သတင်း

"စိုက်ပျိုးရေးနဲ့ ဓာတုဆေးဝါးအန္တရာယ်" (လူမှုစီးပွား)

မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍမှာ ဓာတုဆေးဝါးတွေပါဝင်တဲ့ ဓာတ်မြေဩဇာကစလို့ ပိုးသတ်ဆေးများအပါအဝင်၊ သီးနှံအားတိုးဆေးတွေနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို အကြောင်းအမျိုးမျိုးနဲ့ ကာလရှည်ကြာသုံးစွဲလာခဲ့ကြတာ တွေ့ရပါတယ်

ဘုန်းကြီးတပါးအပါ ၁၀ဦး သေဆုံးခဲ့တဲ့ ညောင်ကုန်းရွာ လေယာဥ်ပစ်ခံရမှု (ရုပ်/သံ)

"ဒီကောင်တွေက အကြောင်းမဲ့သပ်သပ် ရည်ရွယ်ချက်ရှိရှိကိုလုပ်သွားတာ။ အပြစ်မရှိတဲ့ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားပြီး ပစ်သွားတာ။ ပြီးတော့ ဘုရားစေတီတော်တွေလည်း ပျက်စီးတယ်။ ဆွမ်းစားဆောင် ကျောင်းဆောင် အကုန်ပျက်စီးတယ်"

စစ်ကောင်စီကင်းပုန်းနဲ့တိုးပြီး PDF ရဲဘော် ၁၄ ဦးသေဆုံး

"ရဲဘော်တွေက လမ်းကြောင်းသွားရင်း စကစရဲ့ကင်းပုန်းမှာ အငိုက်မိသွားတာ။ အလောင်းတွေကို စကစတွေက မီးရှို့သွားလို့ တလောင်းမှ ပြန်မရဘူးဗျ"

ကန့်ဘလူ၊ ပင့်သာရွာကို စစ်တပ်က ၅ ကြိမ်မြောက်မီးရှို့

“အခုလောလောဆယ် ပင့်သာရွာသားတွေက နီးစပ်ရာတောထဲ ထွက်ပြေးကြတာတွေရှိသလို တခြားရွာ တွေဖက် ထွက်ပြေးကြတယ်။ မီးရှို့ခံရပြီးနောက်ပိုင်း ရွာထဲမှာ ပြန်နေတဲ့သူတွေက နည်းတယ်၊ ဒီနေ့လည်း နေအိမ်တွေ မီးထဲ ဘယ်လောက်ပါသွားလဲဆိုတာ မသိရသေးပါဘူး”

မြနန္ဒာမြေကွက်ရောင်းချမှု ပြည်သူတွေ ရောင်းမှားဝယ်မှား မဖြစ်အောင် နတ်တလင်း PDF က အသိပေး

"ကျနော်တို့ကတော့ တော်လှန်ရေးရဲ့တာဝန်အရ ထွန်းဇော်ကို အလိုရှိတဲ့ရာဇဝတ်သားဆိုတာ စာရင်းထည့်ထားပြီးပါပြီ၊။ ထိရောက်တဲ့အရေးယူမှုတွေက အသင့်ရှိထားပြီးသားမို့ ပြည်သူတွေရောင်းမှား ဝယ်မှားမဖြစ်အောင် ကြိုအသိပေးရုံပါပဲ"

ဝက်လက်မြို့မရဲစခန်းကို ဒရုန်းနဲ့ဗုံးသီး ၂၂ လုံး ကြဲချတိုက်ခိုက်လို့ ၇ ဦးသေဆုံးဟုဆို

“ဗိုလ်ကြီး ခင်ဇော် ဒဏ်ရာပြင်းထန်ရရှိပြီး မန္တလေးဆေးရုံကို လွှဲလိုက်ရတယ်လို့ သိထားတယ်။ ထိခိုက်သေဆုံးမှုတွေကို နယ်မြေခံသတင်းပေးတွေကတဆင့် သိရတာပါ”

ရေတာရှည်မှာ PDF တွေ အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်

"ခုက စကစ ဘက်က လုပ်ဇာတ်လုပ်တာပါပဲ။ PDF တွေကို စည်းရုံးနိုင်တယ် သူတို့လုပ်နိုင်တယ်ဆိုတာ ကို ပြချင်တာပေါ့။ နောက်တခုက PDF တွေဘက်က စိတ်ဓာတ်ကျနေပြီး သူတို့ဆီအလင်းဝင်ရတဲ့အထိ ဖြစ်နေပြီးဆိုပြီး ပြည်သူကို ဆိုက်ဝါးထည့်ချင်နေတာ"

ပြင်းထန်တိုက်ပွဲတွေ ဆင်နွှဲမယ့် အာဠာဝကစစ်ဆင်ရေး (ရုပ်/သံ)

