သတင်းတို

ချောက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အာဠာဝကပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ အပါ  ရဲဘော် ၃ ဦး ကျဆုံး ■ခေါင်းဆောင်ရဲ့မိုဘိုင်းလ်ဖုန်းကို စစ်ကောင်စီတပ်က ရရှိသွားလို့ ဆက်စပ်သူတွေသတိပြုဖို့လို

တိုက်ပွဲအတွင်းမှာ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုပေတနဲ့ ရဲဘော် အောင်လေး ၊ ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၁ ဦး စုစုပေါင်း ၃ ဦး ကျဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကာ သေနတ် ၁ လက် လည်း ဆုံးရှုံးခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ရုပ်အလောင်းတွေကို ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မနက် ပိုင်းအထိ မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။

ပုလဲ၊ ကန်ဒေါင့်နယ်မြေရဲစခန်းက ရဲတပ်ကြပ် ၁ ဦး လက်နက်နဲ့ အလင်းဝင်

အလင်းဝင်ရောက်လာသူမှာ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းက အသက် ၃၇ နှစ်အရွယ် ရဲတပ်ကြပ်ဖြစ်ပြီး BA 63 (G3) သေနတ် ၁ လက်နဲ့ ကျည်အချို့၊ လက်ပစ်ဗုံး ၁ လုံးယူဆောင်လာကာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းမှာ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

အညာမှာအခြေချပြီး စစ်ရေးဖော်ဆောင်နိုင်တော့မယ်လို့ BPLA အသိပေး

"ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။"

ငါန်းမြာကြီးရွာပြင်ကိုထွက်လာတဲ့ စစ်အုပ်စု စနိုက်ပါနဲ့ပစ်ခံရလို့  ၂ ဦးသေဆုံး

“**တွေ လယ်ကွင်းထဲ အရောက်မှာ ကျနော်တို့က စနိုက်ပါနဲ့ သေချာချိန်ရွယ်တိုင်းတာပြီး ပစ်ခတ်နိုင်ခဲ့တယ်။ ထွက်လာတဲ့ ၃၀ ထဲက ၂ ကောင်ကို ကျနော်တို့ ထိထိမိမိပစ်နိုင်ခဲ့တယ်။ ၂ ကောင်လုံး အရုပ်ကြိုးပြတ်လဲသွားပြီး ကျန်တဲ့ကောင်တွေက ဖရိုဖရဲဖြစ်သွားတယ်။ ဆွဲခေါ်သွားတာကိုတွေ့တယ်။”

စပါးခွံလာကျုံးတဲ့ ကလေးနည်းပညာတက္ကသိုလ်က စစ်သားတချို့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

“ ၅ ဦးထိ ၃ဦး သေတာသေချာ၊ ကိုယ့်ဘက်က မိုင်းကပ်ထောင်ရင်း **တွေနဲ့ တွေ့လို့ ဦးအောင်ပစ်ခဲ့တာ၊ ဆန်စက်နေရာမှာ စပါးခွံတွေဘာတွေ လာကျူံးတာ၊ ဘာလုပ်ဖို့လည်း မသိဘူး၊ သူတို့ လေ့ကျင့်ရေးလုပ်ဖို့နေမှာ။ ”

မန္တလေးမှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမြင့်တက်နေ

“၁ ပတ်လောက်ရှိပြီ သေတဲ့သူအရမ်းများတယ်။ ၁ ရက်ကို ၂ ယောက်လောက်သေတယ်။ ကျနော်တို့ အသင်းအနေနဲ့တော့ ပြည်သူတွေကို သတိပေးတာမျိုးတွေ လုပ်ထားပါတယ်။”

ငါန်းမြာကြီးရွာမှာ တပ်စွဲထားတဲ့စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

အင်အား ၁၀၀ ဝန်ကျင်နဲ့တပ်စွဲနေတဲ့ စစ်အုပ်စုကို ညနေ ၃ နာရီလောက်မှာ ဒရုန်း ၂ စီးသုံးပြီး ဗုံးသီး ၅ လုံးကြဲချခဲ့ကာ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စုံစမ်းနေတယ်လို့ Salingyi Border Task Force -SBTF အဖွဲ့ ပြန်ကြားတာဝန်ခံ ကိုဘိုဘိုက ပြောပါတယ်။

ဝေါမြို့နယ်အရှေ့ခြမ်းမှာ စစ်မှုထမ်းဖို့ ခြိမ်းခြောက်စည်းရုံးမှုတွေရှိနေ   ■ စစ်မှုမထမ်းလိုတဲ့လူငယ်တချို့ ဝေါပကဖထံ ခိုလှုံလာ

