သတင်းတို

စစ်တပ်ကဖမ်းထားတဲ့ သင်တန်းဆင်းရဲဘော် ၂ ဦးနဲ့ မျှားခေါ်လို့ လာကြိုမိရာက PDF တွေ ပိတ်ဆို့ပစ်ခတ်ခံရပြီး ၄ ဦး လွတ်မြောက်ခဲ့

" သင်တန်းဆင်းထားတဲ့ ၂ ယောက်ကို မင်းတုန်းက ၄ ယောက်က လာခေါ်တာ။ သင်တန်းဆင်း ၂ ယောက်ကိုတော့ မိထားပြီးသား။ အဲ့(လာခေါ်တဲ့)၄ ယောက်နဲ့ အကြိတ်အနယ်ဖြစ်ကြတာ။ ဟိုဘက် (PDF)က လက်နက်မပါဘူး။ လက်ပစ်ဗုံးနဲ့ပစ်ကြတာ"

စစ်အုပ်စုစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း  ■ ပစ်ခတ်မှုအတွင်း စစ်သား ၃ ဦးသေဆုံးပြီး ကျန်သူတွေ စခန်းစွန့်ထွက်ပြေး

"တိုက်ပွဲ ၁၅ မိနစ်လောက်ပဲကြာပြီး ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးကုန်ပါတယ်။ (စစ်အုပ်စုက) ရွာထိပ်နဲ့ ရွာဘေးတွေ ဘန်ကာဆောက်ပြီး နေကြတာပါ။ စခန်းသီးသန့်ပုံစံတော့ မဟုတ်ပါဘူး။ စကစတွေက အရိုးကိုက် **လောက်ပဲ နယ်မြေစောင့်ချထားတဲ့ အနေအထားပါ။"

စစ်အုပ်စုက ဆောမြို့ထဲကို လက်နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်လာလို့ ပြည်သူ ၂ ဦးထိမှန် သေဆုံး ■ ဆိုင်ကယ်အရှိန်ပြင်းမောင်းလာတဲ့ ချင်းလူငယ်အမျိုးသား ၁ ဦးလည်း စစ်အုပ်စုဖမ်းဆီး

“သူတို့တွေ မြို့ထဲလာတော့ ပြည်သူတွေက ရှောင်ချိန်မရလိုက်ဘူး။ အိမ်ထဲမှာ ပုန်းနေရင်းထိသွားတာ။ နေအိမ်တွေထိခိုက်တာတော့ ရှိနိုင်တယ်။ အတိအကျတော့ မသိရဘူး။”

သာယာဝတီခရိုင်က ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၁ ဦး ပစ်သတ်ခံရ

"(PDF တွေကို) မြို့အနောက်ခြမ်းကိုလာဖို့ သူကစိန်ခေါ်ထားတာပါ။ ဦးခေါင်းကို သေနတ် ၁ ချက်ပစ်ပြီး ရှင်းလိုက်တယ်"

မတ္တရာမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးပိုင်းတွေအပါ ၃ ဦးသေဆုံး

" အမျိုးသမီးမှန်တာက တော်တော်ဆိုးတယ်။ အသားတွေကို တစစီလိုက်ကောက်ရတယ်။ နေ့တိုင်း ပစ်နေတာ"

မကွေးမှာ အထက်တန်းကျောင်းသား ၁ ဦး ကြိုးဆွဲချသေဆုံး ■ အမျိုးသမီး ၁ ဦးလည်း ဧရာဝတီမြစ်ထဲဆင်းပြီး အဆုံးစီရင်ခဲ့

" သူက အထက ၄ မကွေးမှာ ၉တန်းတက်နေတာ။ မိဘတွေက ဖုန်းပေးမကိုင်လို့ ခုလိုလုပ်လိုက်တာလို့ ပြောသံကြားရတယ်။"

နေပြည်တော်မှာ စိုက်သိပ္ပံကျောင်းသားက ကျောင်းအုပ်ဆရာမနေအိမ်ထဲဝင်ပြီး ဓားနဲ့ခုတ်ပစ္စည်းလုလို့ ဆရာမ ၁ ဦးသေဆုံး

" ကောင်လေးက ဆေးကြောင်ပြီး ပစ္စည်းယူတာ။ အဲ့ကနေ လက်လွန်ကုန်တယ်။ ဆေးကြောင်တယ်ဆိုတော့ သတိလွတ်ပြီလေနော်။ ကောင်လေးက ကျောင်းတွင်းအဆောင်နေကျောင်းသားတော့ မဟုတ်ဘူး။ နဂိုကတည်းက ရင်းနှီးမှုရှိပြီး ဝင်ထွက်သွားလာနေကျ ဖြစ်လောက်တယ်"

တကျော့ပြန် အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်ကျဆုံးမှုရှိ

“ဒီနေ့မနက်လည်း တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်ပွားနေတယ်၊ အထိခိုက်တွေကတော့ရှိတယ်၊ ကိုယ့်ဘက်ကလည်းထိတယ်၊ **ဘက်ကလည်း ကျမှာပေါ့၊ ၂ ဖက် အထိခိုက်တွေကတော့ ရှိတယ်။”

