Nan Khan

ဝက်လက်က ရွာတရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်

"လက်နက်ကြီး တလုံးထဲနဲ့ ပစ်လိုက်တာပါ။ လက်နက်ကြီးကျသွားတဲ့အိမ်က လူမနေတဲ့အိမ်ဖြစ်တော့ တော်သေးတာပေါ့။ ထိခိုက်တာတွေတော့ မရှိဘူး။ အိမ်တခြမ်းကတော့ မီးလောင်သွားတယ်" လို့ ဆိုပါတယ်။

စစ်ကောင်စီမီးရှို့လို့ အသက် ၇၀ ကျော် သီလရှင်ဆရာကြီးတပါး ပျံလွန်တော်မူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ လက်ပံလှကျေးရွာက နေအိမ် ၂၅၀ ကျော်ကိုမီးရှို့ဖျက်ဆီးသွားတဲ့အပြင်၊ မီးရှို့တဲ့အထဲမှာ အသက် ၇၀ ကျော် သီလရှင်ဆရာကြီးတပါးလည်း ပါဝင်ကာ ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာမှာ စစ်အုပ်စုက အရပ်ဝတ်တွေဝတ်ပြီး လမ်းသွားပြည်သူတွေဆီက ပိုက်ဆံတောင်းနေ

"သူတို့ကောက်တဲ့နေရာက အဓိကကျပြီး မြို့အဝင်လို ဖြစ်နေတာ။ အရင်အဲ့နေရာက အခုလို တပ်စွဲမထားဘူးဗျ။ ဟိုတလောက ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်သွားတာ သုံးယောက်လောက် ကျသွားပြီး အခုအဲ့နေရာကို တပ်စွဲထားပြီး ပိုက်ဆံကောက်တာ။ ဖုန်းတွေစစ်၊ ဆိုင်ကယ်တွေစစ် လုပ်နေကြပြီး ငွေညှစ်တာပါ" လို့ ဆိုပါတယ်။

ဆိပ်ဖြူမြို့နယ်က ရွာတွေမှာ စစ်ကောင်စီက ရိုက်နှက်ဖျက်ဆီးတာတွေ အလွန်အကျွံ လုပ်ဆောင်နေ

"သူတို့က (စစ်ကောင်စီ) ရွာထဲမှာ PDF တွေရှိလား ဆိုပြီးမေးတယ်။ လူကြီးတချို့က ဖြေတယ် မရှိဘူးပေါ့။ အသက် ၁၂ ပဲရှိသေးတဲ့ ကလေးကိုမေးတော့ သူက‌ကြောက်ကြောက်နဲ့ PDF ရှိတယ်။ သူက PDF ပါဆိုပြီး ပြောတော့ ကလေးကို ပါးတွေနားတွေ ရိုက်သွားကြတယ်။ ကလေးကနာလို့ ငိုနေတာ အခုထိ" လို့ ပြောပါတယ်။

စစ်သားချင်း ရန်ဖြစ် ပစ်ခတ်လို့ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်မှာ စစ်ကောင်စီတပ်သား ၂ ဦး ကင်းလှည့်ချိန် ရန်ဖြစ်စကားများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တပ်သားတဦး သေဆုံးသွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။

ရွှေဘိုမြို့နယ်ထဲက ကျေးရွာ ၂ ရွာ တရက်တည်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ပန်းလှိုင်ရွာနဲ့ မုန်စီရွာက နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က တရက်တည်းမှာပဲ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြောင်နယ်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး အိမ်ခြေ ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးသွား

"ထိတွေ့ပစ်ခတ်မှု ဖြစ်တာက ပြည်သူ့‌‌ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အခြားဒေသကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ပါ။ သူတို့(စစ်ကောင်စီ)တွေက အင်အား ၆၀ နီးပါး ရှိတယ်။ ပစ်ခတ်မှုက ၁ နာရီ ကြာသွားတယ်။ ပစ်ခတ်မှု ဖြစ်ပြီးတော့ ရွာထဲကိုဝင်ပြီး မီးရှို့တာပဲ" လို့ ဆိုပါတယ်။

"ဖိရင်ကြွ ထိရင်ချ နိုင်ငံသစ်ကိုတည်ဆောက်ကြ" ဆိုတဲ့ စစ်ကိုင်းကသပိတ်စစ်ကြောင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်သပိတ်အင်အားစုမှ "ဖိရင်ကြွ ထိရင်ချ နိုင်ငံသစ်ကို တည်ဆောက်ကြ" ၊ "တရားမဝင်အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ" စတဲ့ ဘန်နာတွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ကန့်ဘလူမှာ စစ်ကောင်စီတပ်စခန်းတခု ဖျက်ဆီးခံရပြီး စစ်သား ၁ ဦးပါ သေဆုံး

