Nan Khan

ရှိမ်းမကားရဲစခန်းရဲ့ ပေ ၁၀၀ ပတ်လည်က နေအိမ်နဲ့ လူတွေကို စစ်တပ်ကဖယ်ရှားခိုင်း

“ကာကွယ်ရေးအဖွဲ့တွေက လာပစ်ဖို့ရှိတယ်ဆိုပြီး ပြည်သူတွေကိုခြောက်လှန့်ပြီး ဖယ်ခိုင်းနေတာ။ စခန်းပတ်လည်က ပြည်သူတချို့က နေအိမ်တွေကနေ ဖယ်ပေးလိုက်ကြရတယ်" လို့ Wetlet Informational Network တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ဒီပဲယင်းနယ်က မရကန်ရွာကို စစ်ကောင်စီမီးရှို့

“အဲဒီစစ်**တွေ မနေ့ညက ပိဋကတ်ကျရွာမှာ အိပ်တယ်။ ဒီနေ့မနက်မှ မရကန်ရွာထဲကို လက်နက်တွေပစ်ဖောက်ပြီး ဝင်လာတယ်။ မရကန်ရွာက အခုလိုမီးရှို့ခံရတာ သုံးလေးကြိမ်လောက်တော့ရှိပြီ။ ၂၀၂၂ ခုနှစ်ကတည်းက။”

ကန်နီရွာမှာတပ်စွဲထားတဲ့ ပျူစောထီးတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁ ဦးသေ

“သူတို့က ကျနော်တို့ဘက်ကို ကျွံလာတာ။ အင်အား ၃၀ လောက်နဲ့ ထွက်လာတာ။ အဲ့ဒီထဲမှာမှ ရှေ့ပြေးကင်းအနေနဲ့ လေးငါးယောက်လောက်ထွက်လာတော့ ကျနော်တို့ဘက်ကလည်း ကင်းအချင်းချင်းတွေ့တာဆိုတော့ ပစ်ခတ်ကြတာပါ။”

စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာက နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့

“သူတို့ ရွာထဲကို ရုတ်တရက်ဝင်လာတော့ ရွာသားတွေလည်း ပြေးချိန်မရလိုက်ဘူး။ နောက်ပြီးတော့ ကျော်ဇေယျာရွာကလည်း လမ်းမဘေးမှာရှိတာဆိုတော့ ပြေးလို့လည်း မလွတ်ဘူးလေ။ ရွာထဲက အိမ်တွေမီးရှို့ပြီးတော့ ရွာသားတွေကိုလည်း ဖမ်းခေါ်သွားပြီး မာလဲတောရွာနားရောက်တော့ ပြန်လွှတ်ပေးခဲ့တယ်”

မြိုင်မှာ PDF နဲ့ ပျူစောထီး ထိတွေ့မှုဖြစ်၊ နေအိမ် ၃ လုံးကို ပျူစောထီးတွေမီးရှို့ခဲ့

“အပြန်အလှန်ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာလိုက်တယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ ရွာထဲကိုဝင်ပြီး မီးရှို့တော့တာပဲ။ လက်ထုပ်တောရွာက အခုလို မီးရှို့ခံရတာ ပထမအကြိမ်ပါပဲ၊ ဖမ်းဆီးခံရတဲ့ ပြည်သူတွေတော့ မရှိပါဘူး”

ပခုက္ကူခရိုင်တပ်ရင်း စခန်းတခု မီးရှို့ဖျက်ဆီးခံရ

“ဒီစစ်ကြောင်းက ၂၃ ရက်ကတည်းက အစ်ကိုတို့ PDF ပူးပေါင်းအဖွဲ့တွေကို လိုက်တိုက်နေတာ။ အဲ့ဒီနေ့က စခန်းမှာ စစ်ဆင်ရေးတာဝန်အသီးသီးရှိလို့ စစ်သည်တိုင်း ပြင်ပရောက်နေကြတော့ လက်နက်ခဲယမ်း လူအထိခိုက်ဆုံးရှုံးမှုတော့ မရှိလိုက်ဘူး ”

မြိုင်နယ်၊ အနောက်ပန်းတိုင်းတောရွာသားတဦးကို စစ်အုပ်စုက သတ်ခဲ့

“ပန်းတိုင်းတောရွာက အရှေ့ရွာနဲ့ အနောက်ရွာရယ်လို့ ၂ ရွာရှိတယ်။ မနေ့ကတည်းက အရှေ့ရော အနောက်ကိုပါ ဝင်မွှေနေတာ။ သေဆုံးသွားတဲ့သူက စစ်***တွေနဲ့ ဘယ်လိုတွေ့ပြီး ဘယ်လိုအသတ်ခံလိုက်ရလဲဆိုတာတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး”

မိုးရာသီကြောင့် ပျက်စီးနေတဲ့လမ်းတွေကို ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေကပြန်လည်ပြုပြင်