ဘာကြောင့် "အာဠာဝက စစ်ဆင်ရေး" လို့ နာမည်ပေးထားတာပါလဲ၊ ဘယ်လိုတိုက်ပွဲမျိုးတွေဖြစ်လာမလဲဆိုတာတွေ ဗိုလ်သက်ကြီးကို မေးမြန်းတင်ဆက်ထားပါတယ်

ခင်ဦးမှာ ခရီးသည်တင်ယာဥ် ၁ စီး မိုင်းထိလို့ ၇ ဦးဒဏ်ရာရ

"ကလေးကနေ ရန်ကုန်အတက်ကားလို့ သိရတယ်။ ကားလည်း ဖြစ်တဲ့နေရာအရောက် မိုင်းလည်း ထကွဲတာ။ ကားက ရှေ့ဘန်ကာကြီးတောင် ပြုတ်ကျသွားတယ်။ ဒဏ်ရာတွေကတော့ မစိုးရိမ်ရတွေ ရသွားကြတယ်"

MPDFအဖွဲ့ ကို ဖျက်သိမ်းပြီး ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)အဖြစ် ပြန်လည်ဖွဲ့စည်း

“BLDF ကို လောလောဆယ်အနေနဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားပါတယ်။ မကြာခင်မှာထုတ်ပြန်ကြေညာ ပေးသွားမှာပါ။ အဓိကအခြေစိုက်တာကတော့ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင် ဒီဒေသတွေမှာ အဓိကအခြေချတဲ့ အစုအဖွဲ့တွေပါတယ်”

ပေါင်းတည်က NLD မြို့နယ်ဒုဥက္ကဌအပါ ၆ ဦးကို စစ်ကောင်စီဖမ်းဆီး

"ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာတော့မသိရဘူး။ အားလုံးကတော့ အေးဆေးနေကြသူတွေပါ။ မှတ်တိုင်နယ်မြေရဲစခန်းမှာ စစ်ကြောရေးလုပ်နေတယ်လို့ကြားတယ်"

ကုက္ကားရွာက ပျူစောထီးခေါင်းဆောင် ညီအစ်ကို ၂ ဦး ရှင်းလင်းခံရ

"ကျနော်တို့ ကုက္ကားရွာက ပျူတွေများလို့ ပျူရွာလို့ ပြောရတယ်။ ဒီညီအစ်ကို ၂ ယောက်က ခေါင်းဆောင်။ သူတို့တမိသားစုလည်း ပျူတွေချည်းပဲ။ ရွာထဲက ပျူမဟုတ်တဲ့သူတွေကို အနိုင်ကျင့် ဗိုလ်ကျတယ်။ အိမ်တွေကိုသိမ်းယူထားတာတွေရှိတယ်"

ရွှေကျင်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၁ ဦးဒဏ်ရာရပြီး ဒေသခံတွေပါ ဘေးလွတ်ရာထွက်ပြေးနေရ

"သူတို့ကတော့ PDF တွေရှိတယ်ဆိုပြီး အကြောင်းပြချက်နဲ့ ပစ်နေတာပါဘဲ။ ခု လက်နက်ကြီးထိတဲ့ တယောက်ဆို သူဟာသူအိမ်ထဲနေနေတာကို အစလာမှန်တာ"

ပုလဲမြို့နယ် ညောင်ကုန်းရွာဘုန်းကြီးကျောင်း လေယာဉ်နဲ့ပစ်ခံရပြီးအခြေအနေ( Photo News)

"ဘုန်းကြီးကျောင်းမှာက ဘုန်းကြီးတွေနဲ့ကိုရင်၊ ကျောင်းသားတွေပဲရှိတာလေ။ ဒလန်တွေက သတင်းအမှားပေးလို့ လာလုပ်တာလို့ထင်တယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေရောက်နေတယ်လို့ သတင်းမှားတွေပေးလို့ လာပစ်တာထင်တယ် "

ဖြန့်ဖြူးရောင်းချသူများလာပြီး ဖမ်းဆီးသူမရှိလို့ မူးယစ်ဆေးတွေပေါများလာ

“အင်းတော်လိပ်ကန် ပတ်လမ်းတလျှောက်မှာ အရောင်းဆိုင်ပုံစံမျိုး တည်ပြီးကိုရောင်းနေတာ။ ဒီဘက်မှာက ဘိန်းမဲပဲနည်းနည်းရှားတာ၊ ကျန်တာတွေကပေါတယ်။ ရဲတွေကလည်း ဆေးမိလို့ ဖမ်းတာကနည်းတယ်။ ဖုန်းကိုစစ်လို့ တော်လှန်ရေးပုံတွေ့မှ ဖမ်းတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10