သတင်းတို

ကနီပညာရေးတာဝန်ခံ တမိသားစုလုံးသတ်ဖြတ်ခံရမှု ရက်လည်တဲ့အထိ တရားခံမပေါ်သေး  ■ သံသယရှိသူတဦးကို ပလဖ စစ်ဆေးလျှက်ရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးတာဝန်ခံ ဦးဝင်းဌေးတို့တမိသားစုလုံး သတ်ခံလိုက်ရတဲ့အမှုက တပတ်ကျော်ကြာတဲ့အထိ အမှုတရားခံမပေါ်ပေါက်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပျူစောထီး ၁၀၀ ခန့်ကို လက်နက်ချအောင်စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းမှူး စစ်ရေးဗျူဟာထူးချွန်ဆုရရှိ

ဇွန် ၂၅ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်းမှာ စဥ့်ကူးမြို့နယ်အတွင်းက ပျူစောထီး ၁၀၀ ခန့်ကိုကျည်မဖောက်ဘဲ လက်နက်ချအညံ့ခံအောင် စည်းရုံးနိုင်ခဲ့သူ အမှတ် ၁၂၂၂ တပ်ရင်းမှူး ကိုဒိုလေးကို စစ်ရေးဗျူဟာထူးချွန်ဆု ပေးအပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။

PDF တွေကိုစိန်ခေါ်တဲ့ အုပ်စုအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

“သူ့နေအိမ်မှာပဲ ရှင်းနိုင်ခဲ့တာပါ။ သူအိမ်ထဲဝင်သွားတဲ့အချိန် ထွက်ပြေးမယ်လုပ်လို့ ကျနော်တို့က သေနတ်ပစ်တာပါ၊ ၃ ချက်ပစ်တာပါ။ ဘယ်ဘက်ရင်အုံမှာ ၂ ချက်မှန်တယ်။ ပြီးတော့ ငယ်ထိပ်ကို ၁ ချက်မှန်တယ်။”

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှု မအောင်မြင်ဟုဆို

စစ်ကောင်စီက ပြီးခဲ့တဲ့အောက်တိုဘာ ၁ ရက်ကနေ ၁၅‌ ရက်ထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ လုပ်ဆောင်ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ လောင်စာဆီသယ်တွဲကား တိမ်းမှောက်မီးလောင်မှုဖြစ်ပြီး အမျိုးသား ၁ ဦးသေဆုံး

" နောက်ဘီးကနေ မီးစွဲလောင်လာပြီး စလစ်ဖြစ်ပြီး မှောက်သွားတာ။ လူကတော့ ၁ ယောက်သေသွားတယ်။ လမ်းကြုံလိုက်လာသူ ၁ ယောက်သေတယ်။ ကားကတော့ မီးလောင်သွားတယ်။"

ဘုတလင်စစ်ကြောင်းကိုတိုက်နေတဲ့ ရှေ့တန်းက PDF တဦး  နာမကျန်းဖြစ်ပြီးဆုံးပါး(ရုပ်/သံ)

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF ရဲဘော်တဦး ဘုတလင်မြို့နယ် ရှေ့တန်းတနေရာမှာ တိုက်ပွဲဒဏ်တွေကြောင့် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားပါတယ်။

ဘုတလင်စစ်ကြောင်းကိုတိုက်နေတဲ့ ရှေ့တန်းက PDF ၁ ဦး နာမကျန်းဖြစ်ပြီးဆုံးပါး

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF ရဲဘော် ၁ ဦး ဘုတလင်မြို့နယ် ရှေ့တန်းတနေရာမှာ တိုက်ပွဲဒဏ်တွေကြောင့် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားပါတယ်။

ပခုက္ကူမှာ ပြည်သူ့စစ် ၁ ဦးကို လက်နက်နဲ့တကွ PDF ကဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းရွာက ထွက်လာတဲ့ ပြည်သူ့စစ် ၁ ဦးကို လက်နက်နဲ့တကွ ဖမ်းမိခဲ့တယ်လို့ Young Force - UG အဖွဲ့ဆီက သိရပါတယ်။

တည်းခိုခန်းမှာ အမျိုးသမီး ၁ ဦး မျက်နှာဖူးယောင်၊ မေးရိုးပြုတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့