"သူတို့ (စစ်ကောင်စီ)အထိုင်ချထားတာက၂ နေရာပေါ့။ ရွာပြင်မှာက ဂိတ်ချထားတယ်။ ရွာထဲမှာက အထိုင်ချထားတယ်။ ရွာထဲကို ပြောက်ကျားနည်းနဲ့ ဝင်တိုက်ပြီး စခန်းတွေကို မီးရှို့နိုင်ခဲ့တယ်။ စကစ တဦးလည်း သေသွားတယ်" လို့ ဆိုပါတယ်။

ပျုခေါင်းဆောင်နဲ့ သမက်တို့ကို သွားရောက်ပစ်ခတ်ချိန် ထွက်ပြေးလွတ်မြောက်

ပဲခူးတိုင်းအနောက်ပိုင်း၊ သာသာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာမှာ နေထိုင်တဲ့ ပျူခေါင်းဆောင်ဖြစ်သူနဲ့သမက်ဖြစ်သူတို့ကို သွားရောက်ပစ်ခတ်ခဲ့ပေမဲ့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ PDF တပ်ဖွဲ့ထံက သိရပါတယ်။

ဒါကျက်ဒါဖြေ စနစ်နဲ့ အတန်းတင်စာမေးပွဲ ဖြေခိုင်းလို့ မိဘအချို့ ကျေနပ်မှုမရှိ

"ကလေးတွေရဲ့ ပညာရေးက စစ်ကျွန်ပညာရေးဗဟုသုတနဲ့ အသိဉာဏ်ယှဉ်ဖြေရတဲ့ အရည်အချင်းရှိ စာမေးပွဲမျိုး မဟုတ်ဘူး။ ကျောင်းမထားရင် ဘာလုပ်မယ် ညာလုပ်မယ် ခြိမ်းခြောက်လို့သာ ထားရတာ။ ကလေးတွေရဲ့ အသက်အန္တရာယ်လည်းများတယ်။ အခုဆိုရင် ခွေးတွေက လုံခြုံရေး ယူပေးနေတာ မဟုတ်ဘူး။ ကလေးတွေက သူတို့ကို လုံခြုံရေး ယူပေးနေရတာ" လို့ ဆိုပါတယ်။

PDF အမည်ခံပြီး စစ်ကောင်စီက ခြိမ်းခြောက်စာပို့ ငွေတောင်း၊ ပေးမိတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီး

"သူတို့တွေ့က တအိမ်ကို ဘယ်လောက်ပေးရမလဲဆိုတာ စာထဲမှာ ရေးထားတယ်။ တကယ်လို့ သူတို့ကောက်ခံတာကို မပေးရင် စကစတွေနဲ့ တတန်းထဲထားပြီး ပြုလုပ်မှာဖြစ်ကြောင်းနဲ့ ငွေကြေးပေးတဲ့သူတွေကိုလည်း ထောက်ပို့ဆိုပြီး ဖမ်းဆီးတာတွေလုပ်တယ်" လို့ Myitnge PDF မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုလဲမြို့မရဲစခန်းကို လက်နက်ကြီးနဲ့သွားရောက် ပစ်ခတ်

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ပုလဲမြို့မရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက် ပစ်ခတ်ခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ညမထွက်ရအချိန် ကျော်သွားတဲ့ ပြည်သူတဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာအပြီး ၆ ရက်မြောက်နေ့မှာ အလယ်ဆိပ်ရွာသားတဦး ည ၁၀ နာရီကျော်မှာ အိမ်ပြန်မိလို့ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

ကံပြားရဲစခန်း ဝင်စီးချိန် သတင်းပေါက်ကြားလို့ ဘားတိုက်တချို့ကိုသာ မီးရှို့ခဲ့

"ကျတော်တို့က အဲဒီကို လာတိုက်မယ်ဆိုတာ သတင်းပေါက်နေ‌တော့ သူတို့(စစ်ကောင်စီ) ဘက်က အင်အားထပ်ဖြည့်ထားတယ်။ ကျတော်တို့လည်း လူအင်အားနဲနဲနဲ့ အလစ်ဝင်တိုက်တာ ရဲစခန်းထဲကိုတော့ ဝင်လို့မရဘူး။ သူတို့ စနိုက်ဘာတွေနဲ့ ထောက်ထားတော့ ဒါပေမဲ့ ဘားတိုက်တွေ မီးလောင်သွားတယ်" လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10