စစ်ကောင်စီဗိုလ်ကြီး ၁ ဦး တပ်ပြောင်းနှုတ်ဆက်ပွဲလုပ်နေတဲ့ စလင်းမြို့နယ်ဦးစီးမှူးနေအိမ် ဗုံးကြဲခံရလို့ ၆ ဦးဒဏ်ရာရ

“သူတို့နှုတ်ဆက်ပွဲလုပ်တဲ့ ဦးစီးမှူးနေအိမ်ရဲ့ဝန်းထဲကိုကျတာ၊ သူတို့တပ်ထဲက ဗိုလ်ကြီး ၁ ဦးက နယ်ပြောင်းတာကို နှုတ်ဆက်ပွဲလုပ်တာကို ဗုံးကြဲချတာပါ၊ အပြောင်းအရွေ့လုပ်တဲ့ဗိုလ်ကတော့ ဘယ်တပ်ကလို့မသိဘူး၊ ဒဏ်ရာရတာတော့ ၆ ဦးရှိတယ်လို့ မြေပြင်မြို့ခံပြောပြလို့ သိရတယ်၊”

အသင့်ဆောင်ထားတဲ့လက်ပစ်ဗုံးပေါက်ကွဲလို့ အုပ်ချုပ်ရေးမှူးသေပြီး မိသားစုဒဏ်ရာရ

"အုပ်ကြီးအိမ်မှာ ပေါက်တာလို့သိရတယ်။ ဆေးရုံရောက်တော့သေနေပြီ၊ ရင်ဘတ်ကိုထိတာတဲ့။ သူ့အမျိုးသမီးကို လက်ကိုထိတာ၊ သူ့သားကိုတော့ ခြေထောက်ထိတယ်၊ သားနဲ့အမေက ဒဏ်ရာရရှိသွားတယ်ပေါ့။ သူတို့ ၂ ဦးကိုတော့ ပေါင်းတည်ဆေးရုံမှာကုသထားတယ်"

ပေါက်နယ်စစ်ရှောင်စခန်းက အရပ်သား ၂၀ ဦးနီးပါးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၃ ဦးကို ပစ်သတ်ခဲ့

“ ကျနော်တို့ (နယ်မြေရှင်းလင်းချိန်) ဒီမှာတွေ့တော့ကျ အဝတ်ဗလာနဲ့ တွေ့ရှိတယ်။ သံဃာတော်ကိုတော့လူဝတ်လဲပြီး သတ်ဖြတ်သွားတာ။”

အမြန်လမ်း “၀” မိုင်တိုးလ်ဂိတ်မှာတန်းစီနေတဲ့ ခရီးသည်တင်ကား ၅ စီးဆင့်တိုက်မှုဖြစ်ပြီး ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

" တိုးလ်ဂိတ်ဝင်ဖို့ တန်းစီစောင့်နေတဲ့ Express ကား ၄ စီးစောင့်နေတာကို ရွှေပွင့်ဖြူ(ကား)က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တာ။ ရွှေပွင့်ဖြူ(ကား)ပေါ်ကပဲ ထိခိုက်သေဆုံးရှိခဲ့တယ်။"

ခြေလျင်တပ်ရင်းမှူးသင်တန်းလာတက်တဲ့ ဗိုလ်မှူးနဲ့မိသားစုဝင်တွေကို PDF ဖမ်းဆီးရမိ

" သင်တန်းတက်ရောက်ဖို့ သွားရောက်ရမယ့်သတင်းကို အတွင်းဖရဲသီးတွေကနေတဆင့် ကြိုတင်သတင်းပေးပို့ချက်တွေ ရရှိခဲ့တယ်။ ဖရဲသီးသတင်းပေးပို့ချက်အတိုင်း နေ့ရက်၊ အချိန်နဲ့ လမ်းပိုင်းနေရာကို ရှောင်တခင်စစ်ဆေးမှုပြုလုပ်ပြီး ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။”

ကလေးမြို့မှာ တော်လှန်ရုပ်ရှင်ပြပွဲနဲ့ လူထုဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တနေရာမှာ နိုဝင်ဘာ ၁ ရက်ညပိုင်းက ကလေးမြို့ဒေသခံတွေကို တော်လှန်ရုပ်ရှင်ပြပွဲနဲ့ လူထုဟောပြောပွဲတခုကို ကလေးမြို့လူထုသပိတ်ဦးဆောင်ကောက်မတီက ဦးစီးကျင်းပပြီး ပြုလုပ်ပေးခဲ့ပါတယ်။

ရေတာရှည်ကကျေးရွာတွေကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံး

နိုဝင်ဘာ ၁ ရက်မနက် ၉ နာရီလောက်မှာ ၁ ကြိမ်၊ ညနေပိုင်းမှာ ၁ ကြိမ်၊ စုစုပေါင်း ဗုံးသီး ၈ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ကျွန်းကုန်းရွာနေ အသက် ၄၈ နှစ်အရွယ် ဒေါ်မြင့်မြင့်မော် ဗုံးစထိမှန်ပြီး ဦးခေါင်းပွင့်သေဆုံးခဲ့ကာ တရွာတည်းနေ အသက် ၄၅ နှစ်အရွယ် ဦးထွန်းနိုင်လည်း ဘယ်ဘက်ပေါင်နဲ့ ဗိုက်ဖောက်ဝင်ဒဏ်ရာရခဲ့တယ်လို့ ကီးကူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10