တရွာလုံးကိုမီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်တဲ့ စစ်တပ်သတင်းပေးဆိုသူ သေနတ်နဲ့ပစ်သတ်ခံရ
"ခေါင်းကို ၁ ချက်တည်း ပစ်ခဲ့တာပါ။ နေရာမှာ တခါတည်းသေသွားတယ်။ ဒီကောင်က ပေါက်ခေါင်းရဲစခန်းကနေ ပြန်လာတာကို သတင်းရလို့ စောင့်ပြီးပစ်ခတ်ခဲ့တာ။"
"ခေါင်းကို ၁ ချက်တည်း ပစ်ခဲ့တာပါ။ နေရာမှာ တခါတည်းသေသွားတယ်။ ဒီကောင်က ပေါက်ခေါင်းရဲစခန်းကနေ ပြန်လာတာကို သတင်းရလို့ စောင့်ပြီးပစ်ခတ်ခဲ့တာ။"
အပတ်စဥ် ၇ အတွက် စစ်မှုထမ်းခေါ်ယူမယ့်စာတွေကို အောက်တိုဘာလဒုတိယအပတ်မှာ ရပ်ကွက်အလိုက် နေအိမ်တွေကို စာပို့တာတွေလုပ်ဆောင်ခဲ့ပြီး ချမ်းမြသာစည်မြို့နယ်အတွင်းနေထိုင်သူ ညီအကို ၂ ဦးလုံး စစ်မှုထမ်းပါတာကြောင့် ကျပ်သိန်း ၄၀ ကျော်အထိ ၎င်းတို့နေထိုင်ရာရပ်ကွက်က အုပ်ချုပ်ရေးမှူးကိုပေးခဲ့ရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းမှာ နိုဝင်ဘာလဆန်းပိုင်းကစလို့ ပဲမျိုးစုံစတင်စိုက်ပျိုးနေကြပြီး လက်ရှိစက်သုံးဆီဈေးအပါအဝင် စိုက်ပျိုးစရိတ်တွေမြင့်တက်နေတာကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။
"အဲဒီအုပ်ချုပ်ရေးမှုးက အဲဒီဘေးရွာက ၁၀ ရွာလောက်ကိုတောင် သြဇာညောင်းတယ်။ ဧည့်စာရင်းကိစ္စတွေ၊စစ်မှုထမ်းကိစ္စတွေမှာ ရှေ့ကနေ ဦးဆောင်လုပ်လို့အရှင်းခံရတာ"
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ရွှေပန်းတောကျေးရွာနဲ့ ကျောက်မဲကျေးရွာသွားလမ်းပေါ်မှာ စျေးဝယ်ကားနဲ့ ပြန်လာတဲ့ အမျိုးသား ၂ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဘက်ကနေ မုံရွာမြို့ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို လုံခြုံရေးယူပေးနေတဲ့ ကင်းပုန်းဝပ်စစ်သားတွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Black Hero LPDF အဖွဲ့ဆီက သိရပါတယ်။
အင်အား ၂၀ ပါတဲ့ အဲ့ဒီစစ်အုပ်စုကို ချောင်းဦးမြို့ မုံရွေးတိုးဂိတ်အနားမှာ မိုင်းဆွဲတိုက်ခိုက်ချိန် ပေါက်ကွဲမှုအတွင်း ကင်းစောင့်နေတဲ့ စစ်အုပ်စုဘက်က ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“ဖိုက်တာက ၃ ကြိမ် ၆လုံးကြဲတယ်ပဲ ထားလိုက်ဦး၊ Y 12 တွေရော နောက်ဆုံးပစ်သွားတဲ့ ရော့ကတ် ဆိုလို့ရှိရင် ကျနော်ကြားလိုက်တာကို ၆ လုံး ၇ လုံးလောက် ဆက်တိုက်ကြားလိုက်တာဗျ၊ တဘရိတ်ထဲကို ပစ်သွားတာ၊ ညကပစ်ကြဲသွားတာဆို အနည်းဆုံး ၂၀ အထက်မှာပဲ ရှိတယ်ဗျ။”
