သတင်းတို

မုံရွာမှာ လူငယ် ၇၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရ

" မနက် ၄ နာရီလောက်ကနေ ထဖမ်းတယ်။ ကင်းပုန်းတွေချပြီး အလုပ်သွားအလုပ်ပြန်တဲ့သူတွေ ဖမ်းတယ်။ ပွဲလမ်းသဘင်ပြန်တဲ့သူတွေ ဖမ်းတယ်။ ပြီးတော့ ဘယ်လိုဆိုးနေလည်းဆို လူမှုရေးပရဟိတသမားတွေလည်း မလွတ်ဘူး။ ဘာသာရေးနဲ့ ပတ်သက်တဲ့ဘယ်လိုလူမျိုးမှ မချန်ဘူး။ လူငယ်ဆိုရင် အကုန်ဆွဲတာ"

PDF ရဲဘော်တွေရဲ့ စပါးစိုက်ခင်းကနေ တင်း ၈၀ ကျော်ထွက်ရှိ( ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာအခြေပြုလှုပ်ရှားနေတဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် -PDA ရဲ့ မိုးစပါးစိုက်ခင်းကနေ တင်း ၈၀ ကျော် ထွက်ရှိခဲ့ပါတယ်။

စစ်ကြောင်းဝင်လာလို့ ထွက်ပြေးရင် ပစ်သတ်မယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်

" ဘုန်းကြီးကျောင်းက စာသင်ပြီးပြန်လာတဲ့ ကလေးတွေက လယ်ထဲမှာ ပုန်းလို့ဆိုပြီး သေနက်ဖောက်တာ။ တချို့လည်း ရွာထဲကျန်ခဲ့တယ်။ ရိုက်နှက်သွားတာတော့ မလုပ်ဘူး၊ နောက်တခါပြေးရင်း ထုမယ် ပစ်မယ်ပြောသွားသေးတယ်။ အိမ်မှာက လူကြီးပိုင်းလောက်ပဲ ကျန်ခဲ့ကြတာ။ နွယ်တမယ်ရောက်ပြီဆိုကတည်းက ရွာကလူတွေက သိကြတော့ ပုန်းကုန်ကြတာ။"

အောင်လံမှာ အမျိုးသား ၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

"အဲ့ဒီလမ်းမှာ တလုပ်ပင်စခန်းကို စကစဘက်က အတက်အဆင်း ခဏခဏရှိတယ်။ အဲ့ဒါ စကစအဖွဲ့နဲ့တိုးပြီး ပစ်ဖမ်းခံရတယ်။ မောင်းပြန်တွေနဲ့ လိုက်ပစ်တာ။ ထွက်ပြေးလို့ မလွတ်တော့လို့ အဖမ်းခံလိုက်ရတယ်။ မနေ့တုန်းက အခင်းဖြစ်တဲ့နေရာမှာပဲ တော်တော်ရိုက်နှက်ခံရတယ်။ တယောက်ဆို နှာခေါင်းတွေ၊ နားတွေထဲက သွေးတောင်ထွက်တယ်လို့ သိရတယ်”

တော်လှန်ရေးအဖွဲ့တွေ တည်းခဲ့တဲ့ လယ်တဲပိုင်ရှင်အပါ ၂ ဦးအဖမ်းခံရပြီး ရှော့တိုက်ဒုံးအချို့ပါ သိမ်းခံရ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အောင်ဇေယျကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့တည်းခိုခဲ့တဲ့ လယ်တဲကို စစ်ကောင်စီတပ်သားတွေဝင်စီးနင်းကာ တပ်ဖွဲ့ဝင်တွေမြှုပ်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေကို သိမ်းယူပြီး ဒေသခံ ၂ ဦးကိုလည်းဖမ်းသွားတယ်လို့ ဝေါမြို့နယ်အခြေစိုက် ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

နယ်မြေပြန်သိမ်းနေတဲ့စစ်တပ်နဲ့ PDF တို့ မတ္တရာမြို့နယ်မြစ်ကမ်းဘေးက ရွာတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်

မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းအနီးကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်အထိနာကာ လေကြောင်းကတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်နက်ခဲယမ်းတွေယူပြီး ထွက်ပြေးလာတဲ့ စစ်သား ၂ ဦး ရေစကြိုပကဖဆီ အလင်းဝင်

