လက်အောက်ခံ တပ်တွေက မုံရွာ အနီးတဝိုက်အပါအဝင် အခြားမြို့နယ်တွေမှာ PDF အဖွဲ့တွေကို အင်အားသုံးတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးဖို့ တပ်တည်တပ်လှုပ် လုပ်နေတာ၊ ရေကြောင်းအသုံးပြု ရိက္ခာတွေ သယ်ဆောင်နေတာတွေကြောင့် သူတို့ရဲ့ နောက်တန်းဌာနချုပ်မှာရှိနေတဲ့သူတွေလည်း လုံခြုံမှုမရှိဘဲ နေထိုင်နေရတယ်ဆိုတာကို သိစေချင်လို့ သွားရောက်ပစ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။