“သူတို့အဆင်ပြေရင် ကျနော်တို့အတွက်လည်း အဆင်ပြေတာနဲ့တူတူပါပဲ။ ကျနော်တို့ မူဝါဒက တိုက်စရာရှိရင်တိုက်၊ တိုက်စရာမရှိရင် လေ့ကျင့်၊ လေ့ကျင့်စရာမရှိရင် ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်တာပေါ့။ အခုကတော့ သုံးမျိုးစလုံး လုပ်နေပါတယ် ”

၆ ကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ကနီနယ်ထဲက စစ်ဘေးရှောင် ၆၀ ကျော်ကို အခမဲ့ဆေးကုပေး

“ကျနော်တို့ သွားရောက်ကုသပေးတဲ့နေရာက လမ်းခရီးလည်းမကောင်းသလို လုံခြုံရေးလည်း စိုးရိမ်ရတယ်။ သူတို့တွေကို လိုအပ်တဲ့ ကျန်းမာရေးတွေကုသမှုပေးခဲ့တယ်။ အကျိတ်တွေ၊ အဖုတွေကို ခွဲပေးခဲ့တယ်”

ညောင်ကန်မှာ ဗကသခေါင်းဆောင် ၃ ဦးကိုသတ်ပြီးနောက် ရွာသား ၈ ဦးကိုဖမ်းပြီး နေအိမ်တွေကိုမီးရှို့သွား

“ရွာထဲက ဗကသ အဖွဲ့ဝင် ၃ယောက်ကိုလည်း သတ်သွားတယ်။ နောက်ထပ် ရွာသား ၈ ယောက်ဝန်းကျင်လောက်လည်း အဖမ်းခံရတယ်လို့ ကြားရတယ်”

သရက်ကန်ရွာမှာ ပျိုးနှုတ်နေတဲ့ ပြည်သူ ၅ ဦးအဖမ်းခံရ

“သံဘိုကျေးရွာကနေ သရက်ကန်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာပါ။ ပြည်သူတွေကလည်း ရုတ်တရက်ဆိုတော့ ရှောင်တိမ်းချိန်မရလိုက်တာပါ ”

ဘုတလင်က ဗကသရုံးကိုဝင်စီးပြီး ဥက္ကဌ၊ ဒုက္ကဌနဲ့ အတွင်းရေးမှူးတို့ကို စစ်ကောင်စီကသတ်ဖြတ်

“ပြည်သူတွေရော ရဲဘော်တွေရောက ရန်သူဝင်လာတာကို မသိလိုက်ကြဘူး၊ ရုံးခန်းတည်နေရာနားကိုရောက်လာပြီး ရန်သူဝိုင်းမှပဲ သိကြရတာ။ ကနဦးအတည်ပြုနိုင်တာက ဗကသရဲဘော် ၃ ဦးသတ်ဖြတ်ခံလိုက်ရပြီး ကျသွားပြီဆိုတာပဲ အတည်ပြုလို့ရသေးတယ်။ ၂ ဦးကိုတော့ တခါတည်း သတ်ပြီး ဒုဥက္ကဌ ကိုတော့ဖမ်းခေါ်သွားပြီးလမ်းမှာ သတ်သွားတာလို့သိရတယ်”

စစ်တပ်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာတွေ မမေ့ကြဖို့ ဘန်နာစာတမ်းချိတ်ဆွဲပြီး ဆန္ဒပြ

ဇူလိုင်လ ၂၇ ရက် ဒီနေ့ညနေ ၅ နာရီလောက်မှာ ကနီနွေဦးတော်လှန်ရေး သပိတ်အင်အားစုက ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကနီနယ်က ဒေသခံ (၄၄) ကျဆုံးသွားတာကို ပြည်သူများကိုမမေ့ကြဖို့နဲ့ သွေးမအေးဖို့ကို ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

မြင်းမူဘက်ကိုလာတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးချခံရလို့ ထိခိုက်သေဆုံးမှုရှိ

မုံရွာ-မန္တလေးလမ်းဘေး၊ မြောင်လမ်းခွဲမှာ တပ်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၅၀ နီးပါးနဲ့ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာ မြောက်ဘက်ကို ရောက်ရှိနေချိန် ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

၆၀ မမကျည်အစ ထိမှန်လို့ အဒေါ်ဖြစ်သူနဲ့ တူမတို့ ဆေးရုံတင်ထားရ

“အဲ့ဒီရွာနှစ်ရွာက အကွာအဝေး တမိုင်လောက်ပဲရှိတယ်။ မကြာမကြာ ရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေရှိတယ်။ ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲနဲ့ ဒီအတိုင်းရွာတွေဘက်ကို ပစ်နေတာ ရွာသားတွေလည်း လက်နက်ကြီးပစ်တုန်းခဏပဲရှောင်ရတာ အခုရွာသားတွေ ရွာထဲမှာပြန်ရောက်နေပါပြီ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10