"ဘုန်းကြီးကျောင်းသွားရင်၊ အပြင်တွေသွားရင်၊ လမ်းမှာတွေ့ရင် မေးတယ်။ သူတို့ထဲ ဝင်မလား။ ဝင်တဲ့သူတွေလည်းရှိတယ်၊ အစနတောင်ပြန်ရှာမရဘူး။ အခု ရွာမှာကလည်းပေါ်တာဆွဲမယ်ဆိုပြီး ခြိမ်းခြောက်ပြီး သတင်းလွှင့်ထားတယ်။ အဲ့ဒါကြောင့် သူတို့ထဲမဝင်ချင်ဘူး။ ကြောက်လည်းကြောက်လို့ ဒီဘက်ထဲပြေးလာတာ။"

ကျားခဲရွာက ဒေသခံ ၄ ဦးကို မီးရှို့သတ်တဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

“ဒရုန်းနဲ့ ဗုံးသီးချတာရော သူတို့တိုက်မိုင်းမိတာရောရှိတယ်။ သူတို့နောက်နေ့ ပြန်ဆုတ်တဲ့အချိန်မှာ ၄ လောင်းပါသွားတယ်။ ဒဏ်ရာရသူတွေလည်းပါတယ်။”

စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ စုဝေးနေတဲ့နေရာ Drone နဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

အင်အား ၈၀ လောက်နဲ့ စုဝေးနေတဲ့နေရာကို အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်း ၁၁ နာရီမှာ ဗုံးသီး ၁၀ လုံး ၁ ကြိမ် ၊ ညနေပိုင်း ၃ နာရီမှာ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ရဲဘော်ညီနောင် ပြောက်ကျားတပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကြီး က ပြောပါတယ်။

ချောက်မှာ အင်အားရာကျော်ပါစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ရေးအခြေအနေ တင်းမာနေ    ■ တိုက်ပွဲအတွင်း ပျူစောထီး ၁ ဦးသေဆုံးပြီး လေကြောင်းနဲ့လည်း ပစ်ကူပေးခဲ့

"စစ်ကောင်စီစစ်ကြောင်းက ကုန်းကြီး၊ စလယ်၊ ဂွေပင်ကနေ စစ်ကြောင်းညှပ်ထိုးတယ်။ မနေ့က ဂွေးပင်ဘက်က ကင်းကပေါက်ပြီး ကင်းကဝင်လာတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်နေတာ။"

ဆိပ်ဖြူမြို့နယ်က ကြားကာလစာသင်ကျောင်းအနီး စစ်တပ်ကလေကြောင်းတိုက်ခိုက်

“လေယာဉ်နဲ့ ၅ ပတ် ပတ်တယ်၊ ၁ ပတ်ပတ်ပြီးတိုင်း ၁ ခါစက်သေနတ်နဲ့ ၄ ချက်လောက်ပစ်တယ်။ သူတို့ပစ်လိုက်တဲ့လက်နက်ကြီးက စာသင်ကျောင်းဘေးက အိမ်သာဘေးမှာကျတာ။ အဲ့နေ့က KG ကနေ ၇ တန်း ၈ တန်းအထိကလေးတွေ စာမေးပွဲနောက်ဆုံးရက်။ ကလေးတွေက မနက်ပိုင်း စာဖြေပြီးတယ်၊ သူတို့က ညနေပိုင်းလာပစ်တာ ထိခိုက်တာတွေတော့မရှိလိုက်ဘူး။”

ဝင်ငွေမရှိလို့ အချိန်မီဆေးမကုလိုက်ရဘဲ စစ်ရှောင်စခန်းက ကိုယ်ဝန်သည်အပါ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ (ရုပ်/သံ)

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ စစ်ကိုင်းတိုင်း၊ ကောလင်းအရှေ့ခြမ်း စစ်ဘေးရှောင်စခန်းက အသက် ၂၃ နှစ်နဲ့ ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး ငွေကြေးမတတ်နိုင်လို့ ဆေးမကုရဘဲ သေဆုံးခဲ့ပါတယ်။

ရွှေဘိုပကဖ ၁ နှစ်ကျော်ကြာသိမ်းယူထားတဲ့ ရွှေဘိုမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ပိုင် လက်နက်၊ခဲယမ်းတွေ ပြန်ပေးဖို့ တောင်းဆို

“ ဒီအမှုတွဲကို တရားရုံးမှာရှိရင်လည်း ဆင့်ခေါ်ပါ၊ စစ်ဆေးပါ။ အပြစ်ရှိတယ်ဆိုလည်း အပြစ်ချ၊ မရှိဘူး ဟေ့ ဆိုရင်လည်း ဘုန်းကြီးတို့က တော်လှန်ရေးလုပ်နေတဲ့အတွက် ဘုန်းကြီးတို့ရဲ့လက်နက်တွေ ပြန်ရချင်တယ်ပေါ့နော်။”

မိုးများရေကြီးပြီး မြင်းခြံမြို့က ဘုန်ကြီးကျောင်းအုတ်တံတိုင်းပြိုကျလို့ အမျိုးသား ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ မိုးသည်းထန်စွာရွာပြီး ပြောင်းပြာချောင်းရေတက်လာချိန် ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တခုဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10