Podcast

“အရိပ်လည်းပေး ဆေးလည်းပေးတဲ့ ညောင်ပင်” (Podcast)

အမျိုးသားသုတ်လွှတ်မြန်ခြင်းကို ညောင်ပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသနိုင်သလဲ။ အိပ်မပျော် စိတ်ဓာတ်ကျသူများအတွက် ညောင်သီးက ဘယ်လိုအသုံးဝင်သလဲ။ ညောင်စေ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဘာတွေလဲ။ သွားနဲ့သွားဖုံး ကျန်းမာရေးအတွက် ညောင်ခေါက်မှုန့်ကို ဘယ်လိုအသုံးပြုလို့ရသလဲစတာတွေကို နားဆင်ရမှာပါ။

မြေလတ်ပေးစာ

- DSA 38 အောင်ဇေယျတပ်ရင်းက ဗိုလ်တဦးရဲ့စာ - ပြည်သူ့စစ် အဓမ္မ စုဆောင်းပေးနေသူတွေကို အရေးယူမယ့်သတင်းကြောင့် ဝမ်းသာတဲ့အကြောင်း - မကွေးတိုင်းထဲက UG တွေကို သိစေချင်လို့ ရေးတဲ့စာ

" အနုပညာက ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ " T Zin (သူတို့နဲ့ စကားပြောခြင်း)

အနှစ် ၂၀ ထောင်ချခံလိုက်ရတဲ့ အဆိုတော် ဗျူဟာနဲ့ တော်လှန်ရေးထဲက Rapper တွေအကြောင်းကို Artist T Zin က မြေလတ်အသံရဲ့ "သူတို့နဲ့စကားပြောခြင်း" အစီအစဉ်မှာ ပြောပြခဲ့ပါတယ်။ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် ပျောက်ဆုံးတာတွေ၊ စိတ်ရောကိုယ်ပါ မလုံခြုံတော့တဲ့ အခြေအနေမှာ ပျော်ရွှင်နေကြသူတွေ၊ ကိုယ်ချင်းစာတရားမရှိဘဲ အနုပညာဖန်တီးမှုလို့ အမည်တပ်သူတွေနဲ့ပတ်သက်ပြီး အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

“စားသုံးဆေးဝင် ပိန္နဲပင်” (Podcast)

အသဲထိခိုက်မှုလျော့နည်းစေဖို့ ပိန္နဲပင်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ခြေဖဝါးကွဲနာတွေအတွက် ပိန္နဲစေးကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ပန်းနာ၊ ရင်ကျပ်ရောဂါအတွက် ပိန္နဲပင်ရဲ့ ဘယ်အစိတ်အပိုင်းကို အသုံးပြုကုသနိုင်သလဲ။ ပိန္နဲသီးမှာရော ဘေးထွက်ဆိုးကျိုးရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

မြေလတ်ပေးစာ (Podcast)

- ပဲခူးတိုင်းမှာ စစ်တပ်က ကျေးရွာကာကွယ်ရေးအကြောင်းပြပြီး လူသစ်စုဆောင်းနေတဲ့အကြောင်း။ - ပြည်သူ့ဘက်ကိုခိုလှုံချင်သူ စစ်သားတွေရဲ့စာ။ - မတ္တရာက စစ်ရှောင်ရွာတွေမှာ သူခိုးတွေသောင်းကျန်းနေတဲ့အကြောင်း စတဲ့ စာတွေကို နားဆင်ရပါမယ်။

" Rapper မင်းလွန်ပြောတဲ့ Gen L33 " (သူတို့နဲ့ စကားပြောခြင်း)

မြေလတ်အသံက တင်ဆက်တဲ့ "သူတို့နဲ့ စကားပြောခြင်း" Podcast အစီအစဉ်မှာ Gen L33 သီချင်းဖန်တီးသူ လူငယ် Rap Artist မင်းလွန် ရဲ့Gen L33 သီချင်း ဘယ်လိုထွက်လာခဲ့လဲ၊ ဘာကြောင့်ဒီသီချင်းကို ဖန်တီးဖြစ်ခဲ့တာလဲဆိုတာတွေနဲ့ “ဂျန်လီးဆိုတာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုကို ပြောတာမဟုတ်ပါဘူး။ ခင်ဗျားက အဲ့ဒီလိုအတွေးအခေါ်ရှိနေရင် ခင်ဗျားက ဂျန်လီးပဲ” ဆိုတဲ့ သူ့ရဲ့ အတွေးအခေါ်တွေကို အခု Podcast မှာ စကားပြောဖြစ်ခဲ့ပါတယ်။

“နှာစေးနှာပိတ်ခြင်းနှင့် လက်တကမ်းဆေးပညာ” (Podcast)

နှာစေးနှာပိတ်သူတွေဟာ ဘယ်လိုဓာတ်စာတွေကို စားရမလဲ။ ပူစီနံရွက်ပြုတ်ရေဟာ နှာစေးနှာပိတ် ပျောက်ကင်းအောင် ဘယ်လိုအထောက်အကူပြုသလဲ။ နှာစေးနှာပိတ်ပျောက်စေဖို့အတွက် ပင်စိမ်းရွက်ကို ဘယ်လိုအသုံးပြုနိုင်သလဲ။ နှာစေးနှာပိတ်ခြင်းကို မကုသဘဲပေါ့ဆရင် ဘယ်လိုတွေ ဖြစ်နိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

