မိုင်းခင်းဖို့ ပြင်နေတဲ့ PDF ရဲဘော် ၂ ဦး စစ်ကောင်စီတပ်နဲ့ တွေ့ပြီး မီးရှို့သတ်ခံရ
“အဖမ်းခံရတာကတော့ ရဲဘော် ၃ ဦးနဲ့ ရွာသားတွေလည်း ပါတယ်။ ရဲဘော်တဦးနဲ့ ရွာသားတွေကတော့ လွတ်သွားတယ်။ သူတို့ ၂ ဦးပဲ ကျန်ခဲ့တယ်။ ပထမတော့ တာဝရွာဘုန်းကြီးကျောင်းမှာ သူတို့ကို စစ်ဆေးပြီး ရိုက်နှက်တယ်။ ခနနေတော့ ဘုန်းကြီးကျောင်းကနေ ထွက်သွားပြီး စာသင်ကျောင်းဘက်မှာ မီးရှို့သွားတယ်” လို့ ဆိုပါတယ်။