သတင်းတို

မြန်မာယန်စီနဲ့ မြန်မာဝမ်ပေါင်တို့ကို အဓိက ဆန္ဒဖော်ထုတ်ခဲ့တဲ့ ၁ လေးလုံးနေ့ လူထုသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံလူထုသပိတ်ရဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရက်ပေါင်း ၁၁၁၁ ရက်မြောက်နေ့အဖြစ် တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ မြန်မာယန်စီနဲ့ မြန်မာဝမ်ပေါင်တို့ကို စစ်ကောင်စီနဲ့ ပူးပေါင်းနေတာတွေကို ချက်ချင်းရပ်တန့်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။

မလယ်ရွာတိုက်ပွဲ နှစ်ဖက်တပ်ဖွဲ့သေဆုံးမှုရှိ၊ အရပ်သား ၁ ဦးလည်းသေဆုံးကာ ၁၇ ဦးဒဏ်ရာရ

" ထိခိုက်သေဆုံးအခြေနေကတော့ စကစဘက်ကကော ကျနော်တို့ဘက်ကကောရှိတယ်။ ကြားထဲမှာက စကစဘက်က လေယာဥ်နဲ့ဗုံးကြဲလို့ ပြည်သူတွေထွက်ပြေးနေချိန် ဗုံးစမှန်ပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တာ"

လက်ပံတန်းမြို့အထွက်က စစ်တပ်စစ်ဆေးရေးဂိတ် စီးနင်းပစ်ခတ်ခံရ

“**တွေဘက် အကျရှုံးကတော့ ၃ ယောက်လောက်ရှိလိမ့်မယ် သေချာတယ်။ သေတဲ့သူတွေကို ညတွင်းချင်း အလောင်းဖျောက်ပြီး အစားထိုးထည့်ထားတယ်လို့လည်း ကြားတယ်။”

ကဝမြို့နယ် PDF ရဲ့ အပတ်စဥ် (၅) အခြေခံစစ်သင်တန်းစတင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kawa People Defense Force - Kawa PDF ရဲ့ အပတ်စဥ် (၅) အခြေခံစစ်သင်တန်းဖွင့်ပွဲ ကို မေ ၅ ရက်က တောတွင်းတနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကံမမြို့နယ်၊ ဒါန်းကိုင်းဂိတ်မှာ မော်တော်ယာဉ်တွေကို စစ်တပ်က ကျပ်သိန်းချီပြီး ပိုက်ဆံတောင်းနေ

“အရင်က ဘယ်သွားမလို့လဲ၊ ဘယ်က ပြန်လာလဲ ဒီလောက်ပဲစစ်ဆေးတာ။ အခု ဖြတ်လာတဲ့ကားတွေကို အကုန် ပိုက်ဆံတောင်းနေတာ။ ပိုက်ဆံမပါရင် ကုန်ပစ္စည်းတွေချထားခဲ့ခိုင်းပြီး ပိုက်ဆံပြန်ယူခိုင်းတယ်။ အတင်းအဓမ္မ တောင်းတဲ့ ပုံစံမျိုးလုပ်နေတာ။”

ရေနံချောင်းမှာ စစ်ကြောင်းမိုင်းဆွဲခံရလို့ ဗိုလ်မှူးတဦး ပြင်းထန်ဒဏ်ရာရပြီး သေဆုံးသူတွေလည်းရှိ

“အင်အားဖြည့်လာတဲ့ ကားရဲ့ ဒုတိယမြောက်ကားကို မိုင်းထိပြီး ကားကထိုးရပ်ပျက်စီးသွားတယ်။ ကားပေါ်ပါတဲ့ ဗိုလ်မှူးသန်းဌေးက အပြင်းအထန်ထိခိုက်သွားတယ်။ သူရဲ့နောက်ဆက်တွဲကိုတော့ မသိရသေးဘူး။ စစ်သား ၃ ဦးလည်း သေဆုံးခဲ့တယ်”

ကျောက်ထုမှာ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတဲ့ လေယာဉ်ကွင်းနဲ့ ရဲစခန်း ပျက်စီးမှုတွေရှိ (ရုပ်/သံ)

မေ ၆ ရက် မနက် ၈ နာရီ ၄၅ မိနစ်ကနေ ၉ နာရီခွဲအထိ ကျောက်ထုတိုက်နယ်၊ ကျောက်ထု အမြောက်တပ် ၃၆၈ ၊ လေယာဉ်ကွင်းနဲ့ ရဲစခန်းတို့ကို ရော့ကတ်ရှော့တိုက်ဒုံး အလုံး ၅၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ B.H.S.R.F တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ၅ ရက်အတွင်း မိုးကြိုးပစ်ခံရပြီး ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကသာ၊ ဘုတလင်၊ မုံရွာမြို့နယ်တို့မှာ မေလ ၁ ရက်ကနေ ၅ ရက်အတွင်း မိုးကြိုးပစ်ခံရပြီး လူ ၄ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ္တရာကစစ်ရှောင်ပြည်သူ ၄၀၀ ကျော်ကို နယ်ခံပကဖနဲ့အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