“ကျနော်တို့ သတင်းရလို့လိုက်ရှာတယ်။ ကျနော်တို့နဲ့တော့ ချိတ်ဆက်ထားတာမရှိဘူး။ ၁၇ ရက် နေ့လယ် ၂ နာရီလောက်မှာ သူတို့နဲ့တွေ့တယ်။ ကျနော်တို့တွေ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ သူတို့က ကျနော်တို့ကို ယုံကြည်စိတ်ချပြီး လိုက်လာခဲ့ကြတာ။”

သန်းခေါင်စာရင်းကောက်ဖို့ လိုက်ကြေညာနေတဲ့အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

"သူ့အနားက ခြေလျင်ဖြတ်လျောက်သလိုနဲ့ ခေါင်းကိုတချက်ထဲပစ်လိုက်တယ်။ ပြီးတော့ အသင့်လာတဲ့ ဆိုင်ကယ်ပေါ်တက်ပြီး ဆုတ်လာတာ။"

စိတ်ကျန်းမာရေးမကောင်းဘူးဆိုတဲ့ စစ်မှုထမ်းဟောင်းက ဓါးနဲ့ခုတ်လို့ လူငယ် ၁ ဦးသေဆုံး

“ခုတ်တဲ့သူပြောတာကတော့ သေတဲ့ကောင်လေးက အလုပ်ရှင်အိမ်ကို ဆိုင်ကယ်နဲ့ရောက်လာချိန်မှာ သူ့(ကိုညွန့်စန်း)စိတ်ထဲမှာ မှောင်နေတယ်။ အဲဒီအချိန်မှာ ကိုင်းခုတ်ဓါးနဲ့ ခုတ်ချလိုက်တာတဲ့။ ကျန်တာ အဲ့ဒီလူ ဘာမှမသိဘူးလို့ပြောတယ်။ ရဲတွေလာတော့ ခုတ်တဲ့သူက သူ့အိမ်ကနေပဲ အေးအေးဆေးဆေး အဖမ်းခံတယ်။”

ရွှေစက်တော်အုပ်ချုပ်ရေးမှူး အသတ်ခံရ

"သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်။ သူအိမ်ကိုဝင်တဲ့အချိန်မှာတော့ လူကိုပဲခေါ်ပြီး ရှင်းလိုက်တာပါ။ တခြားဘာမှမယူလာဘူး။"

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း သုံ့ပန်း ၂၅ ဦးဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကြောင်း BNRA ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရှင်ဖမ်းမိသူတွေရှိပြီး လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA က နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပန်းတောင်းမှာ ယာဥ်တိုက်မှုဖြစ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး တိုက်တဲ့ကားပါတိမ်းမှောက်

“သေဆုံးတဲ့အမျိုးသမီးက ရင်ဘတ်ပွင့်ပြီး တခါတည်းသေသွားတာ။ သူညီမကတော့ ဒူးမှာဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ မှောက်တဲ့ကားကတော့ ရှေ့ခေါင်းခြမ်းကြေပြီး သိန်း ၂၀ ဖိုးလောက် ပျက်သွားတယ်။”

နတ်မောက်ဂဠုန်အဖွဲ့အတွက်သယ်လာတဲ့ ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးခံရ

"ကျနော်တို့ပစ္စည်းတွေ ဟုတ်ပါတယ်။ လမ်းမှာဆိုင်ကယ်နဲ့ ကျနော်တို့ဆီလာပို့ရင်း လမ်းမှာအဖမ်းခံရတာ။ ကင်းပုန်းစောင့်ရင်း မိသွားတာ။ သတင်းကို အတိအကျရပြီး ထောက်ပြီးတော့ ဝိုင်းပစ်ဖမ်းတဲ့သဘောပါ။ "

ကန့်ဘလူနဲ့ကျွန်းလှမှာ စစ်တပ်ကဗုံးကြဲလို့ နေအိမ် ၅ လုံးပျက်စီးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရ

"မိနစ် ၉၀ လောက် Y-12 ဝဲပြီးတော့မှ နောက်ထပ် ၁၅ မိနစ်လောက်အကြာမှာ ဂျက်ဖိုက်တာနဲ့ လာပစ်တာ။ အမှန်က အဲနားမှာလမ်းပြင်နေသူတွေရှိတယ်။ အဲ့ဒါကို လာပစ်သွားတာ။ ပေါင် ၂၅၀ ဗုံးနဲ့ ပစ်တာ။ ၁ ခါပစ် ၂ လုံး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10