Nan Khan

မြင်းမူနယ်၊ လက်ထုတ္တောရွာက အိမ်ခြေ ၆၀၀ လောက်ကို မသင်္ကာလို့ဆိုပြီး စစ်တပ်ကမီးရှို့

“သူတို့စစ်ကြောင်း မိုင်းဆွဲခံရတဲ့နေရာ မုံရွာ − မန္တလေးကားလမ်းမဘေးတလျှောက်မှာရှိတဲ့ ရွာတွေကို လိုက်စစ်တယ်။ အဲဒီထဲမှာမှ လက်ထုတ္တောရွာကို သူတို့မသင်္ကာလို့ဆိုပြီး ဝင်ပြီမီးရှို့တယ်။ ပထမတကြိမ် မြောက်ပိုင်းကိုမီးရှို့တယ်။ မီးရှို့ပြီးတော့ပြန်ထွက်တဲ့အချိန်မှာ ရွာနဲ့မလှမ်းမကမ်းလောက်မှာ ထပ်ပြီမိုင်းမိတယ်။ မိုင်းမိတော့ အဲဒီရွာထဲကိုပြန်ဝင်လာပြီး ဒုတိယအကြိမ် မီးထပ်ရှို့တယ်”လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM မှ ကိုနွေဦး က ပြောပါတယ်။

ကဝမြို့ပေါ်က ဖမ်းဆီးခံလူငယ် ၂ ဦး ၁၀ ရက်ကြာတဲ့အထိ အဆက်အသွယ်ပြတ်နေ

“သူတို့က မုဒုရွာကိုရောက်နေတဲ့အချိန် ဖမ်းခံလိုက်ရပြီး စစ်ကြောရေးပို့လိုက်တယ်လို့ဘဲ သိရတယ်။ ဘာကြောင့်ဖမ်းခံရတယ်ဆိုတာရော အခုထိအဆက်အသွယ်ပြတ်နေပြီး ဘာမှမသိရသေးဘူး။ သူတို့ရဲ့မိသားစုဝင်တွေလည်း တခုခုဖြစ်သွားမှာ စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

ယာဉ်ထိန်းရဲနဲ့ပေါင်းပြီး ဆိုင်ကယ်ကူဖမ်းပေးသူအမျိုးသား ဆိုင်ကယ်တိုက်လို့ သေဆုံး

“ဆိုင်ကယ်သမားက အဖမ်းမခံပဲ မောင်းပြေးတာ၊ အဲဒီလူက ဆိုင်ကယ်ရှေ့ ပိတ်ရပ်လိုက်တာ အဲတာကို အရှိန်ကအရမ်းပါနေတော့ တိုက်မိပြီ ဦးခေါင်းကွဲသွားတယ်။ သူက အဲလိုကူဖမ်းပေးနေတာကြာပြီ။ တချို့ကားသမားတွေ ကယ်ရီသမားတွေကအစ ကူဖမ်းပေးကြတာ။ သူတို့ကို ကူဖမ်းပေးရင် ပိုက်ဆံအချိုးကျပေးသလို၊ လုပ်ပိုင်ခွင့်တချို့ကိုလည်း ပေးတယ်လို့ကြားတယ်”

မြိုင်နယ်၊ မန်ကျည်းလေးပင်ရွာက အိမ်တွေကို ပျူတွေ မီးထပ်ရှို့ပြန်

“ဖမ်းဆီးခံရတဲ့ပြည်သူတွေတော့ မရှိပါဘူး။ သားအမိနှစ်ယောက်ကတော့ လက်နက်အစ ထိမှန်သွားတာတော့ ရှိတယ်။ ရွာထဲကို မီးလာရှို့တာက ပျူတွေပဲ အင်အားဘယ်လောက်နဲ့ ဝင်လာလဲမသိရသေးဘူး”

အရာတော်နယ်က ကြွေပုဂံရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့

“တိုက်ပွဲမဖြစ်ပဲနဲ့ ရွာထဲကိုဝင်လာတယ်။ ပြီတော့ ရွာကိုမီးရှို့တယ်။ ဒီနေ့မနက်နေအိမ်တွေ မီးထဲဘယ်လောက်ပါသွားလဲ မသိရသေးပါဘူး။ ရွာသားတွေလည်း ထွက်ပြေးနေကြတယ်။ ရွာထဲကို မဝင်ကြသေးဘူး။ အခုချိန်ထိတော့ ဖမ်းဆီးခံရတဲ့ပြည်သူတွေ ရှိတယ်လို့မကြားမိသေးပါဘူး”

အကြိမ်ကြိမ်မီးရှို့ခံရတဲ့ ရွာက စစ်ရှောင်တွေနေတတ်တဲ့ အထက်တန်းကျောင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီးပြန်