"တည်းခိုခန်းမှာ အချိန်ပိုင်းလာတည်းရင်းနဲ့ ကောင်လေးက အောက်ဆင်းလာပြီးတော့ တညလုံးယူမယ်လို့ ပြောပြီးထွက်သွားတာ။ ပြန်မလာလို့တည်းခိုခန်းက မသင်္ကာလို့ ဖွင့်ကြည့်မှာ (မိန်းကလေး)သေနေတာတွေ့ရတာ"

ပုလဲကို စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲလို့ ဝန်ထမ်း ၂ ဦးအပါ အရပ်သားအချို့သေဆုံး (ရုပ်/သံ)

နိုဝင်ဘာ ၁၁ ရက် မနက် ၅ နာရီကျော်ကစတင်ပြီး ၁၀ နာရီကျော်အထိ ပုလဲ ထွေအုပ်ရုံး၊ လျှပ်စစ်ရုံးနဲ့ ပုလဲမြို့ပေါ်ရပ်ကွက်တွေကို ပေါင် ၅၀၀ ဗုံး အလုံးရေ ၂၀ ကျော် ကြဲချခဲ့တာကြောင့် ပုလဲမြို့ လျှပ်စစ်မြို့နယ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ထွေအုပ်ဝန်ထမ်း မမျိုးဦးနဲ့ သားဖြစ်သူတို့လည်း သေဆုံးခဲ့ရတယ်လို့ ကျားသစ်နက်တပ်မတော်ဆီက သိရပါတယ်။

ရွာခံတွေကို ပျူစောထီးသင်တန်းပို့ပြီးအဖွဲ့ဖွဲ့ထားတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကုန်းပေါ်နက်ကျေးရွာ အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာ ၁၁ ရက် မနေ့ည ၇ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပုပ္ပါးပြောက်ကျားတပ် တိုက်ခိုက်ရေး တာဝန်ခံ ကိုကြခတ်က ပြောပါတယ်။

ပြည်ခရိုင်ရှိ မြို့နယ် ၂ ခုမှာ အမျိုးသား ၁၁ ဦးကို စစ်ကောင်စီဖမ်းဆီးထား

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နဲ့ ပြည်မြို့နယ်အတွင်းမှာ အမျိုးသား ၁၁ ဦးအထိ စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က ၁ ရက်တည်းမီးရှို့ခဲ့ ■စစ်ကြောင်းရန်ကြောက်လို့ တိမ်းရှောင်နေရတဲ့ ဒေသခံထောင်ကျော် နေရပ် မပြန်နိုင်သေး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာက နေအိမ် ၁၀၀ ကျော်ကို နိုဝင်ဘာ ၉ ရက် ၁ ရက်အတွင်း စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ပြီး စစ်ကြောင်းထိုးနေလို့ ပခုက္ကူမြို့နယ်ကဒေသခံတွေ ထွက်ပြေးနေရ

“အခုက မြစ်ခြေမြို့ထဲမှာ တယောက်မှ မရှိတော့ဘူး။ တမြို့လုံးရှောင်ကြတာဆိုတော့လေ။ လက်နက်ကြီးပစ်သံတွေလည်းကြားရတော့ ပြေးလာကြတာ။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး”

လက်နက်ကြီးရန်ကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင် ၁,၀၀၀ ကျော် အမိုးအကာနဲ့ အရေးပေါ်စားနပ်ရိက္ခာလိုအပ်

"ဒီမှာက ပြည်သူက ကူရာကယ်ရာမဲ့ ဖြစ်နေတယ်။ အဖွဲ့အစည်းတွေကဖွဲ့ထားပေမယ့် မြေပြင်မှာမရှိတော့ ခက်ခဲတယ်။ အခု မိုးကလည်းရွာထားတာ မကြာသေးဘူး။ မိုးကလည်း ဖွဲဖွဲရှိနေတော့ ပြည်သူတွေမှာအကူအညီလိုအပ်နေတယ်။ နေဖို့ထိုင်ဖို့စားနပ်ရိက္ခာ၊ ဆေးဝါးတို့လို အခက်အခဲရှိနေတယ်။ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10