ရုပ်သံ

ပေါက်နဲ့မြိုင်မှာ တပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

"ပေါက်မြို့ အုံးတောရွာအရှေ့ဘက် စစ်ဆေးရေးဂိတ်မှာ စစ်** အကောင် ၃၀ နဲ့ ပျူ ၁၀ ကောင်ကျော်လောက်က စစ်ဆေးနေတာ။ ဂိတ်ထဲကနေ ၇ ယောက်ထွက်လိုက် ၅ ယောက်ထွက်လိုက် စစ်ဆေးနေတာကို ကျနော်တို့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ စစ်** ၄ ကောင်သေပြီး ၁ ကောင်ဒဏ်ရာရတယ်။ ပြီးတော့ ညနေ ၅ နာရီ ၂၀ မိနစ်မှာ မြိုင်မြို့နယ်၊ ကန်နီပျူရွာက စစ်အုပ်စုကို ကျနော်တို့အဖွဲ့တွေက ချောင်းပြီးပစ်ခတ်ခဲ့တယ်။ အဲဒါကသိပ်မကြာဘူး ၇ မိနစ်လောက်ပဲကြာတယ်။ သူတို့ဘက်က ၁ ကောင်လဲကျသွားတယ်။ ညက အမိန့်ပြန်တယ်"လို့ ပြောပါတယ်။

ရွာပြန်ကပ်ဖို့ အလှမ်းဝေးနေဦးမယ့် ညောင်ပင်ကြီးရွာ

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ညောင်ပင်ကြီးရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ ပစ်ကူခဲ့လို့ ရွာသားတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တပ်က ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး မိုင်းထောင်တာတွေ လုပ်ဆောင်ခဲ့သလို ရွာလုံးကျွတ် မီးရှို့ခဲ့တာကြောင့် ရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တွင်းကာလ တွေ့မြင် ကြားသမျှ ကုန်ကားသမားဘဝ

မြေလတ်အသံက တင်ဆက်ခဲ့တဲ့ "စစ်တွင်းကာလ တွေ့မြင်ကြားသမျှ ကုန်ကားသမားဘဝ" ဆောင်းပါးကို ရုပ်သံအဖြစ် ပြန်လည်တင်ဆက်ပေးထားပါတယ်။

"ထန်းလျှော်တွေ မီးရှို့ခံရလို့ အလုပ်လက်မဲ့ဖြစ်ရတဲ့ မိရိုးဖလာတောင်းရက်သူတွေ"

ထန်းတောင်းရက်လုပ်ရာမှာ ကုန်ကြမ်းဖြစ်တဲ့ လျှော်ထန်းလက်တွေကို တနှစ်မှာတခါသာ တပေါင်းလနဲ့ တန်ခူးလတွေမှာ ချိုင်ကြတယ်လို့ ဆိုကြပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထန်းတောင်းရက်လုပ်ဖို့ သိုလှောင်ထားတဲ့ လျှော်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ ကုန်ကြမ်းရှားပါးမှုဒဏ်ကို ခံနေရပြီး တောင်းရက်လုပ်တဲ့သူတွေဟာ ကြုံရာကျပန်းအလုပ်မျိုးတွေ ဝင်လုပ်နေကြရပါတယ်။

ချင်းတွင်းမြစ်ထဲ အမြန်ရေယာဥ် ၂စီး တိုက်ခိုက်ခံရလို့ ၃ ဦး‌သေဆုံးဟုဆို

"စကစ အင်အားကတော့ မသိရဘူး။ ဧရာဝတီမြစ်ကနေ မုံရွာနမခ တပ်ထဲကို လက်နက်ခဲယမ်း စားနပ်ရိက္ခာနဲ့ ဆီတွေသယ်လာတာ။ သေဆုံးတာကတော့ ** ၃ ကောင်သေပြီး ဒဏ်ရာရတာတွေလည်း များတယ်လို့ ဖရဲသီးသတင်းပေးချက်အရ သိရတာ။"

တောင်ငူထောင်က နိုင်ကျဉ်းတွေထွက်ပြေးမှု ထောင်ပိုင်အပါအဝင် ၇ ဦး ထောင်ချခံရတဲ့သတင်းနှင့် တပတ်အတွင်း သတင်းများ