“စာသင်ကျောင်းက ပိတ်ထားတာတော့ ကြာပြီ။ ဒီစာသင်ကျောင်းဟာ ဘေးရွာက စစ်ရှောင်တွေလာရင်လည်း အဲဒီစာသင်ကျောင်းထဲမှာပဲ လက်ခံကျွေးမွေးတာတွေ လုပ်တယ်။ စစ်ကြောင်းက စာသင်ကျောင်းထဲဝင်ပြီတော့ မိုင်းခွဲပြီးမီးရှို့တယ်။ ကျောင်းဝန်းထဲမှာရှိတဲ့ သူငယ်တန်းကနေ ၅ တန်း ၆ တန်းအထိရှိတဲ့ ကျောင်းဆောင်လေးကတော့ သူတို့မီးရှို့မရှို့တာတော့ အတည်မပြုနိုင်သေးဘူး”

ပျူရွာက လက်နက်ကြီးနဲ့ မကြာခဏပစ်လို့ ပခုက္ကူနယ်ရှိ ကင်းရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရ

“ရွာသားတွေက တောထဲမှာပဲ ထန်းလက်တွေနဲ့ တဲထိုးပြီးနေကြတယ်။ ထန်းပင်တွေမှာ ထန်းလက်တွေချိုးစရာ မရှိလောက်အောင်ပါပဲ။ မိုးရွာတဲ့နေ့တွေဆိုရင် ပိုဆိုးတယ်။ စစ်ကြောင်းတွေထိုးလာရင်လည်း ထပ်ပြီးထွက်ပြေးရသေးတယ်”

စိုက်ခင်းထွက် ကြက်သွန်နီတွေကို PDF တပ်ဖွဲ့တွေဆီပြန်လည်မျှဝေ

“ကြက်သွန်စနှုတ်တဲ့ရက်ထဲက အခုထိ Local PDF တပ်ဖွဲ့ ၅၀ လောက်ကိုမျှဝေထားပါတယ်။ ကျန်တဲ့ ကြက်သွန်ကတော့ စစ်ရှောင်ရိက္ခာအတွက်ပါ။ ခရမ်းသီးတို့ဘာတို့က ထွက်နေသေးတယ်။ ပဲသီးကတော့ တုန်းပြီး မသီးတော့ဘူး။ စိုက်တာက သဲသောင်ပေါ်မှာ စိုက်တယ်။ စိုက်ဧက ၁ ဧကပါပဲ”

ဘုန်းကြီးကျောင်း ဓမ္မာရုံဆောက်ရာမှာ ဝင်ကူနေတဲ့ ဓားမဆိုင်းတပ်ဖွဲ့

“ရဲဘော် ရဲမေ ၈၀ ကျော်လောက်က သွားကူပေးကြတာ။ ဒီနေ့သွားရောက်ကူတာက တိုက်ပွဲမရှိလို့ မဟုတ်ပါဘူး။ မအားတဲ့ကြားက သွားရောက်ကုသိုလ်ပြုလုပ်ကြတာပါ။ စခန်းထဲက ရဲဘော်တွေကို ဘယ်နေ့ဘယ်ရက်မှာ ငါတို့ကျောက်လောင်းကုသိုလ် လုပ်ရအောင်လို့ ကြိုပြောထားပြီး သွားရောက်ကူညီကြတာ သူတို့လေးတွေကိုလည်း ကုသိုလ်ရစေချင်တာရယ်။ လူလိမ္မာလေးတွေ ဖြစ်စေချင်တာကြောင့်ရယ်ပါ”

စစ်တပ်က ရွာ ၂ ရွာကို မီးရှို့ပြီး လက်နက်တွေနဲ့ပါပစ်လို့ အမျိုးသမီးတဦး ဒဏ်ရာရ

“ဒီနေ့မနက်ပိုင်း မုတ်စီရွာကနေ ရေဦးတောင်ဘက်ခြမ်း ပြည်တော်ဘက်ကနေတဆင့် ဆည်ကြီး၊ ပေါက်သာရွာဘက်ကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ပြီးဝင်လာတယ်။ ပေါက်သာရွာက လူလတ် အမျိုးသမီးတဦး ခြေထောက်ကိုကျည်ရှပ်မှန်ခဲ့တယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီအမျိုးသမီးကို ကယ်ထုတ်နိုင်ခဲ့တယ်။ အခုချိန်ထိမီးလောင်သွားတဲ့ အိမ်အရေအတွက်ကိုမသိရသေးဘူး”