Gen L33 သီချင်းရေးစပ်သီဆိုခဲ့တဲ့ လူငယ် Rap Artist မင်းလွန်

ကလေးအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီး တလအတွင်းမှာပဲ သူကိုယ်တိုင်းရေးစပ်သီဆို ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ Gen L33 သီချင်း အကြောင်းနဲ့ပတ်သက်ပြီး ပြောဖြစ်ခဲ့ကြတာတွေကို ဇန်နဝါရီလ ၁၂ ရက် သောကြာနေ့ မြန်မာစံတော်ချိန် မနက် ၉ နာရီမှာ မြေလတ်အသံရဲ့ Facebook စာမျက်နှာကနေ အပြည့်အစုံ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

မြေလတ်ပေးစာ (Podcast)

- စလင်းမြို့ လွတ်လပ်ရေးနေ့အားကစားပွဲမှာဖြစ်ခဲ့တဲ့ ရန်ပွဲ။ - လုံခြုံရေးအရ အသုံးမပြုတော့တဲ့ Special Force Column -PDF Commando Battalion (အထူးစစ်ဆင်ရေးတပ်ရင်း) Page အကြောင်း နဲ့ - CDM ကျောင်းသားတဦးရဲ့ ရင်ဖွင့်သံ စတဲ့ စာတွေကို နားဆင်ရပါမယ်။

“တရုတ်စကားပင် ဆေးဖက်ဝင်” (Podcast)

မျက်နှာချောမွေ့လာအောင် တရုတ်စကားပင်ရဲ့ ဘယ်အစိတ်အပိုင်းနဲ့ ပြုလုပ်လို့ရသလဲ။ ခြေထောက် အက်ကွဲကြောင်းတွေအတွက် တရုတ်စကားပင်ကိုအသုံးပြုပြီး ဘယ်လိုကုသနိုင်သလဲ။ ကင်ဆာအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့ တရုတ်စကားပင်ကို ဘယ်လိုအသုံးပြုမလဲ။ တရုတ်စကားမြစ်ပြုတ်ရေဟာ ဘယ်လိုရောဂါတွေကို သက်သာစေနိုင်သလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဆီးမကြာခဏသွားခြင်းနှင့် လက်တကမ်းဆေးပညာ” (Podcast)

ဆီးမကြာခဏသွားခြင်းဟာ ဘာတွေကြောင့်ဖြစ်တတ်လဲ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေဟာဘာတွေလဲ။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ တောင်မရိုးပင်နဲ့ ကုသလို့ရမယ့်နည်းလမ်းတွေ၊ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘယ်လိုဓာတ်စာတွေကို စားသုံးလို့ ရသလဲဆိုတာတွေကို နားဆင်ရမှာပါ။

“ဆင်ငိုမြက်ပင် ဆေးဖက်ဝင်” (Podcast)

အမျိုးသမီးသားအိမ်လျှောရောဂါအတွက် ဆင်ငိုမြက်ဟာ ဘယ်လိုအသုံးဝင်ပါသလဲ။ သွေးတိုး၊ ဆီးချိုရောဂါအတွက် ဆင်ငိုမြက်ကိုဘယ်လိုအသုံးပြုပြီးကုသနိုင်သလဲ။ ဆီးပူညောင်းကျနဲ့ ဂနိုရောဂါတွေအတွက် ဆင်ငိုမြက်ကိုဘယ်လိုအသုံးပြုလို့ရသလဲ ဆိုတာတွေကုနားဆင်ရမှာပါ။

မြေလတ်ပေးစာ (Podcast)

ဆီကိုတန်းစီဝယ်ယူနေရတဲ့ မြို့တွေဟာဘယ်မြို့တွေလဲ။ ရပ်ထဲရွာထဲမှာ လော်စပီကာသံဟာ ဘယ်လောက်ထိဒုက္ခပေးနေသလဲ။ အောင်လံမြို့လေးရဲ့ ညပိုင်းအခြေအနေဟာဘယ်လိုလဲ

“ဆောင်းရာသီအရေပြားခြောက်သွေ့ခြင်းနှင့် လက်တကမ်းဆေးပညာ” (Podcast)

အရေပြားခြောက်သွေ့ခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ။ အရေပြားခြောက်သွေ့ခြင်းကို နှံစားပြောင်းနဲ့ ဘယ်လိုကုသနိုင်သလဲ။ တမာရွက်ပြုတ်ရေကိုအသုံးပြုပြီး အရေပြားခြောက်သွေ့ခြင်းကို ဘယ်လိုကုသလို့ရသလဲ။ အရေပြားခြောက်သွေ့ခြင်းကို မကုသပဲပေါ့ဆရင် ဘာတွေဖြစ်နိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

မြေလတ်ပေးစာ

- ပဲခူးမြို့ရဲ့လက်ရှိအခြေအနေ ဘယ်လိုရှိသလဲ။ - တိုင်းရင်းသားတွေအတွက်ဆိုပြီး ရေးလာတဲ့စာ။ - မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ပကဖနဲ့ PDFတချို့ဘာလုပ်သလဲ စတဲ့စာတွေကို နားဆင်ရပါမယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10