“ဖမ်းဆီးခံပြည်သူတွေက ကျနော်တို့သိရသလောက် အေးရွာလေးရယ်၊ အေးရွာလေးကြားနဲ့ သင်္ခရိုင်ကြားက လမ်းဘေးပြည်သူတွေရယ်၊ သခွတ်ပင်ရွာက တယောက်ရယ် ဖမ်းခံရတဲ့သူတွေရဲ့ နာမည်တော့အတိအကျတော့ ကျနော်တို့မသိရသေးဘူး။ တချို့မိသားစုကို မေးကြည့်တော့လည်း အဖမ်းခံရတဲ့သူတွေက ပြန်ရောက်လာတာလည်းမရှိသေးဘူး”
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ B-21 Kani PDF ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ က တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ မိသားစုတွေကို နိုဝင်ဘာ ၂ ရက်မှာ တပ်ဖွဲ့ဝာာဝန်ရှိသူတွေက ငွေကြေးထောက်ပံ့ခဲ့ပါတယ်။
"ဘူကြီးရွာထဲကို ကားတွေနဲ့ဝင်လာပြီး ကျေးရွာမှာကျန်ရစ်ခဲ့တဲ့ပြည်သူတွေရယ် အနီးအနားက ပြည်သူတွေကို ခေါ်ပြီးတော့မှအစည်းအဝေးလုပ်တယ်။စစ်မှုထမ်းဖို့ခေါ်သွားတယ်လို့ သိရတယ်။ အကြမ်းနည်းနဲ့လည်းဖြစ်နိုင်တယ်။ အနုနည်းနဲ့လည်းဖြစ်နိုင်တယ်။ အဲ့ကနေပြီးတော့မှ ကာဘိုးတိုက်နယ်ထဲက ရွာတွေမှာလည်းခေါ်သွားတယ်"
" အကုန်လုံးတော့မထွက်သေးဘူး။ အကုန်လုံးချည်းတော့ထွက်မယ်မထင်ဘူး။ ဒီဘက်မှာအဲ့လို ကြေညာချက်ထုတ်တယ်။ အကုန်လုံးတော့မထွက်ကြဘူးလေ။ ကယ်ထုတ်ရတာနဲ့သယ်ထုတ်ရတာနဲ့ အဲ့လိုတွေဖြစ်နေတာ"
" ကင်းပုန်းဝပ်ပြီး ထိပ်တိုက်ပစ်ရတဲ့ ၂ ကောင်ကတော့ ပက်လက်လန်တယ်။ နောက်က နောက်တိုးအင်အားလာတဲ့အချိန်မှာ အဲ့ဒီ Body ကိုပဲ ကျနော်တို့က ပစ်အားစုထားတာပေါ့နော်။ သေပြီးသားကောင်ကို ထပ်ပြီးပစ်နေတာဖြစ်တဲ့အတွက် အဲ့ ၂ကောင်ကတော့ လုံးဝ လုံးဝ မုန့်ဟင်းခါးပေါ့ဗျာ။"
" လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ဖို့ရယ် လေယာဥ်ဆီဖြတ်တောက်ဖို့လှုပ်ရှားသင့်တဲ့ အကြောင်းတွေ ပြောတယ်ပေါ့နော်၊ ဇာတ်ကားတွေက သစ္စာတို့ မသောက်မိသောမိုးခါးရေတို့ အဲ့လိုဇာတ်ကားတွေ ပြခဲ့တယ်။"
စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အထက စာသင်ကျောင်းနဲ့ ရဲစခန်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁ ရက်က PDF တွေပူးပေါင်းပြီး Drone နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Phoenix-Sagaing တပ်ဖွဲ့ဆီက သိရပါတယ်။