မီးဘေးနဲ့စစ်ဘေးရှောင်တွေအတွက် အိမ်အလုံး ၇၀၀ အထိ ဆောက်ပေးခဲ့တဲ့ S & C

“ကျနော်တို့ အခုဆောက်လုပ်ပေးထားတဲ့ နေရာတွေက သူတို့အိမ်နေရာတွေမှာပဲ ပြန်ဆောက်ထားပေးတယ်။ ဆောက်ပေးထားတဲ့ အိမ်တွေက ယာယီအိမ်မဟုတ်ဘူး၊ ပုံမှန်ကျနော်တို့ မီးရှို့မခံရဘူးဆိုရင် အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အတွင်းနေလို့ရတဲ့အိမ်တွေ ခိုင်ခိုင်ခန့်ခန့်နဲ့သေချာလေး ကျကျနန ဆောက်လုပ်ထားပေးတဲ့အိမ်မျိုး ကျနော်တို့ဆောက်လုပ်ပေးတဲ့ အိမ်တွေဆိုရင် မိသားစု လေးငါးခြောက်ယောက်လောက် နေလို့ရတဲ့အိမ်မျိုး”

မီးဘေးသင့်ပြည်သူ ၇၀၀ ကျော်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မုန့်လက်ဆောင်းတိုက်ကျွေး

“မီးရှို့ခံလိုက်ရတဲ့ ကျေးရွာတွေမှာက ဘာသစ်ရိပ်ဝါးရိပ်မှ မရှိဘူး အရမ်းပူတယ်။ အညာဒေသ အပူချိန်က ၄၅ အထိ ဖြစ်နေတော့ အိမ်နဲ့နေတဲ့သူတွေတောင်မှ မနေနိုင်တဲ့အပူချိန်ဆိုတော့ ဒီလိုမျိုး သစ်ရိပ်၊ ဝါးရိပ်မရှိဘဲနဲ့ ပြန်လည်ထူထောင်ပေးထားတဲ့ တဲတွေနဲ့နေရတဲ့ သူတို့လေးတွေရဲ့အပူကို ကိုယ်ချင်းစာတဲ့အနေနဲ့ တတ်နိုင်သလောက် သွားရောက် တိုက်ကျွေးခဲ့တာပါ”

မန်ကျည်းကန်ရွာမှာ ဖမ်းဆီးခံရတဲ့ CDM ဆရာဝန်တဦးနဲ့ ဆေးကျောင်းသူတဦးကို အကျဉ်းထောင်ပို့

“ဖမ်းဆီးခံရတဲ့ ၁၄ ယောက်ထဲမှာ ၄ ယောက်က ကျန်ခဲ့တယ်။ ဆရာဝန်နဲ့ ဆေးကျောင်းသူက ထောင်ထဲရောက်သွားပြီလို့ ကြားတယ်။ သူတို့မိသားစုတွေနဲ့ အဆက်အသွယ် ပြန်ရနေပြီ။ သူတို့ကို ပခုက္ကူထောင်မှာပဲ ပို့ထားတယ်လို့ ကျနော်တို့ထင်တယ်။ နောက်ထပ် ရဲ CDM တဦးနဲ့ ရွာ ပကဖတွေ ပျောက်နေတယ်။ ဘာသတင်းမှမရဘူး။ တချို့ကတော့ ပြောတယ်။ သူတို့ကို မြိုင်မှာ ဖမ်းထားတယ်လို့ ကြားတယ်။ အစုံပါပဲ”

ခင်ဦးနယ်မှာ စစ်ဘေးရှောင် ၁၀၀ ခန့် နေစရာမရှိလို့ မိုးရေထဲ ညလုံးပေါက် နေခဲ့ရ

"မိုးရွာတာက မနေ့က ညတညလုံး မိုးရွာတယ်။ အိမ်ထောင်စု ၂၀ လောက်က လှည်းတွေ သရက်ပင်တွေအောက်မှာ မိုးကာတွေ ခင်းပြီး၊ ကာပြီး အိပ်ရတယ်။ စာသင်ကျောင်းမှာက နေနေရတဲ့ ပြည်သူတွေကလည်း မိုးလုံပေမဲ့ ကျပ်သိပ်ပြီး နေနေရတယ်။"

ခင်ဦးနယ် မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက်မီးရှို့လို့ အိမ် ၁၀၀ နီးပါးပျက်စီး

“အိမ်ခြေက ၉၀ ကျော် ၁၀၀ နီးပါးလောက် မီးရှို့ခံလိုက်ရတယ်။ ၂ ရက်ဆိုတော့လေ။ နောက်ပြီး သူတို့ရွာထဲကနေ ပြန်ထွက်ချိန် ကျနော်တို့ ဒရုန်းနဲ့ကြည့်တဲ့အထဲမှာ ပြည်သူလို့ထင်ရတဲ့ အရပ်သား ပြည်သူ ၁ ယောက် ၂ ယောက် ဖမ်းဆီးခံသွားရတယ်လို့လည်း သိရတယ်။ သူတို့စစ်ကြောင်းထိုးလာတဲ့အချိန် မရှောင်လိုက်နိုင်လို့ အဖမ်းခံရတယ် ထင်တယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10