“ သွားရောက်ကုသတာတော့ ၂ ကြိမ်၊ ၃ ကြိမ်လောက်ရှိပြီ။ မတ္တရာအရှေ့ခြမ်းရော အနောက်ခြမ်းရောပေါ့။ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ၂ ရက်တိုင် ကုသမှုပေးခဲ့ပါတယ်။ လိုအပ်ချက်တွေကတော့ အကုန်လုံးလိုအပ်ချက်တော့ရှိတာပေါ့ ”

မိုးလုံးဝမရွာတာနဲ့ မြေဆီလွှာရေခမ်းခြောက်တာတွေကြောင့် စိုက်ပျိုးရေးအတွက် ပြင်ဆင်နိုင်ခြင်း မရှိသေး

"အရင်ကတော့ သင်္ကြန်တွင်းနဲ့ သင်္ကြန်ပြီးပြီဆို မိုးကဆော့လာပြီ။ တမိုးနှစ်မိုးလောက်ရွာတယ်ဆို မြေအစိုဓါတ်လေးဖမ်းတော့ ထွန်ယက်ထားလို့ရပြီပေါ့။ အခုကတော့ ပူလိုက်တာမှ လယ်ကွက်တွေထဲ ခြောက်သယောင်းနေတာပဲ" လို့ သာယာဝတီခရိုင်ထဲက လယ်သမားတဦး ကပြောပါတယ်။

မုံရွာ၊ ဗောဓိတထောင်ဘုရားအနီးမှာ ရဲ ၂ ဦး ပစ်သတ်ခံရ

"ဘုရားနားမှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲ့အနောက်ဘက်မှာ ရဲတွေက ရေခပ်ရေချိုးတာလုပ်နေချိန် ပစ်ခံရတာလို့တော့ သိရတယ်။ အလောင်းတွေကိုတော့ ရဲတွေဘက်က လာစစ်ပြီးသယ်သွားတယ်"

ဒေသခံအမျိုးသားတွေနဲ့ ရင်ဘောင်တန်းခြင်းခတ်တဲ့ CDF-Asho အမျိုးသမီးစစ်သည်တွေ (ရုပ်/သံ)

ပိုက်ကျော်ခြင်းခတ်ရာမှာ ငွေကြေးနဲ့ ကစားတာမဟုတ်ဘဲ ဒိုက်ထိုးကြေး အပျော်တမ်း ကစားကြတာလို့ CDF-Ashoရဲ့ တာ၀န်ခံ ဆလိုင်းရိုးချင်းက ပြောပါတယ်။

မကွေးမှာ ကျူးကျော်ဆိုပြီး နေအိမ် ၂၅၀ ကျော်ကို ၁ လအတွင်း မဖယ်ရှားပါက အင်အားသုံးမယ်လို့ ခြိမ်းခြောက်

"အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေထဲ ကျူးကျော်နေထိုင်တယ်ဆိုပြီး ဖယ်ခိုင်းတာ။ နေလာတာပဲ ၁၀ နှစ်ကျော်နေပြီ။ ခုလိုချက်ချင်းဖယ်ခိုင်းတော့ အကုန်ဒုက္ခရောက်ကုန်ပြီ"

စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်စာသင်နေတဲ့ "သုည" Federal School လေကြောင်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

“ ထိတွေ့မရှိဘဲ လာပစ်သွားတာ။ စာသင်ကျောင်းကတော့ ပြင်းပြင်းထန်ထန်ကို ပျက်စီးသွားတာ။ ထိသွားတဲ့ရွာသားတယောက်ကလည်း အခုဆေးဝါးကုသမှုခံယူနေတယ်။ ကျန်တဲ့ရွာတွေဘက်ကတော့ နေအိမ်တွေထိမှန်သွားတယ် အများကြီးတော့မဟုတ်ဘူး ”

ယာထဲသွားသူတွေကို စစ်မှုထမ်းဖို့အဓမ္မခေါ်ထားပြီး နွားလှည်းပဲပြန်လွှတ်လိုက်တဲ့အထိ စစ်ကောင်စီတပ်သားတွေ သောင်းကျန်းလာ

"အခုက တအားကိုဆိုးရွားသောင်းကျန်းလာတာ။ လမ်းမှာတွေ့ရင်တွေ့တဲ့သူကို အရွယ်ကောင်းဆို ဖမ်းခေါ်ထားလိုက်တော့တာ။ တခါတလေလည်း သေနတ်ပစ်ဖောက်ပြီး ရွာထဲကိုဝင်လာတယ်။ ခေါ်ချင်တဲ့သူကိုဆွဲခေါ်သွားတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10