နတ်တလင်းနဲ့ပေါင်းတည်မှာ စက်သုံးဆီကို ဗူးခွံနဲ့ဝယ်ချင်သူများ ထောက်ခံစာပြုလုပ်ရတဲ့သတင်း၊ ရွှေဘိုကို ပြန်လာတဲ့စစ်အုပ်စု လမ်းတလျှောက်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိတဲ့သတင်း၊ မြိုင်မှာ စစ်တပ်က ဒေသခံ ၂ ဦးကို ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

သိန်း ၁၀၀ နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပျူစောထီးရဲ့သား PDF ရဲဘော် (ရုပ်/သံ)

ဖခင်ဖြစ်သူက သူ့သားကို PDF ထဲကနေ ပြန်လာပြီး ရေတပ်ထဲကို ဝင်ဖို့ ကမ်းလှမ်းခဲ့တာကို လက်မခံတဲ့အတွက် ၂၀၂၂ နှစ်စပိုင်းကတည်း ဖမ်းဝရမ်းစာထုတ်ခဲ့တာပါ။ ဖခင်က ပျူစောထီးအဖွဲ့ဝင်ဖြစ်သလို အစ်မက ဒုရဲအုပ်၊ အစ်ကိုဖြစ်သူတွေကလည်း ပြည်သူ့ စစ်နဲ့ နယ်ခြားစောင့်တပ်က ဖြစ်ကြပါတယ်။

"အလှည့်ကျ မနွဲ့စတမ်းဟေ့"

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ "မြင်မိ ကြားမိသမျှ အစီအစဉ်" ဒီတပတ်မှာတော့ "အလှည့်ကျ မနွဲ့စတမ်းဟေ့" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပ်မ ၁၀၁ စစ်သားတွေ တပ်စွဲထားတဲ့ဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံး

"ကျနော်တို့ ၁၉ ရက်က အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ ကျနော်တို့ ပွဲတပွဲပုံဖော်ခဲ့တာ၊ အရှေ့ချောက်ကန်ရွာမှာ **တွေဂိတ်လုပ်ထားတဲ့နေရာကို နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အလစ်အငိုက်ဝင်တိုက်ခဲ့တာပါ၊ ပစ်ခတ်တိုက်ခိုက်အချိန်က ၅ မိနစ်လောက် ကြာပါတယ်၊ ကျနော်တို့ မနေ့က ကြားထားတဲ့သတင်းအရတော့ **၁ ကောင်သေပြီး ၃ ကောင်ကတော့ ခြေထောက်တွေလက်တွေ ထိမှန်သွားတယ်၊ ဒီနေ့ထပ်တိုးသတင်းကတော့ ပခုက္ကူဆေးရုံမှာတင်ထားတဲ့ **၁ ကောင်ကတော့ သေပြီလို့ သတင်းကြားရတယ်"

PDF တွေရှိတဲ့နေရာကို ရေလာခပ်တဲ့ စစ်သား၂ဦး ပစ်ခံရလို့ သေဆုံး

“ ၂ ယောက်ကတော့ သေချာပေါက် ဇကာပေါက်ဖြစ်သွားတာ။ လမ်းပေါ်ကနေ သူတို့ကို တရွတ်တိုက်ပြန်ဆွဲသွားတာကို မျက်မြင်တွေ့တဲ့သူတယောက်က ပြောပါတယ်။ ကျ‌နော်တို့ဘက်ကတော့ ၂ ဦး ဒဏ်ရာရတယ် မစိုးရိမ်ရပါဘူး။”

မိုးခေါ်လွန်ဆွဲပွဲတွေနဲ့ တောင်သူတွေ ပျော်နိုင်ပါ့မလား

ရွာချိန်ကျော်လွန်ခဲ့သည့်တိုင် မရွာနိုင်သေးတဲ့ မိုးကိုခေါ်ဖို့ ဒေသခံတောင်သူတွေက လွန်ဆွဲပွဲတွေ လုပ်လာကြပါတော့တယ်။ ဒီဓလေ့ကတော့ ရိုးရာယုံကြည်မှုတခုသာ ဖြစ်ပေမယ့် လွန်ဆွဲပြီးတဲ့အချိန်တိုင်းမှာလည်း မိုးရွာခဲ့တဲ့သာဓကတွေ ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လွန်ဆွဲပွဲရဲ့ အဓိကအနှစ်သာရကတော့ လွန်ကြိုးပြတ်မှ မိုးရွာမှာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်တာပါ။

တပတ်အတွင်း မြေလတ်သတင်း

- တိုက်ပွဲတွေ ဖြစ်လာနိုင်လို့ မန္တလေး-ရွှေဘိုကားလမ်းကို လတ်တလောအသုံးမပြုကြဖို့ PDFအဖွဲ့တွေ ထုတ်ပြန် - ဦးပိုင်အမြတ်ငွေ ထုတ်မပေးနိုင်သေးလို့ တပ်တွင်းဝေဖန်မှုရှိနေ - အညာဒေသက PDF တွေရဲ့ တိုက်ပွဲကြားက ကျင်းပခဲ့ကြတဲ့ ဇူလိုင် ၁၉ - ကမ္မမှာ စစ်တပ်နဲ့ရဲအလင်းဝင်ဖို့သတိပေးတဲ့ဗီနိုင်း စိုက်ထူခံရပြီးနောက် မြို့ပေါ်ဗီနိုင်းဆိုင်က အမျိုးသမီး ၂ ဦးဖမ်းဆီးခံရ - ပြည်မြို့ဝန်းကျင်ရှိ CDM များကို ဖမ်းဆီးမယ်လို့ သတင်းများထွက်ပေါ်ပြီး အိမ်တွေကို လိုက်လံစစ်ဆေးနေ - ဟန်လင်းရှိ စစ်ကောင်စီစခန်း စီးနင်းခံရပြီး ၅ ဦးသေ ၃ ဦးအရှင်ဖမ်းမိ - စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုက ရွာတွေကို စစ်တပ်က ဆက်တိုက် မီးရှို့၊ ဒေသခံတချို့ကိုပါ ဖမ်းဆီးသတ်ဖြတ် - ပဲခူးရိုးပေါ်ရှိ မြို့ချောင်း-စိန်ကန့်လန့် လမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးပြုလုပ် - ချင်းနဲ့ မကွေးနယ်စပ်က ၃ရက်တာတိုက်ပွဲမှာ PDF ၆ဦးသေဆုံးပြီး စစ်သား ၈၀ဝန်းကျင်သေဆုံးဟုဆို - ကန့်ဒေါင့် ကပစ ၂၃စခန်း တိုက်ခိုက်ခံရပြီး နှစ်ဖက်ဒဏ်ရာရသူများရှိ - ရေလယ်ကျွန်းက ရေဘေးသင့်ပြည်သူတွေကို မိုးကာတာပေါ်လင်တွေ ထောက်ပံ့

Drone စစ်ဆင်ရေးလုပ်ရင်း ဗုံးသီးပေါက်ကွဲခဲ့လို့ ရဲဘော်၃ဦး ဒဏ်ရာရ (ရုပ်/သံ)

အာဇာနည်နေ့အတွက် သီးသန့်စီစဥ်ထားတဲ့ ပြင်းအားမြင့်ဗုံးတွေဖြစ်တဲ့အတွက် ဒရုန်းလွှတ်တင်ချိန် အနားမှာရှိတဲ့ ရဲဘော် ၃ဦးစလုံး ခန္ဓာကိုယ်အနှံ့ ဗုံးစထိမှန်ကာ ဒဏ်ရာရခဲ့ပြီး ရဲဘော်တဦးကတော့ လည်ပင်းမှာ တလက်မခန့် ဗုံးစဖောက်ထွက်သွားပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

အောင်မြင်တဲ့ အဆိုတော်အိပ်မက်နဲ့ သခင်ဒေါင်းညို

ငယ်စဉ်က မိဘတွေ အိမ်ထောင်ရေးပြိုကွဲသွားတာကြောင့် တယောက်တည်း ရုန်းကန်ခဲ့ရတဲ့ လေသွေးဟာ အောင်မြင်တဲ့ အဆိုတော်ဖြစ်အောင် ကြိုးစားနေခဲ့သူပါ။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာတော့ သူဖြစ်ချင်တဲ့ အောင်မြင်တဲ့အဆိုတော်ဘဝကို ခဏရပ်နားလိုက်ပြီး သခင်ဒေါင်းညိုဆိုတဲ့ အမည်နဲ့ လက်နက်ကိုင်တော်လှန်ရေး ရဲဘော်တဦးဖြစ်လာခဲ့ပါတယ်။

“လူ့အခွင့်အရေးအတွေးအခေါ်”

အဓိကာရ Podcast ရဲ့ Episode 1(Part 2) မှာ CDM ပါမောက္ခ ဒေါက်တာစုကို ဖိတ်ခေါ်ထားပြီး လူ့အခွင့်အရေး/ရပိုင်ခွင့်၊ လူ့ဂုဏ်သိက္ခာ၊ Divine Law၊ Natural Law စတာတွေကို ဆွေးနွေးထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10